Monday 23 April 2012

မအေးယုအောင် မိခင်ထံပြန်ရောက်၊ ခြိမ်းခြောက်ခံထားရ


မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်းသိရသည်။

ထို့အပြင် မီးပူနှင့်အကပ်ခံရခြင်း ကိစ္စအား ဒီဘ၀တွင်သာမက နောင်ဘ၀အထိပါ ထုတ်ဖော်မပြောပါဟု ဘုရားများတွင် သစ္စာဆိုခိုင်းထားကြောင်းသိရသည်။
မအေးယုအောင်အား ဦးအောင်ဖုန်းဝင်းက လိုက်လံပို့ဆောင်ရာတွင် ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာမှ လူများရှေ့တွင် မိဘဖြစ်သူထံ ပြန်လည်အပ်နှံကြောင်းသိရသည်။ ထိုသို့အပ်နှံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မအေးယုအောင်အား အပြီးပြန်လည်အပ်နှံခြင်းဖြစ်ကြောင်နှင့် နောင်တွင် ကလေးကိုပြန်ခေါ်မည်မဟုတ်ကြောင်းကို ဦးအောင်ဖုန်းဝင်အား လက်မှတ်ရေးထိုးစေရာ ဦးအောင်ဖုန်းဝင်းက ငြင်းဆိုသဖြင့် လူအများက ၀ိုင်းဝန်းပြောဆိုမှသာ လက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရသည်။

လမ်းပြကြယ်အဖွဲ့ကမူ တရားစွဲဆိုမှု ဆက်လက်ပြုလုပ်မည်ဟု ကြားသိထားရပြီး မည်သည့်နေ့တွင် စတင်မည်ကို သတင်းအတိအကျမရရှိသေးပါ။
 ကိုရဲ ( သတင်းထောက် )

2 comments :

Anonymous said...

Send her to US thro' a refugee camp to see the world.

Anonymous said...

ဦးအေးမြင့်ခင်ဗျား ။ ဒီကိစ္စမျိုး ကို စံပြအဖြစ် ကျနော်တို့  တာဝန်ယူချင်ပါသည်။ ကျနော်တို့  ငွေတတ်နိုင်ပါသည်။ ဆောင်ရွက်ပေးမည့်သူ မည်သူမဆိုကို ကျနော်တို့ ကိုအင်တာနက်မှဆက်သွယ်ရန် ၊ သို့ မဟုတ် ကိစ္စပြီးမြောက်မှ သက်သေခံဓါတ်ပုံ ပို့ ရန်သာလိုပါသည်။ ကျနော်တို့ ချက်ချင်းငွေထုတ်ပေးပါမည်။

http://myanmarjustice.blogspot.com