Tuesday 24 April 2012

လူကုန်ကူးမှုရဲ့တရားခံ ဘယ်သူလဲ



၂၃.၄.၂၀၁၂ နေ့ နံနက်ပိုင်း ၁၀:၃၀ ခန့်တွင် မွန်ပြည်နယ် ရေးမြို့
တံတားကြီးဂိတ်တွင် ယိုးဒယားနယ်စပ်ဘက်သို့ တရားမ၀င်လုပ်သားများ
တင်ပို့နေသော ကားတစီးအား စစ်တပ်မှ အခွန်တောင်းခံနေစဉ်... ( ဓါတ်ပုံ- CJMyanmar )


၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးကို လုပ်ငန်း စီမံချက် ကဏ္ဍ ၅ ခုဖြင့်တိုက်ဖျက်သွားမည်ဟုအစိုးရကကြေညာထားသည်။၎င်းဏ္ဍ၅ခုတို့မှာ မူဝါဒနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍ၊ ကြိုတင် တားဆီး ကာကွယ်ရေး ကဏ္ဍ၊ တရားစွဲဆိုရေး ကဏ္ဍ၊ လူကုန် ကူးခြင်း ခံရသူများကို ကာကွယ် စောင့်ရှောက်ရေး ကဏ္ဍနဲ့ စွမ်းရည် မြှင့်တင်ရေး ကဏ္ဍတို့ ဖြစ်ကြသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လုပ်ငန်း စီမံချက် ၂၀၁၂-၂၀၁၄ ရေးဆွဲရေးနဲ့ ထိရောက်စွာ အကောင် အထည် ဖော်ရေးကို မူဝါဒနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍမှာ ထည့်သွင်း ဆောင်ရွက် သွားမြန်မာ့အစိုးရပိုင်မီဒီယာပိုင်များတွင်ဖေါ်ပြထားသည်။ 

မြန်မာ့နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မည်သို့သောမူဝါဒတွေချပေမယ့် တရုပ်နယ်စပ်၊ထိုင်းနယ်စပ်နှင့် လမ်းတလျောက်စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျလဝက၊စစ်တပ်၊ရဲ၊သတင်းတပ်ဖွဲ့ အရာရှိများအစ ပါဝင်ပါတ်သက်မှုများရှိနေသဖြင့် အောင်မြင်နိုင်မှုမရှိနိုင်ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအောင်မြင်ရန်အတွက် အကျင့်ပျက်ဝန်ထမ်းများနယ်စပ်ဂိတ်များတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ငွေကန်တော့ရသောသက်ဆိုင်ဌာနများ၏ ညွှန်မှုးညွှန်ချုပ်၊ဝန်ကြီးအဆင့်ရှိသူများမှအစ အရေးယူဆောင်ရွက်နိုင်မှာသာ အောင်မြင်နိုင်မည်ဟု နယ်စပ်ဒေသတာဝန်ကျဝန်ထမ်းဟောင်းတဦးကပြောပြသည်။ 

No comments :