Monday 16 April 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဖွဲ့စည်းပြီးကော့မှူးကျေးရွာအချို့ဖွံ့ဖြိုးရေးအတွက် ငွေလှူ။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်သည် မိခင်ကြီးဒေါ်ခင်ကြည်၏နှစ်၁၀၀ပြည့်မွေးနေ့ဖြစ်သော အေပရယ်လ၁၆ရက်နေ့တွင် လှုမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုတည်ထောင်လိုက်ကြောင်းသတင်းရရှိသည်။ အဆိုပါဖောင်ဒေးရှင်းကို မတည်ငွေကျပ်သိန်း၃၀၀ဖြင့်စတင်ပြီး ယနေ့မြန်မာ့နှစ်ဆန်း၁ရက်နေ့တွင် ကော့မှုးမြို့နယ်အတွင်းကျေးရွာများသို့သွားရောက်လှူဒါန်းသည်ဟုသိရသည်။ ကော့မှုမြို့နယ်အတွင်းတွင် ကျေးရွာ၆၂အုပ်စုရှိရာထိုကျေးရွာများထဲမှ မဲနိုက်ပြီး ပထမဆုကျေးရွာအုပ်စုအတွက် ၁၇၅သိန်း၊ဒုတိယကျေးရွာအုပ်စုအတွက် ၇၅သိန်းနှင့် တတိယကျေးရွာအုပ်စုအတွက်ကျပ်သိန်း၅၀လှါ်ဒါန်းမည်ဖြစ်ဖြစ်ပြီး ဆုမဲပေါက်သောကျေးရွားအုပ်မှကျေးရွာသားများရဲ့ဆုံးဖြတ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းကြည်နှင့်အတူ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးပေးခဲ့သော အနုပညာရှင်များလည်းလိုက်ပါသွားကြပြီး ကော့မှုးမြို့နယ်ပြည်သူများကိုအနုပညာပညာဖြင်ဖျော်ဖြေမည်ဟုသိရသည်။
မြန်မာ့နှစ်ဆန်းတရက်နေ့ဒေါ်အောင်ဆန်းစုကြည်နှင့်ကော့မှူးပြည်သူတို့မြင်ကွင်း 

No comments :