Saturday 21 April 2012

အရိုးကို အရွက် မဖုံး စေနဲ့ 





ကာကွယ်တာနဲ့  လေးစားလိုက်နာ တယ်ဆိုတာ ဘာမှသိပ်တော့ မထူးပါဘူး။ အရေးကြီးဆုံးကတော့ ပြည်သူလူထုကို တဦးခြင်းရဲ့  ဂုဏ်သိက`ခာ ကို ထိခိုက်စေတဲ့၊ အခွင့်အရေးတွေဆုံးရှုံး စေတဲ့ ၂၀၀၈ ကို လက်ကိုမခံသင့်တာပါပဲ။ ၂၀၀၈ ကို အမြန် ဆုံး ပြင်ဆင် ပါမယ်ဆိုတဲ့ ကတိက၀တ် အစိုးရက ပေးသင့်တယ်။ ဒါက ပို ပြီးအရေးကြီးတယ်။ တဦးခြင်း သိက`ခာ ကျစေတာတွေထက်စာရင်ပေါ့။


ရွေးကောက်ပွဲမ၀င်ခင်ကတည်းက ၂၀၀၈ ကိုလက်ခံရင် ကျမ်းကျိန်ရမယ်ဆိုတာကို သတိပေးခဲ့ကြပါတယ်။  ဒီချုပ် အနေနဲ့ စာသားကို ပြင်ခိုင်းတာ က အရှက်ပြေ ဆန်ကျင်နေသလိုဖြစ်နေတယ်။ 


တမတ်သား အခြေခံတွေကို ပြင်ပေးမှာ တက်မယ်လို့ ပြောသင့်တာပေါ့။ အရိုးကိုအရွက်မဖုံး ဖို့ ပါပဲ။

2 comments :

Anonymous said...

နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့စနစ်ကို တစ်ဖြေးဖြေးပြင်မှ ရမှာပေါ့ဗျာ၊ ခုချက်ချင်း ပြောင်းလဲလို့မှ မရတာ၊ အမေစုကို ထောက်ခံတာက ပြည်သူ၊ အာဏာရှိတာက အစိုးရ တို့ကို သုံးသပ်ပါ။
အခုလက်ရှိ အမေစုမှာ အာဏာမရှိသေးတာကို စဉ်းစားပါ။
တစ်ဖြေးဖြေးနဲ့ဘဲ ပြုပြင်ပြောင်းလဲသွားရမှာပေါ့။ အမေစုက ပြည်သူတွေအတွက်ဖြစ်ပါတယ်။

Anonymous said...

ဒါကိုမဖော်ပြပါနဲ့ ( ဘလော့မှာ )
ဝက်ဖြစ်မှတော့ခေါင်းစဉ်နောက်က ချီးစားရမှာ မကြောက်ပါနဲ့လို့ ဆိုချင်နေပုံရတယ်။ဒီချုပ်ရေ လွှတ်တာ်
ဝင်လိုက်ပါဆိုချင်တာလား။
သူ့ တိုက်ပွဲ၊သူ့ အလုပ် သူ လုပ်နေပါတယ်။
နဖါးကြိုးဝင် ကျစ်ပေးတာလား။
အရိုးကို အရွက်မဖုံးနဲ့ ဆိုတာက
အဓိကကို မကျော်၊မလွန်ဆန်ဘဲ အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားလုပ်ပါလို့ ဆိုတာလား။
ဆိုလိုချင်တာကို ရဲရဲပြောချကြည့်ပါ။
၂၀၀၅လောက်က အေးလွင်နဲ့ အတူလက်တွဲခဲ့ကြတာ
လူသိပြောတုံးက ( ဆန်ရှင်ဟာ လူထုသာထိခိုက်ပါ
တယ်ဆိုတဲ့ )အာဘော်နဲ့ အတော်ဆင်တူနေတယ်။
သတိတော့ထားပေါ့။လူသေတာထက် နာမည်သေရင်
လူကောင်းတွေ ကြားမှာ အခက်တွေဆက်တွေ့ တတ်တယ်။