Monday 23 April 2012

အိမ်များ နှင့် အမျိုးသားရေးစုစည်းမှု




အမေရိကန် ကို ကျနော်ရောက်တော့ ထူးခြားတာတခုကိုတွေ့ ရတယ်။ ဒါကတော့ အိမ်တွေပဲ။ အမေရိကန် မှာ ဘုရားကိုလဲ ဝေဖန်နိင်တယ်။ အစိုးရကိုလဲ ဝေဖန်နိင်တယ်။ လွတ်လပ်ခွင့်ပေးထားပါတယ်။
ဒါပေမဲ့ ကိုယ်အိမ်ကို ဆောက်မယ်၊ ကိုယ်ပြင်မယ်၊ဆေးသုတ်လို့ မရဘူး။  ဘာကြောင့်လဲလို့ ကျနော်လေ့လာမိတယ်။
ဘေးကအိမ်တွေ ( အိမ်နီးနားခြင်း) နဲ့  ပုံစံတူအောင်၊ ဆောက်ရတယ်။ ဆေးသုတ်ရတယ်။  အိမ်အများစုဟာ အနောက်တိုင်းပုံစံအိမ်တွေဖြစ်ပါတယ်။  မြန်မာ ပုံစံ၊ တရုပ်ပုံစံ၊ အိနယပုံစံ ထွက်တဲ့အိမ်တွေကို ဆောက်ခွင့်မရှိပါ။ ဒါကလဲ သတိပြုမိစရာဖြစ်တယ်။ တရုပ်တန်း ( China –town) နဲ့ အိနယတန်း ( Indian-Town)  တွေမှာတော့ မုဒ်ဦးတွေဘာတွေတော့ ဆောက်လို့ ရတယ်။ အကုန်လုံးတော့မဟုတ်ဘူး။)
 ဒီအချက်ဟာ ကောင်းတယ်လို့ ကျနော်မြင်တယ်။ လူမျိုးပေါင်းစုံ ရှိတဲ့အမေရိကန်နိင်ငံကို စုစည်းပေးနိင်တဲ့သော့ချက်တခုလည်းဖြစ်တယ်လို့ ကျနော်သဘောပေါက်လာတယ်။ 
အမေရိကန် နိင်ငံကို စုစည်းပေးထားမှု (  National Coherence)ဟာ အခြေခံဥပဒေတခုတည်းမဟုတ်ဘူး ဆိုတာတွေ့ လာရတယ်။
ဥပမာ ကျနော်တို့ ရပ်တွက် ထဲမှာ တရုပ်ပုံစံ၊ အိနယပုံစံအိမ်တွေဆောက်လာတဲ့အခါမှာ ပတ်ဝန်းကျင်က လူတွေအတွက် ခြိမ်းခြောက်မှုလိုခံစားလာရတယ်။
ယျဉ်းကျေးမှုတခုက တခုကို ကျူးကျော်လာတဲ့ပုံစံဖြစ်လာပြီး တင်းမာမှုတွေဖြစ်လာနိင်တယ်လို့ ကျနော်မြင်တယ်။ မြန်မာ ပြည်မှာ ဆိုပါစို့  အိမ်အများစုဟာမြန်မာပုံစံပဲဆောက်ရပါမယ်။ ဒါမှမဟုတ်အများလက်ခံနိင်တဲ့ပုံစံဖြစ်ရပါမယ်။ ဒါက လဲ တင်းမာမှုတွေကိုလျော့ချစေနိင်ပြီး ငြိမ်းချမ်းမှုရနိင်တယ်လို့ ကျနော်ယူဆတယ်။
အိမ်တွေကို ခပ်ဆင်ဆင်လေးတွေဆောက်ထားကြတဲ့အတွက်  အမြင်မရိုင်းပဲ လှပနေကြတယ်။ ကြောင်တောင်ကြားတားအရောင်တွေ ကို ကိုယ်အိမ်ပဲဆိုပြီးသုတ်လို့ မရပါ။ ဘေးအိမ်က ကန့် ကွက်လာရင် ပြင်ရပါတယ်။ ဒီတော့ အိမ်တွေဟာ လိုက်လျောညီထွေရှိနေတယ်။ အိမ်ဈေးတွေတက်လာတယ်။

အိမ်တွေဟာ များသောအားဖြင့် အုတ်တံတိုင်ခတ်တာ၊ အသေပိတ်ထားတဲ့ခြံစည်းရိုးခတ်တာတွေမလုပ်ရဘူး။လေ၀င်လေထွက်ကောင်းအောင်နဲ့ မတော်တဆမီးလောင်တဲ့အခါမှာ အလွယ်တကူငြိမ်းသပ်နိင်အောင်ဖြစ်ပါတယ်။  ဥရောပနဲ့ စကင်ဒီနေဗီယန်းနိင်ငံတွေကိုလဲကျနော်ရောက်တယ်။ ရပ်ကွက်တွေ၊ မြို့တွေကိုဒီလိုပဲ တည်ဆောက်ထားကြတာကိုတွေ့ ရတယ်။  အိမ်တွေဟာ ဆင်တူလုပ်ထားတယ်။ အုတ်တံတိုင်းမခတ်ကြဘူး။
နောက်တခုက မြို့ကြီး တွေမှာမဟုတ်ရင် ခြံရှိတဲ့အိမ်တွေဆိုရင် နှစ်ရှည်အပင်ကြီးတွေ ကို ထည့် စိုက်ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကောင်းအောင်ပါ။ ကိုယ်ခြံထဲက အပင်ကိုလဲခုတ်ခြင်တိုင်းခုတ်လို့ မရပါ။ ကောင်တီနဲ့ ဆွေးနွေးပြီးမှသာခုတ်ခွင့်ရှိတယ်။  အထက်ပါ အချက် ၂ ချက်စလုံးကို စင်္ကပူနိင်ငံရော၊ မလေးရှားနိင်ငံကပါ အတုယူထားကြတာကိုတွေ့ ရတယ်။
ထိုင်းနဲ့  မြန်မာ မှာတော့ အိမ်ပုံစံတွေ၊ အိမ်ကိုသုတ်တဲ့ ဆေးတွေကို ကိုယ်ကြိုက်သလို လုပ်ကြတယ်။ ဒီတော့ အိမ်တွေက အရောင်စုံကွက်ကြား မျက်စိနှောက်စရာတွေတစတစဖြစ်လာနေပါတယ်။ ထိုင်းမှာ အဆိုးဆုံးကတော့ အိမ်တွေကို အုတ်တံတိုင်းခတ်ကြတာဖြစ်တယ်။ လုံခြုံရေးအရအိမ်တွေကို အုတ်တံတိုင်းခတ်တာ၊ခြံစည်းရိုးခတ်တာတွေကိုလုပ်ကြရတာဖြစ်ပေမဲ့ ဘေးထွက်ဆိုးကျိုးကတော့ လေ၀င်လေထွက်မကောင်းဘူး။ ခြင်ကိုနိမ်နင်းလို့ မရတော့ဘူးဖြစ်လာတယ်။   
အမေရိကန် ကိုတစုတစည်းတည်း လုပ်ပေးထားတာ အခြေခံဥပဒေ တခုတည်းတည်းမဟုတ်ဘူး။ အိမ်တွေကို စနစ်တကျတည်ဆောက် ထားတာဟာလဲ အမျိုးသားရေးစုစည်းမှု ( National Coherence )    တခုဖြစ်နေတာကိုတွေ့ ရတယ်။
အနာဂတ်မြန်မာ နိင်ငံမှာ အိမ်တွေကို ဘယ်လို ဆောက်သင့်ပါသလဲ။ သင်ဘယ်လို ယူဆပါသလဲ။

1 comment :

Anonymous said...

မဆဲချင်ဘူးဗျာ၊
သေသေချာချာ မလေ့လာပဲ ထင်ရာမြင်ရာတွေ လျှောက်ရေး၊ ပညာရှိကြီးစတိုင်နဲ့ ကောက်ချက်တွေချနေတယ်။
စာဖတ်တဲ့သူတွေက အချက်အလက်မှားတွေကို အဟုတ်မှတ်ကုန်မယ်။
ပြောလိုက်မယ်
ကိုယ့်ကိုကိုယ်သိအောက် အရင်ကျိုးစားပါဗျာ။