Sunday 29 April 2012

တိုင်းပြည်ရဲ့ ကြွေးမြီ ဘယ်လို ပြန်ဆပ်မလဲ


မြန်မာနိုင်ငံရဲ့ ကြွေးမြီ ဟာ ၁၁ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားတယ်။  ၁၉၈၈ ခုနှစ်မတိုင်မီ အမေရိကန်ဒေါ်လာ  ၈ ဘီလီယံကျော်  ရှိခဲ့တယ်။ နောက်ပိုင်း နအဖ စစ်အစိုးရလက်ထက်တွင် ၂ ဘီလီယံကျော် တက်လာကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည်ဟု သိရသည်။ 

 ဒီငွေတွေ ကို ဘယ်လိုသုံးစွဲခဲ့သလဲ ဆိုတာ အတိအကျမသိရပေမဲ့၊ ကျိန်းသေတာက အနာဂတ် မှာ မြန်မာပြည်သူတွေ  ပြန်ဆပ်ရမှာ က သေချာတယ်။ သုံးဖြန်းပြီး နာမည်ကောင်းယူသွားတော့ စစ်အစိုးရ၊ အကြွေးဆပ်ရမှာ ကတော့ အနာဂတ် ပြည်သူတွေပါ။ ယနေ့ထက်ထိ တိုင်းပြည် ကို  အကြွေးတွေနဲ့ထားခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီး ဆိုသူတွေဟာ လက်ရှိ တိုင်းပြည်ကို အရှက်တရားကင်းမဲ့စွာ ဆက်လက်အုပ်ချုပ်နေကြတုန်းပါ။

စုစုပေါင်းတင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီဟာ တခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ပမာဏ အားဖြင့် သေးငယ်ပေမဲ့၊ အကြွေးမဆပ်လို့ နောက်ထပ် ငွေချေးဌားဖို့ က လည်း အခက်အခဲတွေရှိနေတယ်။ 

ကမ္ဘာ့ဘဏ် မှာ ၃၉၃ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် မှာ သန်း ၅၀၀ ရှိတယ်ဆိုတာ ကတော့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူက ပြောကြားခဲ့တယ်။ မကြာသေးခင်က ဂျပန် အစိုးရ က  အကြွေး ၃.၇ ဘီလီယံ လျော့ပေါ့ပေးခဲ့ပေမဲ့၊ ဂျပန်အစိုးရ ကို တင်ရှိခဲ့တဲ့ အကြွေး က  ယန်း ငွေ ဘီလီယံ ၅၀၀ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ) ရှိခဲ့တယ်။ တိုင်းပြည်ရဲ့ နိုင်ငံခြား အရံငွေ က အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရှိလို့ အကြွေးဆပ်ဖို့ဟာ လာ လည်း အခက်အခဲရှိနေတယ်။ 

တိုင်းပြည် မှာ နိုင်ငံခြားကြွေမြီ ဘီလီယံနဲ့ချီ တင်ရှိနေပေမဲ့၊ စစ်အစိုးရ နဲ့နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေ ကတော့ သန်းကြွယ်သူဋေးတွေဖြစ်နေတယ်လို့ မြန်မာ့စီးပွားရေးလေ့လာနေသူ ပညာရှင်တွေ က ထောက်ပြပြောဆိုနေကြတယ်။

No comments :