Sunday 1 April 2012

ဒီချုပ် ရှေ့  က ရှိနေတယ်။ နေရာ တိုင်းမှာ နိင်ဖို့  သေချာနေ

 မဲပြားတွေကို ဖယောင်းသုတ်ထား လို့   ထောက်ခံမဲ ကို ခက်ခက်ခဲခဲ ခြစ်ပြီး မဲပေးခဲ့ကြရတယ်လို့ ဆိုတယ်။  ဒီမဲတွေကို ပယ်မဲ လုပ်လိုက်မှာ စိုးရတယ်။ အပြတ်အသတ်
နိင်နေတဲ့ကြားတည်းက ညစ်ပတ်ဦးမယ်ဆိုရင်တော့  ပြသာနာ တက်မယ် လို့  ဒီချုပ် တာဝန်ရှိသူ
တဦးက ဆိုပါတယ်။

    • Zayar Phyo
      နေ့လည် ၁၂း၄၀ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။

No comments :