skip to main
|
skip to sidebar
မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းထားခြင်းမရှိကြောင်းနှင့် ဆက်လက်လုပ်ကိုင်နေလျှက်ရှိရာ၊ မကြာမီ မြစ်ဆုံဆည်
ပိတ်လိုက်သည့်အခါ
ရေနှစ်သွားမည့်
နေရာတွေရှိသော ပြည်သူများ၏ ကျေးရွာ၊ ဥယျဉ်ခြံမြေများ ရွှေ့ပြောင်းပေးရမည်။ နစ်နာမှုမရှိအောင် တစ်ဧကလျှင်
ကျပ်သိန်း (၂၀)
စီလျော်ကြေး
ပေးမည်ဟု ပြော၍ မေခမြစ်ကမ်းဘေးရှိ ရှငေါရွာနှင့် မန်ဒေါင်ဒေသရှိ လိမ္မော်ခြံ၊ ဘုရားကျောင်းနှင့်
စာသင်ကျောင်းများကို
အတင်းရွှေ့ခိုင်းနေကြပါသည်။
ထိုသို့ ရွှေ့ပြောင်းခိုင်းသူတို့မှာ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ဇနီး
ဒေါ်နန်ဆိုင်းနှင့်
ဦးလရစ်ဆိုသူတို့နှစ်ဦး
ဖြစ်ကြပြီး ရွှေကျင်လုပ်ငန်း လုပ်ကိုင်သူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ဒေသခံပြည်သူများက
မကျေမနပ် ပြောဆိုနေကြပါသည်။
မြစ်ဆုံဒေသတွင်လည်း
ကချင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျူံးနှင့် ပြည်နယ်အတွင်းရေးမှူး ဦးအောင်မင်း (ပြောင်း) တို့ဦးစီးသော ခါကာဘိုကုမ္ပဏီမှ ရွှေတူးဖေါ်၍
ပျက်စီးခဲ့ရသည်။
၎င်းနေရာဒေသတွင်
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အေးရှားဝေါကုမ္ပဏီနှင့် ပူပေါင်း၍ ဆက်လက်လုပ်ကိုင်
ဆောင်ရွက်ရန် ကြံစီကာ
ဒေသခံပြည်သူများကို
မောင်းထုတ်လျှက်ရှိကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်
ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် အေးရှားဝေါကုမ္ပဏီနှင့် ပူပေါင်း၍ မြေကွက်များကို ၀ယ်ယူစုဆောင်းလျှက်ရှိရာ
မရောင်းပေးသူများကိုလည်း
သိမ်းပိုက်ယူမည်ဟု
ခြိမ်းခြောက်နေကြောင်း ပြောဆိုနေကြပါသည်။ စာရေးဝန်ထမ်းတစ်ဦးကိုမှ ခန့်ထားပိုင်ခွင့်မရှိတဲ့
ပြည်နယ်ဝန်ကြီးချုပ်ဟာ
ဘိန်းဘုရင်မျိုးဆက်အုပ်စုနဲ့ ပူးပေါင်းလက်တွဲ ၍ စီးပွားရှာတော့မည်ဟု ယူဆနေကြပါသည်။
စီတာပူရပ်ကွက်တွင်
အမှတ်(၃)စည်ပင်သာယာဈေး ဆောက်လုပ်ရန် စိတာပူရပ်ကွက် င်္သချိုင်းကုန်းကို နေ့ချင်းညချင်း ဖယ်ရှားခိုင်းလျှက်ရှိသည်။ ၎င်း အမှတ်(၃)စည်ပင်သာယာဈေးကို
အေးရှားဝေါကုမ္ပဏီမှ
ဆောက်ပေးမည်
ဖြစ်သော်လည်း နိုင်ငံတော်မှ စည်ပင်သာယာဘတ်ဂျက်ဖြင့် ဆောက်ပေးသည့်အလား စာရင်းတင်ပြနိုင်ရန်
ခွင့်ပြုချက်ယူမည်ဖြစ်သည်။ ဤအကြံအစည်နှင့် စီမံကိန်းအသေးစိတ်ကို အေးရှားဝေါ ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်နှင့် ဦးလဂျွန်ငန်ဆိုင်းတို့
ညှိနှိုင်းထားကြောင်း
အစိုးရရပ်ကွက်မှ
ထွက်ပေါ်လာသော သတင်းအရ ကြားသိရပါသည်။
မြစ်ဆုံဒေသကို
နိုင်ငံတော်ပိုင် နေမြေပြုလုပ်မည်။ လူမနေပါက ရေနှစ်သော်လည်း လူထုထိခိုက်မှု မရှိနိုင်။ ထို့ကြောင့် လူမနေအောင်
အရင်စီစဉ်မောင်းထုတ်
ဖယ်ရှားပြီးသည့်နောက်
မြစ်ဆုံရေကာတာ စီမံကိန်းကို အေးအေးဆေးဆေး ဆက်လက်အကောင်အထည် ဖေါ်သွားရန် ဦးထွန်းမြင့်နိုင်နှင့်
ကချင်ပြည်နယ်
ဝန်ကြီးချုပ်
ဦးလဂျွန်ငန်ဆိုင်းတို့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း
ခိုင်လုံသောသတင်းရပ်ကွက်မှ ကြားသိရပါသည်။
မေခ-မလိခ
ရင်သွေးငယ်
No comments :
Post a Comment