Saturday 7 April 2012

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် ပမဏရွေးချယ်ထားသည့် သရုပ်ဆောင် ၁၃ ဦး လူတွေ့စစ်ဆေး



ယနေ့ ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက်နံနက် ၉နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံး ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသော ၁၄ ဦး အနက် လာရောက်သူ (၁၃)ဦးအား လူတွေ့စစ်ဆေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ နှင့် အကဲဖြတ်ဒိုင်လူကြီးများဖြစ်ကြသော ဦးညွှန့်ဝင်း ၊ ဦးအောင်လွင် ၊ ဦးကြည်စိုးထွန်း ၊ ဦးချစ်ဦးညို ၊ ဒေါ်ဆွေဇင်ထိုက် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးဝေဠုကျော် နှင့် ဦးဇာဂနာ တို့မှ အကဲဖြတ် စစ်ဆေးခဲ့ကြပါသည် ။ မကြာမီ နောက်ဆုံးဆန်ကာတင် ၃ ဦး စာရင်းကို သတင်းထုတ်ပြန်ကြေညာ ပေးမည် ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်သော အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည် ။
   
-သစ်ထူးလွင်-

2 comments :

Ruby_01 said...

For the Movie, I suggest you choose the gentleman, the one in the first row ( 3rd person). He is wearing a uniform and has a similar hairstyle to that of Bo-Gyoke Aung San between the guy who is wearing the blue and black checkered pasoe and the guy with the red pasoe.

Anonymous said...

ကျန်တဲ့ ကိုဇင်ဝိုင်းတို့ ဦးအောင်လွင်တို့  အားလုံးကို လက်ခံပါတယ်ဗျာ။ ဒါပေမယ့် အဲဒီညွန့် ဝင်းဆိုတဲ့ လူယုတ်မာကြီးကဘာဝင်ပါတာလဲ။ ကျနော်တို့  ၈၈ အစမှာ ရွှေတိဂုံကုန်းတော်ပေါ်ကဆင်းပြေးရတုန်းက လုံထိမ်း တွေ အသေလိုက်ရိုက် လိုက်ဖမ်းချိန်မှာ သူ့ ခြံကို အားကိုးတကြီး ၀င်ခွင့်တောင်းတာ ရဲကိုဖုန်းဆက်တယ်ဗျ။ ကျနော်တို့ ဆက်ပြေးခဲ့တဲ့သူတွေလွတ်တယ် ကျန်သူတွေအဖမ်းခံရတယ် ခုထိသေသလားရှင်သလားမသိတော့ဘူး ။

နောက်တခု အဖေနဲ့ သားများတို့  ၊ န၀တ ပေါ်လစီကားတွေ တီဗီစီးရီးတွေမှာ ဒီလူယုတ်မာက တက်တက်ကြွကြွနဲ့ လုပ်နေခဲ့တဲ့သူ ။ အဲဒီလူယုတ်မာကို ဘယ်လို စိတ်ကူးမျိုးနဲ့ဒီ ဗိုလ်ချုပ်ဇာတ်ကားဖြစ်မြောက်ရေးထဲဆွဲထည့်တာလဲ ရူးနေကြပြီလားဗျ