Sunday 22 April 2012

မြန်မာနိုင်ငံ မှာ ပြန်ကြားရေး ၀န်ကြီးဌာန ဖျက်သိမ်းသင့်ကြောင်း အင်တာနက် မှာ ဆန္ဒမဲပေးခဲ့


1) Poll shows 80 % of voters said; no government-owned media should be allowed under the democratic system. 

2) Poll shows 90 % of voters said- the government should abolish or remove information Ministry from cabinet in Burma.

-မြတ်စိုး-
WFWW
၎.၂၂.၂၀၁၂

မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာနဟာ  ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဖြစ်ရပ်မှန်များ ကို အစိုးရပိုင် သတင်းမီဒီယာ ကနေ ဖော်ပြပေးမှု မရှိသည့် အပြင်၊ အစိုးရ ရဲ့ အာဘော်တွေ ကို သာ နှစ်ပေါင်းများစွာ ထုတ်ပြန် ရေးသားဖော်ပြလျှက်ရှိတယ်။  ပြီးခဲ့တဲ့ လ က ကျနော်တို့ We Fight We Win  ဟာ မြန်မာနိုင်ငံ မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကိစ္စနှင့် ဆက်နွယ်သော မေးခွန်း ၂ ခု ကို အွန်လိုင်းအင်တာနက် မှ တဆင့် ကျနော်တို့ ဘလော့ခ်ကို လာရောက် လည်ပတ် နေကြတဲ့ စာဖတ်သူ တွေရဲ့  ဆန္ဒမဲ တလကြာ တောင်းခံခဲ့တယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်  ကျနော်တို့ ဘလော့ခ်ကို လာရောက် လည်ပတ် ခဲ့ကြတဲ့ စာဖတ်သူ တွေထဲက မီဒီယာလွတ်လပ်ခွင့်အရေး  စိတ်ဝင်စားသူ များ ဆန္ဒမဲ ပေးခဲ့ကြတယ်။ စုစုပေါင်း ဆန္ဒမဲပေးခဲ့သူ ၁၇၇၉ ဦး ရှိခဲ့တယ်။

ပထမ မေးခွန်း အတွက် ဆန္ဒမဲပေးခဲ့ကြတဲ့  ၈၀ ရာခိုင်နှုန်း ( ဆန္ဒမဲပေးသူ ၇၂၁ ယောက် )  က  မီဒီယာကိုကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်အောက်မှာ အစိုးရ ပိုင်သည့် သတင်းစာ၊ ရုပ်မြင်သံကြား မီဒီယာ မထားရှိသင့်ပါလို့  သဘောထားပေးခဲ့ကြပြီး၊ ၂၀ ရာခိုင်နှုန်း( ၁၈၅) ယောက် က ထားရှိသင့်ပါတယ်လို့ သဘောထားပေးခဲ့ကြတယ်။

Poll shows 80 % of voters said; no government-owned media should be allowed under the democratic system.

Restriction on Media is restriction on Nation's developments.  Government should not own media under the democratic system. Government should not use licensing of media organizations as a tool by government to influence or censor the media. Media must be private or independent, which has no direct control from any political party or government.

ဒုတိယ မေးခွန်း အတွက်  ဆန္ဒမဲပေးခဲ့ကြတဲ့  ၉၀ ရာခိုင်နှုန်း ( ဆန္ဒမဲပေးသူ ၇၈၅ ယောက် )  က  လူဦးရေ သန်း ၃၁၀ နေထိုင်တဲ့ အမေရိကန်နိုင်ငံ နှင့် လူဦးရေ ၁.၃ ဘီလီယံ နေထိုင်ကြတဲ့ တရုတ်နိုင်ငံ ရှိ အစိုးရ အဖွဲ့များတွင် ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာမရှိပါ။ အစိုးရ အဖွဲ့တွင် ပြောခွင့်ဆိုခွင့်ရှိသူသာ ထားရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြန်ကြားရေး ၀န်ကြီးဌာန ကို ဖျက်သိမ်းသင့်သည် လို့ ဆန္ဒထုတ်ဖော် ခဲ့ကြတယ်။ ၁၀ ရာခိုင်နှုန်းသာ  မြန်မာနိုင်ငံမှာ ပြန်ကြားရေး ၀န်ကြီးဌာန ကို မဖျက်သိမ်းသင့်ပါဘူးလို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။

Poll shows 90 % of voters said- The government should abolish or remove information Ministry from cabinet in Burma.

There are over 311 million people in the United States, and about 1.3 billion people in China. Neither the U.S Government nor the Chinese government has Information Ministry in their cabinets. Instead of information minister, both governments engaged or elected spokespersons to speak on behalf of government.

 We Fight We Win ရဲ့  ဆန္ဒမဲ ကောက်ခံချက် အရ ဆန္ဒမဲပေးခဲ့သူ အများစု က -

၁) ဒီမိုကရေစီစနစ်အောက်မှာ အစိုးရ ပိုင်သည့် သတင်းစာ၊ ရုပ်မြင်သံကြား မီဒီယာ မထားရှိသင့်ပါ။
၂) မြန်မာနိုင်ငံမှာ ပြန်ကြားရေး ၀န်ကြီးဌာန ကို ဖျက်သိမ်းသင့်သည်။

လို့ ဆန္ဒထုတ်ဖော် မဲပေးခဲ့ပါကြောင်း ကျနော်တို့ ဘလော့ခ်ကို လာရောက် လည်ပတ် နေကြတဲ့ စာဖတ်သူအားလုံး ကို အသိပေး အကြောင်းကြားပါသည်။ ဆန္ဒမဲ ပေး ခဲ့သူအားလုံး ကို We Fight We Win ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

No comments :