Tuesday 3 April 2012

တပ်မတော်က ဒေါ်စုကို ချစ်ခင်ကြည်ညိုနေပါပြီ

အိနယ ကာတွန်းဆရာ က စစ်တပ်ကပါ ဒေါ်စုကိုထောက်ခံ နေကြောင်းကို သေနပ်ပြောင်းထဲက
ပါ ထောက်ခံမဲတွေထွက်လာတဲ့ဟန် ပုံဖေါ်ထားတာပါ။  ကြပ်ပြေးလို နေရာမှာ ဒီချုပ်က ၄နေရာစလုံး နိင်ခဲ့တာက  တော့ လူအတော်များများကို  မှင်သက်စေခဲ့ပါတယ်။ အကဲခတ်တချို့ က ဒီနေရာမှာမနိင်နိင်ဘူးလို့ ယူဆကြတယ်။ စစ်အုပ်စု အမာခံတွေ၊ကြံဖွတ်တွေ
အချောင်သမားတွေ၊ တောကြောင်တွေကြီးဆိုးတဲ့ နေရာဖြစ်နေတာရယ် ဒီနေရာမှာဝင်ရောက်
ပြိုင်တဲ့ ဒီချုပ်ကိုယ်စားလှယ် ၄ ဦးစလုံးက ငယ်ကြတယ်။ လူသစ်တန်းတွေဖြစ်နေတာရယ်
ကြောင့်ပါ။ ဒါပေမဲ့ လူထုကိုလျော့တွက်လို့ မရဘူး။ ဒီမိုကရေစီ တလက်မရရင် တလက်မ
ဆန်ကျင်သွားမယ်ဆိုတဲ့ ပြတ်သားတဲ့ ခံယူချက်ကို ဒီရွေးကောက်ပွဲမှာ မြင်လိုက်ရပါတယ်။
အထူးသဖြင့် ကြံ့ဖွတ် အုပ်စုရဲ့ ကန်းကုန်အောင် ယုတ်မာ ရိုင်းဆိုင်းမှုကို ကြပ်ပြေး မှာနေရတဲ့ 
လူထု က အသိဆုံးဖြစ်နေလို့ ပါပဲ။

No comments :