Wednesday 4 April 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ စစ်မှန်သောငြိမ်းချမ်းဖေါ်ဆောင်ရန်အတွက် ကယားပြည်နယ် ဖယ်ခုံမြို့သို့ရောက်ရှိ။


ကိုမြအေး၊ ကိုပြုံချိုတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်တိုင်းရင်းဒေသများသို့ ငြိမ်းချမ်းရေးခရီးစတင်ကြောင်းသတင်းရရှိသည်။ မတ်လ(၄)ရက်နေ့ညနေတွင် ကယားပြည်နယ်ဖယ်ခုံမြို့သို့ရောက်ရှိရာကယန်းတိုင်းရင်းသား ညီအကို မောင်နှမများက ကယန်း ရိုးရာတူရိယာများ တီး၊ မှုတ် ကခုန်ပြီး ဖယ်ခုံမြို့အဝင်မှစ၍ လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်းသိရသည်။
ဖယ်ခုံမြို့ရှိ ကယန်းပြည်သစ် ပါတီရုံးသို့ ရောက်ရှိစဉ် ကယန်းတိုင်းရင်းသား ညီအကို မောင်နှမများကလှိုလှဲစွာကြိုဆိုခဲ့ကြပြီး၈၈မျိုးဆက်ကျောင်းသားများမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

No comments :