Saturday 7 April 2012

တရားသူကြီး ဦးအောင်ဖုန်းဝင်း မယား ကျူးလွန်တဲ့ ရာဇာဝတ်မှု

Child Abuse By Burma's Judge Aung Phone Win's wife 

Burma: A country without rules & laws?

Burma: A country without Justice?

 အာဏာပိုင်   သားသမီး၊ မိန်းမ တွေ ကြောင့် တိုင်းပြည်ပျက်တဲ့ သင်ခန်းစာ


ပဲခူးမြို့ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း မယား ကလေးငယ်အား အတင်းအဓ္ဓမ ပြုကျင့်မှု ဟာ တမတ်သား အစိုးရ က အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ အာဏာပိုင်တွေ အာဏာကို အလွဲသုံးစားလုပ်ပြီး ရာဇတ်မှု ကျူးလွန်နေမှုတွေ ကို ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာ ပြည်သူ သန်း ၅၀ ကျော် က စောင့်ကြည့်နေကြတယ်။ အာဏာနဲ့ ကလေးငယ်အား လူသားမဆန်စွာ အတင်းအဓ္ဓမ ပြုကျင့်ခဲ့တဲ့ တရားသူကြီးမိန်းမ ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက  က ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတာ မြန်မာပြည်သူတွေ က စောင့်ကြည့် နေကြ သလို၊ တရားဥပဒေ စိုးမိုးရေး အတွက် လက်ရှိ တမတ်သား အစိုးရ ဟာ ထင်သာမြင်သာ ရှိတဲ့ တာဝန်ယူဆောင်ရွက်မှု တွေ တကယ်ပဲ လုပ်ဆောင်ချင်ပါသလားဆိုတာ  နိုင်ငံတကာ ရှေ့မှောက်မှာ အစမ်းသပ် စစ်ဆေးခံ ရပါလိမ့်မယ်။

မဆလ လက်ထပ်မှာ ဆိုက်ကားသမား တင်းပြည့်ပါတီဝင်ဖြစ်လို့ တရားသူကြီး တက်လုပ်တော့ မြန်မာနိုင်ငံ မှာ တရားဥပဒေ ကွယ်ပျောက်ခဲ့ရတာ ကို သင်ခန်းစာ ယူကြမလားဆိုတာက တော့ တမတ်သား အစိုးရ ကိုယ်တိုင် ဖြေဆိုရမဲ့ မေးခွန်းဖြစ်နေတယ်။

နောက်တွဲသတင်း

နောက်ဆက်တွဲ သိရသည့် သတင်း အချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း
ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်း ထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူ လောင်သည်ဟု
ပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက် ထားသည်ဟု သိရပါသည်။ အခု လက်ရှိ အခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့်
ဌာနဆိုင်ရာများက ယင်း အမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်း ဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိ ရပါသည်။

 တိုင်ကြားကြပါ။

ကလေး တစ်ယောက်ကို ကာကွယ်ပေးရမယ့် တရားဥပဒေအဖွဲ့ အစည်းကတရား သူကြီး ကိုယ်တိုင်ကျူးလွန်တဲ့ဒီရာဇ၀တ်မှုကို မြန်မာကြံ့ ဖွတ်အစိုးရက ထိရောက်စွာ အရေးမယူနိုင်တဲ့ အတွက် နိုင်ငံတကာ ကလေးသူငယ်များညှဉ်းပန်းနှိပ်စက် ခံရမှုကာကွယ်ပေးတဲ့ UNICEF အဖွဲ့ အစည်းက "Child protection from violence, exploitation and abuse" ဌာနကို မြန်မာ နိုင်ငံယူနီဆက် အဖွဲ့ ကတဆင့်တိုင်ကြားအရေးယူနိုင်ဖို့ ကိုမိုးသီးဇွန် ရဲ့ အဆက်အသွယ်များမှတဆင့် ကူညီပေးပါ။ အောက်မှာ အီးမေးလ်နဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ ရှာပေးလိုက်ပါတယ်။ UNICEF မြန်မာ 14th and 15th Floor Traders Hotel No. 223, Sule Pagoda Road Kyauktada Township Yangon, Myanmar ရန်ကုန် တယ်လီဖုန်းနံပါတ်များ 375.527 - 375.532 375.547 - 375.548 381215, 386423 95-1-375552 အီးမေးလ် yangon@unicef.org အခြား နိုင်ငံတကာ ကလေးသူငယ်များ ကာကွယ်ရေးအဖွဲ့ အစည်းတွေ ကနေ တဆင့်လဲတိုင်ကြားပေးနိုင်ရန် info@childhelplineinternational.org helpline@childwise.net Carol@childwise.net Jess@childwise.net


5 comments :

Min Naing said...

တိုးတက်ပြောင်းလဲနေပါပြီ ဆိုတဲ့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ရပ်တွေက ဘာလည်း? ဘယ်လည်း..? ထပ်မံကြုံတွေ့ နေရသမျှတော့..ပြည်သူကိုလိမ်ညာနေတယ် အရေခြုံ စစ်အစိုးရဆိုတာထင်ရှားနေတာပါဘဲဗျာ...။

ARTARLOOT said...

ကလေး တစ်ယောက်ကို ကာကွယ်ပေးရမယ့် တရားဥပဒေအဖွဲ့ အစည်းကတရား သူကြီး ကိုယ်တိုင်ကျူးလွန်တဲ့ဒီရာဇ၀တ်မှုကို မြန်မာကြံ့ ဖွတ်အစိုးရက ထိရောက်စွာ အရေးမယူနိုင်တဲ့ အတွက် နိုင်ငံတကာ ကလေးသူငယ်များညှဉ်းပန်းနှိပ်စက် ခံရမှုကာကွယ်ပေးတဲ့ UNICEF အဖွဲ့ အစည်းက "Child protection from violence, exploitation and abuse" ဌာနကို မြန်မာ နိုင်ငံယူနီဆက် အဖွဲ့ ကတဆင့်တိုင်ကြားအရေးယူနိုင်ဖို့ ကိုမိုးသီးဇွန် ရဲ့ အဆက်အသွယ်များမှတဆင့် ကူညီပေးပါ။ အောက်မှာ အီးမေးလ်နဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ ရှာပေးလိုက်ပါတယ်။

UNICEF မြန်မာ
14th and 15th Floor
Traders Hotel
No. 223, Sule Pagoda Road
Kyauktada Township
Yangon, Myanmar

ရန်ကုန် တယ်လီဖုန်းနံပါတ်များ
375.527 - 375.532
375.547 - 375.548
381215, 386423
95-1-375552

အီးမေးလ် yangon@unicef.org

အခြား နိုင်ငံတကာ ကလေးသူငယ်များ ကာကွယ်ရေးအဖွဲ့ အစည်းတွေ ကနေ တဆင့်လဲတိုင်ကြားပေးနိုင်ရန်

info@childhelplineinternational.org

helpline@childwise.net
Carol@childwise.net
Jess@childwise.net

Anonymous said...

ကိုယ့်တိုင်းပြည်မှာတောင် ဗမာမတယောက်ကို နောက်ဗမာမတယောက် (boss)က မီးပူနဲ့ကပ်တယ်ဆိုတော့ ထိုင်း မလေးရှားမှာ ဗမာမတွေကို လိုးတာ သတ်တာ နည်းတောင် နည်းနေသလိုဘဲ အဲဒီမင်္ဂလာသတင်း ထိုင်းက boss တွေဆီအိမ်ပေါက်စေ့ဖြန့်မယ်

Anonymous said...

ဒါဟာ ရာဇဝတ်မှု့ဖြစ်လို့ ဘယ်သူတိုင်တိုင် မတိုင်တိုင်၊ ထိခိုက်နစ်နာ ခံစားရသူက ကျေအေးသည့်တိုင်၊ နိုင်ငံတော်နဲ့ ရဲကတရာလိုအဖြစ်နဲ့ ဖမ်းဆိးအရေးယူပြီး နိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် ရမယ့် တာဝန်ရှိတယ်။

ကလေးက ထွက်ဆိုထားတဲ့ ဗိဒီယိုရုပ်သံလည်း သက်သေအဖြစ် ခိုင်ခိုင်မာမာရှိနေတယ်။

နိုင်ငံသူနိုင်ငံသားတွေအတွက် ဘယ်လောက် တာဝန်ကြေတဲ့ အစိုးရလဲ၊ ဘယ်သူတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ အစိုရနဲ့ အာဏာပိုင်တွေလဲ၊ ဆိုတာ နိုင်ငံသူနိုင်ငံသားတိုင်း မျက်ခြေမပြတ် စောင့်ကြည့်ကြပါ။

Anonymous said...

ထက်ထက်မိုးဦး ပါးရိုက်မှု့လို ဒါဏ်ငွေ ကျပ်နှစ်ထောင်ရိုက်တယ် ဆိုတာမျိုး စီရင်ချက် ထွက်လာရင် ဘာဆက်လုပ်မယ် ဆိုတဲ့အထိ စဉ်းစား ပြင်ဆင်ထားကြပါ။

အဲဒီလိုမတရားစီရင်လို့ ရနေတဲ့ မတရားရေးစံနစ်နဲ့ မတရားသူကြီးတွေကို အမြစ်ကလှန်ဖို့ ဒါဟာ အခွင့်အရေးပဲ။

အခြေခံ လူ့အခွင့်အရေးတိုက်ပွဲတခုလို သဘောထားပြီး ဝိုင်းဝန်းတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပါတယ်။