Monday 30 April 2012

မြန်မာနိုင်ငံမှာ စစ်တပ်အစိုးရ မှ စစ်သားလွှတ်တော် အဆင့်သို့ ပြောင်းလဲလာမှုအပေါ် ဘန်ကီမွန်း ချီးကျူး




-WFWW-

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ စစ်တပ် အစိုးရ မှ စစ်သား ကိုယ်စလှယ်များ တက်ရောက်နေကြတဲ့ လွှတ်တော် နိုင်ငံရေး အဆင့်သို့ ရောက်ရှိလာသည့် အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲလာမှုတွေ ရှိလာခဲ့ပြီလို့  ဒီနေ့ နေပြည်တော် စစ်သား ကိုယ်စလှယ်များ တက်ရောက်နေတဲ့ လွှတ်တော် မှာ ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ  သူ့တာဝန်ထမ်းဆောင်တဲ့ သက်တမ်းကာလ အတွင်း ကမ္ဘာပေါ်မှာ စစ်တပ်မှ ခန့်အပ်တဲ့ လွှတ်တော်ကိုယ်စလှယ်များ ရာချီ တက်ရောက်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ လွှတ်တော် ကို ပထမဦးဆုံး မိန့်ခွန်းပြောကြား ခွင့်ရခဲ့တာ လည်း ဖြစ်တယ်။

မြန်မာနိုင်ငံ ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုတွေ ကို ရုပ်သိမ်းပေးဖို့ ကိုလည်း အနောက်နိုင်ငံ အစိုးရတွေကို တောင်းဆိုသွားခဲ့တယ်။

ဒါ့အပြင် ဘန်ကီမွန်း က ဒီမိုကရေစီ ကို ဦးတည်လျှောက်လှမ်းဖို့ အတွက် ထိထိရောက်ရောက် လုပ်ဆောင်မှု တွေ အများကြီးလိုနေသေးတယ်။ ဒီအထဲမှာ -

၁) နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်မှု အရေး၊
၂) အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးဆောင်ရွက်ရေး၊
၃)  စစ်ဘေးဒဏ်ကြောင့် နယ်စပ်ဒေသတလျှောက် မှာ ထွက်ပြေးနေကြရတဲ့ ရွေ့ပြောင်းဒုက္ခသည်များ  အရေး နှင့် သူတို့၏ အနာဂတ် လုံခြုံရေး၊
၎) မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုနဲ့ တရားမျှတမှု ရရှိရေး တို့ ကို ထည့်သွင်းပြောဆိုသွားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်နေသူများ နှင့် လူ့အခွင့်အရေး ကာကွယ်ပေးနေကြတဲ့ အဖွဲ့ များကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီ မွန်း အနေဖြင့် စစ်တပ် က ကျောထောက်နောက်ခံ ပေးထားတဲ့ မြန်မာအစိုးရ ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားဖို့ တိုက်တွန်းခဲ့ကြတယ်။

 နိုင်ငံတကာ လူ့အခွင့်အရေး ကာကွယ် စောင့်ကြည့်နေသူများအဖွဲ့ က လွှတ်တော်မှာ တက်ရောက် နေကြတဲ့ စစ်တပ်ကိုယ်စလှယ်တွေ ကြောင့်  စစ်တပ် က ကလေးစစ်သား အတင်းအဓ္ဓမ စုဆောင်းနေမှု ကို လွှတ်တော်မှာ အရေးယူတောင်းဆိုမှုတွေ မပြုလုပ်နိုင်ကြောင်းထောက်ပြခဲ့ကြတယ်။ ထို့အတူ စစ်ဘေးဒဏ်ကြောင့် နယ်စပ်ဒေသတလျှောက် မှာ ထွက်ပြေးနေကြရတဲ့ ရွေ့ပြောင်းဒုက္ခသည်များ  ပြန်လည်နေရာချထားရာတွင် စစ်တပ် က အသက်မပြည့်သေးသည့်  ကလေးငယ်များ၊ မိဘမဲ့ ကလေးငယ်များ အတင်းအဓ္ဓမ စစ်သားအဖြစ် စုဆောင်း မှာ ကို နိုင်ငံတကာ ကလေးငယ်များ ကာကွယ်စောင့်ကြည့် အကူအညီပေးနေကြတဲ့ အဖွဲ့အစည်းတွေ နဲ့ လူအခွင့်အရေး ကာကွယ်ပေးနေကြတဲ့ အဖွဲ့တွေ က စိုးရိမ်ပူပန်နေကြတယ်။

ယခင် က လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် အရာရှိတွေ ကို  အရေးမယူသည့်အပြင်၊ ရာထူး တိုးပေး၊ လွှတ်တော် ကိုယ်စလှယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အနာဂတ်မှာ ငြိမ်းချောက်မှုကြီးဖြစ်တယ်လို့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက် ပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် မြန်မာ့အရေးလေ့လာနေသူ ပညာရှင်များ က သုံးသပ်နေကြတယ်။

No comments :