Wednesday 18 April 2012

ဧရာဝတီဝက်ဆိုက်အမှန်တကယ်ဖောက်ထွင်းခံရပါသလော?



 အောက်တွင်ဖေါ်ပြထားသောသတင်းစာမျက်နှာသည် ဧရာဝတီသတင်းဝက်ဆိုက်တွင်တင်ထားစဉ်ကူးယူထားလိုက်သောသတင်းစာမျက်နှာတခုဖြစ်သည်။ဧရာဝတီဝက်ဆိုဒ်သည်ထိုနေ့တချိန်တည်းတွင်မြန်မာ့နိုင်ငံရေးလောကနာမည်ကြီးသူများ၏ မမှန်သတင်းများကိုဖေါ်ပြပြီးနောက် မိမိတို့ဝက်ဆိုဒ်အားခိုးဝင်ရောက်ပြီးသတင်းများတင်သွားခဲ့ကြောင်း အင်တာနက်စာမျက်နှာမှတဆင့်ဖြေရှင်းခဲ့သည်။ ဧရာဝတီကဲ့သို့ ပြည်ပအခြေစိုက်သတင်းဌာနကြီးတွင် ခဏခဏအဖောက်ခံရသည်မှာ အံသြစရာကောင်းကြောင်းဖေ့ဘွတ်စာမျက်နှာတွင်ရေးသားလာသူတယောက်ရဲ့ စာကိုဖေါ်ပြလိုက်ပါသည်။ ဧရာဝတီဝက်ဆိုက်အဆိုအရ သူတို့ရဲ့ဝက်ဆိုက်ကိုခိုးဝင်ရောက်တင်ခဲ့သောသတင်းများကိုနာရီပိုင်းအတွင်း ဖျက်ပစ်ခဲ့သော်လည်း ထိုသတင်းများကို ဧရာဝတီမှမဖျက်ခင်ကူးယူထားသော သတင်းဝက်ဆိုက်တခုကိုသွားရောက်ကြည့်ရှုနိုင်ရန်ဖေါ်ပြလိုက်ပါသည်။

Facebook တွင်ရေးသားထားသည်မှာအောက်ပါအတိုင်းဖြစ်သည်။
 
ပြည်ပသတင်းဌာနတွေရဲ့ (ဒီဗွီဘီ၊ ဧရာဝတီနဲ့ မဇ္ဈိမ) ဝက်ဘ်ဆိုက်တွေက ခဏ ခဏ အဖောက်ခံရတယ် အတိုက်ခံရတယ်ဆိုပြီး သတင်းတွေ ထွက်ထွက်လာနေတယ်။ အထူးသဖြင့် ဧရာဝတီဆိုက်ဒ်ဟာ အဖောက်ခံရတိုင်း ပြူးတူးပြဲတဲ့ အဝါရောင်သတင်းတွေချည်း တက်တက်လာပြီး၊ အဲဒီသတင်းဟာ အထုပ်နဲ့အထည်နဲ့ ပြန့်နှံ့သွားပြီးဆိုရင်တော့၊ ဧရာဝတီဆိုက်ဒ်မှာ အဲဒီသတင်းမရှိတော့ဘဲ ဆိုက်ဒ်အဖောက်ခံလိုက်ရပြီဆိုတာကို အတည်ရော အနှောက်ရော ရေးထားပါလေရော။ ဒီလို မကြာခဏ ဖြစ်နေတော့လည်း ယုံချင်စရာတောင် မကောင်းတော့ဘူး။ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာရောမှ ဟုတ်ကြပါရဲ့လားဗျာ။ လုပ်ပါအုန်း၊ လူထုက ကိုဘိုရေ၊ ခင်ဗျားက သမိုင်းကိုလည်း စနစ်တကျလေ့လာဆည်းပူးနေသူဆိုတော့ အရင်ပုံနှိပ်သက်သက် သတင်းခေတ်မှာရော စာစီဆရာက မှားစီလိုက်ပါဆိုတဲ့ ပြူးတူးပြဲတဲ သတင်းတွေ ပုံနှိပ်သတင်းစာတွေ ပါဖူးတဲ ထုံးရှိလေသလားဗျာ။ စာခွက်မှောက်တာကို ကြေးမုံဦးသောင်းရဲ့ စာမှာ ဖတ်ဖူးမှတ်ဖူးမိပါတယ်။ နောက်ပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာပဲ မီးလောင်တဲ့ သတင်းမှာ လူမသေဘဲ၊ လူသေတယ်လို့ သတင်းထောက်ကရေးပို့တာကို သတင်းထဲထည့်မိလိုက်တဲ့ ခင်ဗျားအဖိုးတော့ နောက်ရက်တွေမှာ အမှားပြင်ဆင်ချက်ထည့်ပေးတာကိုတောင် ဆိုရှယ်ညစ်တွေက လက်မခံဘဲ ထောင်ထဲ ၂ နှစ် နီးပါး
နေခဲ့ရတယ်ဆိုတာကိုလည်း ဖတ်ဖူးမှတ်ဖူးပါရဲ့။ ဒါကြောင့်ပဲ စာနယ်ဇင်း လွတ်လပ်ခွင့်ပေး လွတ်လပ်ခွင့်ပေးလို့ တစာစာအော်နေသူတွေကို ဟိုဂျပုက ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ခင်းပြတာ မလွန်လောက်ပါဘူးလို့ ပြောရမလိုဖြစ်ပြီ။ facebook

ဧရာဝတီဝက်ဆိုက်မှပြန်ပြီးမဖျက်ခင်ကူးယူတင်ထားသော link ။


KIO အဖွဲ့နှင့်ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေးအခြေအနေ
ရွေးကောက်ပွဲကာလတွင်ပြည်သူလူထုအထိတ်အလန့်ဖြစ်စေမည့်ကိစ္စများမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က KIO အဖွဲ့ကို တောင်းပန်ခဲ့ကြောင်း ဗိုလ်ချုပ် အက်စ်ဂွန်မော် ရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်
KIO နှင့်အစိုးရကြား ဒေါ်စုကြည်ကကြားဝင် ညှိနှိုင်းဆွေးနွေးပေးရန် သမ္မတဦးသိန်းစိန်ကို တင်ပြ ထားပြီးဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့် တရုတ်နိုင်ငံကို အားမကိုးရင် အမေရိကန်နှင့် EU နိုင်ငံများ၏ အထောက်အပံ့များရရှိအောင် သူမက လုပ်ဆောင်ပေးနိုင်ကြောင်း၊ NLD အာဏာရရှိလာရင် (သူသာသမ္မတ ဖြစ်လာရင်) တိုင်းရင်းသားများလိုချင်သည့် Federal Union ကိုရအောင် လုပ်ပေးနိုင်ကြောင်း KIO သို့ ဆက်သွယ်ပြောကြားထားကြောင်း ဦးခွန်သာမြင့်ထံမှ သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆက်သွယ်ပြောကြားမှုကို KIO ဥက္ကဋ္ဌ ဦးအင်ဘန်လှနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အက်စ်ဂွန်မော် တို့က လက်ခံသော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က လက်မခံကြောင်း၊ ဗိုလ်ချုပ်ဂမ်ရှောင်သည် ဧပြီ(၁၀)ရက်နေ့က တရုတ်နိုင်ငံ၊ မန်စီမြို့တွင် တရုတ်ထောက်လှမ်းရေး အဖွဲ့နှင့် တွေ့ဆုံပြီး KIO အဖွဲ့ကို အမေရိကန် နိုင်ငံက ဒေါ်စုကြည်ထံမှတဆင့် အထောက်အပံ့များပေးမည့် ကမ်းလှမ်းမှု များရှိနေကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစစ်တပ်နှင့် KIO အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အချိန်ဆွဲ ထားပြီး အမေရိကန် အထောက်အပံ့ကို အသုံးချ၍ နိုင်ငံရေးကစားကွက်အနေဖြင့် KIO အဖွဲ့အပေါ် သူမသြဇာရှိလာအောင် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ် ဂမ်ရှောင်မှ စွပ်စွဲပြောကြားထားပါသည်။ ထိုကိစ္စအတွက် KIO နှင့် KIA ခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က စစ်ရေးအောင်မြင်မှုရရှိမှသာ နိုင်ငံရေးဆွေးနွေးမှုတွင် ကိုယ်လိုချင်တာရရန်အတွက် စစ်ရေးအရှိန်မြှင့်ရန် အမိန့်ထုတ်ပြန်ထားပါသည်။
ဗိုလ်ချုပ် ဂမ်ရှောင်က ကချင်အရေးကိစ္စတွင် အမေရိကန်နှင့် ဒေါ်စုကြည်တို့ ကြားဝင် ဆောင်ရွက်လာခြင်းကို တရုတ်အစိုးရမှ လက်မခံကြောင်း၊ စစ်ရေးအရ ရှုံးနိမ့်မှုများ ဖြစ်နေသော်လည်း KIA အဖွဲ့အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးသွားမည်ဖြစ်ကြောင်း၊ ဒေါ်စုကြည်ကို ပုဂ္ဂိုလ်ရေးအရ လေးစားသော်လည်း ကချင်လူမျိုးရေးကိစ္စတွင် သူမရဲ့ ဦးဆောင်မှုကို မလိုလားကြောင်း မန်စီမြို့တွင် ကချင်မျိုးနွယ်စု ခေါင်းဆောင်များကို ထုတ်ဖော်ပြောကြားထားပါသည်။


3 comments :

myo myit said...

အောင်ဇော်ဆိုတာ သတင်းသမားလား၊ အတင်း အဖျင်းသမားလား၊ အဖွဇယားလား၊ အမွှေဇယားလား၊ လူလည်ပေသီးချစ်တီးလား၊ ကျော်ခွရောကျော် မီးပြောင်းမှုတ်တော် ကြံ့ဖွံ့ဘောစုပ် အောင်ဇော်ချီးထုပ်။

pheasant said...

ဂန်ရှောင်မဟုတ်ဘူး ဂန်ကြောင်၊ ဒီစာရေးတဲ့သူလည်း ကြောင်၊ ဒေါ်စုက သူသမတဖြစ်ရင် လို့ အရူးချီးပန်း ပြောလိမ့်မယ် လို့ မင်းတို့ ထင်ကြရင် ဒီဆိုဒ်ရေးသူတွေလည်း ငကြောင်ပဲ၊ ခက်ပ၊ ဒီကချင်သူပုန်တပ်က ကချင်လူမျိုးတွေနဲ့ ကချင် ဒေသကို အစစ်မှန်ကိုယ်စားမပြုဘူး၊ ဘိန်းသူပုန်တွေ၊ တရုတ်အောက်ဆွဲတွေ၊ ပြောမရရင် အပြုတ်တိုက်ပလိုက် ဒီကောင်တွေကို

Anonymous said...

ဧရာဝတီ ဆရာကြီးတွေ တခုတခု တော့ လုပ်နေသလားလို့ ။ ဗိုလ်ကျော်ဆန်း နဲ့ လက်ဆွဲ နုတ်ဆက်ပြီး နောက်ပိုင်း အဲဒီ ဆိုက်မှာ comment ပေး၇တာ တော်တော် ခက်သွား တယ် ။ ဆိုလိုတာက အ၇မ်း စီစစ်သွားတယ် မျက်နှာပျက်မှာစိုးတာလား မျက်နှာမ၇မှာ စိုးတာလားဘဲ တခြားဆိုက်တွေ အများကြီးပါဗျာ