Monday 30 April 2012

ပို့ဆောင်ရေးဝန်ကြီး၊ ဆန်းဖားနှင့် မြန်မာ့လေကြောင်း

ပို့ဆောင်ရေးဝန်ကြီး၊ ဆန်းဖားနှင့် မြန်မာ့လေကြောင်း

ပြုပြင်ပြောင်းလဲမှုများနှင့်အတူ
ပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့် ပြည်တွင်း လေကြောင်းပို့ဆောင် ရေးဈေးကွက် အလားအလာကောင်းမွန်လာနိုင်မည်ဟု သုံးသပ်ခဲ့ကြပါသည်။ ဒီအချိန်မှာပဲ မြန်မာ့လေကြောင်းကို စီးပွား ရေးဆန်ဆန် လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နှင့် နှစ်ပေါင်းများစွာ ပြည်သူအတွက် အရှုံးခံပြေးဆွဲခဲ့တဲ့ မြန်မာ့လေ ကြောင်းရဲ့ တွက်ချေကိုက်တဲ့ ခရီးစဉ်တော်တော်များများကို ဆန်းဖားခရီးသွားလုပ်ငန်းကို စင်းလုံးငှားအဖြစ် ပေးလိုက်ပြီး မကိုက်တဲ့ခရီးစဉ်တွေကို မြန်မာ့လေကြောင်းကပဲ ပြည်သူ့အခွန်ကနေ အရှုံးခံပြီး ဆက်ဆွဲနေရပါတယ်။ မော်လမြိုင်-ထား ၀ယ်-မြိတ်-ကော့သောင်း ညအိပ်ခရီးစဉ်ကို မြန်မာ့လေကြောင်းတခုပဲ ပျံသန်းခွင့်ပြုမည်ဆိုပြီး စာထွက်လာပါတယ် ပုဂ္ဂလိ ကလေကြောင်းလိုင်းတခုမှ တာဝန်ရှိသူတဦးက ကျနော်တို့ အရှုံးခံလုပ်နေတဲ့သူတွေကို ပြန်မကြည့်တော့ဘူးဗျာဟု စိတ် ပျက်လက်ပျက် ပြောပြခဲ့ပါသည်။

ဆန်းဖားရဲ့ပိုင်ရှင် ဦးသန်းဦးက မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှ တဆင့်ဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် ရင်း နှီးခဲ့ပြီး ယခုအခွင့်အရေးကို အရယူနိုင်ခဲ့ပါတယ်။ ဦးသန်းဦး ဟာ တရုတ်လူမျိုးဖြစ်ပြီး လေကြောင်းလိုင်းလုပ်ငန်းမှာ အ မြတ်သေချာတဲ့ လက်မှတ် အရောင်းကိုယ်စာလှယ်လုပ်ငန်းကိုသာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့လေကြောင်းမှ ၀န်ထမ်းတဦးက ဒို့ဝန်ကြီးက ဒီငါးနှစ်ပြီးရင်တော ပြန်မယ်လို့ပြောထားတော့ အပြီး တခါထဲရိုက်နေ တာကွ၊ လေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း ၀န်ကြီးသမီးက Forwarder လုပ်နေလို့ ငါတို့ဝန်ထမ်းတွေ လဲ ဂွင်ပျက်ပြီး ထမင်းငတ်နေတယ်။ ငါတို့တင်လား ပိုင်ပါတယ်ဆိုတဲ့ ကိုတေဇ လိုလူတောင် ၀န်ကြီးနဲ့ ဦးတင်မောင်ထွန်း ကို ရှယ်ယာမပေးလို့ သူ့ MCS ကြီး ဒေါ်လာ လေးငါးသန်းအကုန်ခံပြီး ဒီအတိုင်းပဲထားနေရတာဟု ပြောဆိုသွားပါသည်။

ဝန်ကြီးဦးဉာဏ်ထွန်းအောင်ဟာ အပြင်ပန်းအေးဆေးပုံရပြီး တကယ်တော့ လောဘကြီးသူ တဏှာကြီးသူတဦးဖြစ် ကြောင်း သိရှိရပါသည်။ Cambodia နိုင်ငံမှာကျင်းပခဲ့တဲ့ 17th ASEAN Transport Minister Meeting ကျင်းပနေတုန်း Sofitel Phnom Penh Hotel မှာ မဒီကညာတသိုက်နဲ့ ပျော်ပါးနေတာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရသူ Cambodia နိုင်ငံ သားက ပြောပါတယ်။ ၀ါသနာပါတာပါတာပေါ့ အခုလို နိုင်ငံကိုယ်စားပြု အစည်းအဝေးမှာတော့ မလုပ်သင့်ပါ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကဖြစ်ပြီး ၀န်ကြီးနှင့်ပျော်ပါးခဲ့သူ မိန်းကလေးအား လိုက်လံစုံစမ်းပြီး ဆက်လက်တင်ပြသွားပါမည်။

သမတကြီးကို သိစေချင်ပါသည်။ နိုင်ငံသိက္ခာကိုတောင် ဂရုမစိုက်ခဲ့တဲ့လူမျိုး အစိုးရအဖွဲ့ထဲ ရှိနေတာကိုပါ။

Ko Latt

1 comment :

Anonymous said...

http://www.youtube.com/watch?v=eV0W_qkO-0c&feature=digest_tue
Ko Moe Tee
He is born in burma.Pure chinese but burmese chinese.Look at that utube.How burmese chinese love Burme in Taiwan.I m pure Burmese.