Monday 23 April 2012

သတင်းထောက်များကို ရိုင်းပြစွာပြောဆိုသော စစ်ကိုင်းတိုင်းကွန်ပြူတာပညာရှင်များအသင်းဥက္ကဌကို မုံရွာသတင်းထောက်များကတရားစွဲဆို။


မုံရွာမြို့ရှိသတင်းသမားများကယခုနှစ်၂၀၁၂ခုနှစ်အတွက်ဆင်းရဲနွမ်းပါသည့်ကလေးများ၏နွေရာသီကွန်ပျူတာသင်တန်းမပေးရခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပေးရန် ကွန်ပျူတာပညာရှင်အသင်းဥက္ကဌ ဒေါ်ယုယုကြွယ်ထံ စာတစ်စောင်ပေးပို့ခဲ့ရာ အဆိုပါစာကို ဥက္ကဌက လွှတ်ပစ်ခဲ့သည့်အပြင် သတင်းထောက်များကိုလည်း ရိုင်းပြစွာဆက်ဆံခဲ့သည်။ နှစ်စဉ်ဖွင့်လှစ်နေကျသင်တန်းမဖွင့်လှစ်နိုင်ခြင်းနှင့်ကွန်ပြူတာအသင်းရှေ့လုပ်ငန်းစဉ်များ၊ အသင်းရဲ့ဖွဲ့စည်းရွေးချယ်တင်မြှောက်ပုံတို့အများပြည်သူသိရှိစေရန်သတင်းထုတ်ပြန်ရန်အတွက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့အတွက်ကြောင့် သတင်းမီဒီယာသမားများအပေါ်ဂုဏ်သိက္ခာကျဆင်းစေသောပြောဆိုမှုများကြောင့် မုံရွာအခြေစိုက်သတင်းထောက်များကစစ်ကိုင်းဒေသကြီးကွန်ပြူတာပညာရှင်များအသင်းဥက္ကဌအား တရားစွဲဆိုရခြင်းဖြစ်ကြောင်းသိရသည်။

No comments :