Friday 20 April 2012

မြန်မာ ပြည်က ပြန်လာ တဲ့ မိတ်ဆွေတယောက်ရဲ့ ရင်ဖွင့်သံ

မြန်မာ ပြည်မှာ နေဖို့ သိပ်မလွယ်ဘူးလို့  မြန်မာ ပြည်က ပြန်လာတဲ့ မိတ်ဆွေတယောက်ကပြောတယ်။ သူက အမေရိကန် ကနေသွားတာ၊ တလ ကို ဒေါ်လာ ၂ထောင်လောက်ကုန် တယ်ဆိုတယ်။ 
 ဘာမှသိပ်စားတာမဟုတ်ဘူး။ အစားသောက်ဈေးတွေက အမေရိကန် ထက်ဈေးကြီးနေတယ်။ စား နိင်တဲ့သူနဲ့ မစားနိင်တဲ့သူလူတန်းစား နစ်ခုပဲရှိတော့တယ်လို့ ဆိုတယ်။

 သူက မြန်မာ ပြည်မှာပွင့်လင်းလာတယ်ဆိုတဲ့ စကားတွေကို နားယောင်ပြီး မြန်မာ ပြည်မှာ စီးပွားသွားလုပ်ဖို့  စဉ်းစား ခဲ့သူပါ။ စီးပွားရေးသွားလုပ်မယ်ဆိုတာကလဲ မဖြစ်နိင်တဲ့ကိစပါလို့ သူက ဆိုတယ်။ အိမ်ခန်း ငှား ခ ဈေးဟောတယ်ဈေးတွေက ဘန်ကောက်၊ ချင်းမိုင် တို့ ထက်ဈေးကြီးနေတယ်လို့ ဆိုတယ်။ အန်ဂျီအိုတွေလဲ အိမ်ခန်း က ဈေးကြီးမှုတွေကြောင့်ရေရှည်လုပ်နိင်ဖို့ ခက်နေကြတယ်လို့ ဆိုနေပါတယ်။ ဆန်းမစ်ပတ်ခ် ဗျူး 
ဟော်တယ်က လဲ သိပ်ဈေးကြီး တယ်။ တည ကို ဒေါ်လာ ၁၄၀ ကျော်ယူတယ်။  အခန်းတွေက သိပ်ကောင်းလှတာမဟုတ်ဘူးဆိုတယ်။ 

မနက်စာကို အလွန် ညံတဲ့ကြာဇံချက်ကျွေးတယ်။  အင်တာနက်က ၃ နာရီကို ၉  ဒေါ်လာ ပေးရတယ်။ ကွန်နက်ရှင်က ညံတယ်။ ဒီတော့ တခါတရံသွားလည်တဲ့ မိတ်ဆွေက
 တော်တော်စိတ်ဓါတ်ကျလာရတယ်လို့ ဆိုတယ်။ ထိုင်းနိင်ငံက ဟောတယ်တွေ အင်တာနက်ကို အလကား သုံးရတာကိုး။ 

2 comments :

Anonymous said...

US $ 2000/month ?, may be your friend eat Burmese chicken every day!

Anonymous said...

အမေရိကားရောက် ဘ၀င်မြင့်ပြီး ကိုယ့်ဘ၀ ကိုယ်မေ့နေတဲ့ကောင်တွေ ရေးတဲ့စာတွေ မတင်ပါနဲ့ ဗျာ။ ဘာအတွေးအခေါ် ဘာအဆင့်မှမရှိဘူး။