Friday 20 April 2012

တရုတ်ပြည်ရဲ့ စိုးရိမ် နေမှု

by Hawdeka Aethae on Friday, April 20, 2012 at 7:34am ·


ပေါက်ဖော်ကြီးရဲ့ စိုးရိမ်မှု
ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ်ကင်းမရွန်း ရဲ့ SplitFire လေယာဉ်အစီး ၂၀ ပြန်လည်တူးဖော်မယ့် အစီအစဉ် အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံမှ သတိကြီးစွာစောင့်ကြည့်လျှက်ရှိသည်ဟု အတွင်း

အဆက်အသွယ်များထံမှသိရသည် ၊ လေယာဉ်များ ဘယ်နေရာမှာ ဘယ်နှစ်စီးရှိနေတာလဲ ၊ ပိုက်လိုင်းဆွဲမယ့်ဧရိယာ အနီးတစ်ဝိုက်လား ၊ အဲဒီလေယာဉ်ပြန်တူးဖို့ လာမယ့် အဖွဲ့က အရပ်ဖက်

အဖွဲ့လား ၊ စစ်ဖက် အဖွဲ့လား ၊ ဘယ်လိုစက်ပစ္စည်းမျိုးတွေ ယူလာမှာလဲ ၊ ဗမာနိုင်ငံတွင်း တရုပ်တို့ တိတ်တဆိတ်ဆောင်ရွက်နေသော လုပ်ရပ်များကို ထောက်လှမ်းနိုင်သော

အဆင့်မြင့်ထောက်လှမ်းရေး ကိရိယာများပါနိုင်သလား ၊ အဲဒီတူးဖော်မှုက ဘယ်နှစ်နှစ်ကြာမှာလဲ ၊ အဲဒီလို မထင်မှတ်တဲ့ အခြားအစီအစဉ်တွေ ဘယ်နှစ်ခုထပ်ရှိနိုင်သေးလဲ ၊ ဗမာပြေကို တရုတ်သြဇာ

အတွင်း လုံးလုံးလျားလျားကျရောက်သွားရေး ကြိုးပမ်းနေမှုများအပေါ် အဲဒီ လေယာဉ်တူးဖော် အစီအစဉ်များက အနှောက်အယှက် ပေးနိုင်လား ၊ လတ်တလော ဗမာပြေအတွင်း လူထုကြားမှာ

တရုတ်နိုင်ငံအပေါ် အဆီုးမြင်မှုများ အားကြီးလာနိုင်သလား ၊ စတဲ့ မေးခွန်းများအပေါ် တရုတ်သံရုံးမှ ဗဟိုတရုတ်အစိုးရထံ စာတမ်းများ ပြုစုပြီး အမြန်တင်ရဖွယ်ရှိသည် ဟုကြားသိရပါသည် ၊
(ညောင်ဦးကမ်းပါးပြိုလို့ စံပနကူကနွားပေါင်ကျိုးတယ်ဆိုတာ ဒါမျိုးခေါ်တာထင်ပါရဲ့)

2 comments :

Anonymous said...

ညောင်မြစ်တူးရာ ပုတ်သင်ဥပေါ် တဲ့။
တရုတ်တွေ သူတို့ မလှိမ့်တပတ်နဲ့ ပို့ထားတဲ့ ဓါတုဗေဒနဲ့ အနုမြူသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေပါ ထောက်လှမ်းမိပြီး
အကုန်ပေါ်ကုန်တော့မှာဆိုတော့ စိုးရိမ်နေမှာပေါ့။

Anonymous said...

စောက်ရူး...နားနားပြီးပြော မောမယ်။ မင်းအမေရိကန်လာလို့ ဗမာမတွေ ဖာဖြစ်လို့ကတော့ မင်းဖင်ကိုငါအရင်လာချမယ် မိုးသီး