Tuesday 24 April 2012

NLD ပြင်ဆင်လိုသောအကြောင်းအရာကို လွှတ်တော်တွင်းမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီပြင်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်ဥပဒေအကြံပေးက မီဒီယာတွေ့ဆုံပွဲတွင်ပြောကြား။

 ဓါတ်ပုံ- Messenger News Journal
NLD ပါတီ က အခြေခံဥပဒေပါစာသားအချို့အား ပြင်ဆင်ပေးရန်တောင်ဆိုမှု အပေါ် ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များေ လ့ လာဆန်းစစ်ရေးကော်မတီ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဥပဒေအကြံပေးဦးသန်းမောင် ကအခြေခံဥပဒေမှာဘယ်ဟာကိုတော့ ပြင်လို့မရဘူးဘယ်ဟာကိုတော့ပြင်လို့ရတယ်မခွဲထားပါဘူး မသင့်လျှော်ရင်ပြင်လို့ရတယ် ဒါပေမယ့် နိုင်ငံရေးဘက်ကမကြည့်ဘဲ ဥပဒေကြောင်းအရပဲ ကြည့်ရင် ဒီစာသားကိုပြောင်းဖို့ အားလုံးကဆန္ဒရှိရင်တောင် လုပ်ထုံးလုပ်နည်းတွေရှိပါတယ် ၊ အကြမ်းပြောရင်တောင် ဥပဒေအဖြစ်အရင်တင်ရမယ် နောက်ပြည်ထောင်စုလွှတ်တော်မှာတင်ရမယ်၊ လွှတ်တော်ကိုယ်စားလှယ် ၂၀% ထောက်ခံမှ ဒီကိစ္စကိုလွှတ်တော်ထဲမှာဆွေးနွေးလို့ရမှာ ဆွေးနွေးပြီးရင်တောင် မပြီးသေးဘူး နောက်ပြည်ထောင်စုလွှတ်တော်မှာပဲ ကိုစားလှယ်၇၅% ကထောက်ခံမှ ပြင်လို့ရမှာ အရင်ပြင်ခဲ့တယ်ဆိုတာက နည်းဥပဒေကိုပြင်တာ အခြေခံဥပဒေမဟုတ်ဘူး ဒီကိစ္စတွေ က ဥပဒေကြောင်း ကိစ္စဖြစ်နေတဲ့အတွက် ပြင်လို့မရဘူးမဟုတ်ဘူး ရပါတယ် ဒီနည်းလမ်းအတိုင်းပဲ ပြင်မှ ရမှာပါ တစ်ခြားနည်းမရှိပါဘူးဟု ယနေ့ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များေ လ့ လာဆန်းစစ်ရေးကော်မတီ တွင် နိုင်ငံတစ်ကာဥပဒေအကြံပေးများ အငြိမ်းစားသံအမတ်ကြီးများ ၊ ဥပဒေပညာရှင်များ ၊ စီပွားရေးအကြံပေးများ ၊စီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားပြီး ဥပဒေရေးရာကိစ္စရပ်များအပြင် ပြည်သူများ၏အခက်အခဲများကို တင်ပြပေးနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ ၏ပြောကြားချက်အရသိရသည် ။

Messenger News Journsl

2 comments :

Anonymous said...

ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။အဲသည်မှကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင်
ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်
How about the promise 1990.NLD win and when NLD can not do for count,Daw Su said"I cant do it alone.If u want to get change,do it urself.Is that the leader speech?
Comments?

Anonymous said...

Daw Su
Keep on doing.Wait at outside like 1990.After 20 years,rejoin the next election.Do u know to play the politics?
What is ur plan?If the goverment dont change the word,will u wait next 20 years or fight on the street?