Tuesday 1 May 2012
ကိုမိုးသီး နဲ့  အင်တာဗျူး
နေ့ သစ် - ဒေါ်စု က ကျမ်းကျိန် မယ်။ ပါလီမန် တက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အပေါ် ကိုမိုးသီးရဲ့ သဘောထားက  ။ 
မိုးသီး - ကောင်းပါတယ်။ ခုလိုဆုံးဖြတ်လိုက်တာ။ တ ကယ်က ပါတီမှတ်ပုံတင်ကတည်းက၊
ရွေးကောက်ပွဲဝင်လိုက်ကတည်းက ၂၀၀၈ ကို လက်ခံ ရတဲ့သဘောဖြစ်နေတယ်။ ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလ တုံးက ရွေးကောက်ပွဲဝင်ရင် 
ဖြစ်လာနိင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ဘူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိင်တယ်ဆိုတဲ့အချက်ကို ကျနော်ရေး ပေးလိုက်ပါတယ်။ 
(  ဒီချုပ်ခေါင်းဆောင်တွေ ရဲထုံးစံအတိုင်း ဖတ်ကြမယ်တော့မထင်ဘူး။) 
 ထားပါတော့ ။ 
အခု လက်တွေ့ ဆန်တဲ့ နိင်ငံရေးကိုသူလုပ်ခဒေါ်စုလုပ်ခွင့်ရတာပေါ့။ဒါကြောင့် ဒေါ်စုကို ပါလီမန်သွားတက်စေချင်တာပါ။  သူဟာ ရွေးကောက်ခံအမတ်တယောက်ဖြစ်လာပြီ။ 
အရင်ကလို Icon  နိင်ငံရေးကနေ လက်တွေ နိင်ငံရေး ( Real Politics) ကို လုပ်ဆောင်ရပြီပေါ့ဗျာ။  အပြော နဲ့အလုပ် တွေက မှတ်တမ်းတွေနဲ့ ဖြစ်လာပြီပေါ့။ 
လက်တွေ ရလဒ်တွေ ထွက်အောင်လုပ်တဲ့ ကိစ တွေဖြစ်လာပြီ။ နောက်တခုက
သူကို ဝေဖန်တာတွေ၊ ကန့် ကွက်တာတွေ ပြောင်လုပ်လာမဲ့ သူတွေကို သူရင်ဆိုင်ရမယ်။ ဒါကို သည်းခံတတ်ဖို့ ။ စိတ်မဆိုးဖို့ လိုမယ်။ စကားမပြောတာ။ ပြန်ပြီး မဆက်သွယ်တာတွေလုပ်လို့ မရတော့ဘူး။  သဘောထားအမြင်မတူတဲ့သူတွေကို စည်းရုံးရတော့မယ်။ 
နေ့ သစ် - ဒေါ်စု ပါလီမန်ထဲ ကိုရောက်လာပြီဆိုတော့ သူက ကြံ့ဖွတ်အမတ်တွေ ကို စည်းရုံးပြီး အခြေခံဥပဒေကို ပြင်လာနိင်မယ် လို့ ယူဆလား။ 
မိုးသီး - ပြောရခက်တယ်။ အခြေခံအားဖြင့် လူတွေဟာ ကိုယ်ရပ်တည်နေတဲ့ ပါတီအဖွဲ့ အစည်း 
အသင်းအပင်းတွေကို  Loyalty  ရှိကြတယ်။  ကျနော်တို့ ငယ်ငယ်က ထုတ်စီးတိုးတန်း ကစားကြလို့ လူခွဲ လိုက်ရင် တော့ ကိုယ်ဖက်က အဖွဲ့ ပေါ်မှာ သစာ ရှိကြတာအနစ်နာခံကြတာရှိတယ်။ ဇီဝဗေဒပညာရှင်  ပါမောက ရစ်ချပ် ဒန် ခင် ရဲ့  Selfish Gene  ဆိုတဲ့ စာအုပ်မှာ လူတွေ ဟာ  ကိုယ်အုပ်စု၊ ပါတီ၊ လူမျိုးအပေါ်မှာ အသက်ပါစွန့် လွတ် ပြီး ကာကွယ်လေ့ရှိကြတဲ့  ဒီဗီဇ ရှိနေတယ် လို့ ဆိုတယ်။ 
ရှိတော့ရှိကြပါတယ်။ ဒါကြောင့် ဒေါ်စုပါလီမန် ထဲမှာ ပြောလိုက်လို့  ကြံဖွတ်အမတ်တွေက လိုက်လုပ်မယ်။ ထောက်ခံလာကြမယ်ဆိုတာ ကျနော်တော့သိပ်မမြင်သေးဘူးလို့ မြင်တယ်။ 
ဘာဖြစ်လို့ လဲဆိုတော့ သူပြောထားတဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး နဲ့ အခြေခံဥပဒေပြင်ဆင်ရေး တွေဆိုတာ ကြံ့ဖွတ်အမတ်တွေ ရဲ့ အကျိုးတူ စီးပွား ကို တိုက်ရိုက်
ခြိမ်းခြောက်နေတဲ့ အရာတွေဖြစ်နေတယ်။ 
နေ့ သစ် - ဒေါ်စု နဲ့အရွေးခံအမတ်တွေကို ဘာလုပ်စေချင်လဲ လို့ တခွန်း တည်း ပြောဗျာ။ 
မိုးသီး - ရေ လာအောင်၊ မီး ပုံမှန်ရအောင်၊  ကျမာရေး စောင့်ရှောက်မှုတွေရအောင်၊ တယ်လီဖုန်းတွေဈေးကျအောင်လုပ် စေချင်တယ်။ ကြိုးပန်းစေချင်တယ်။  အလွယ်ဆုံး ဟာတွေက နေ စတင် လှုပ်ရှားဖို့ ကျနော်တိုက်တွန်းခြင်တယ်။  ဒီအာဂျင်ဒါတွေက ကြံ့ဖွတ်တွေပါ စိတ်လှုပ်ရှားလာပါလိ့မယ်။ 
နေ့ သစ်- အစိုးရဖက်ကရော ဘယ်လို့ ခြေလှမ်းတွေပြင်လာနိင်မလဲ။ 
မိုးသီး - အစိုးရဖက်ကတော့ ဒေါ်စုရဲ့ ပါဝါ ကြီးထွားမလာအောင် ခြုံ ပြစ် ( Minimize ) လုပ်မှာပဲ။ 
ဒါကလဲလွယ်ပါတယ်။  စီးပွားရေး မှာပြုပြင်ပြောင်းလဲလာမယ်ဗျာ။ အခြေခံလိုအပ်ချက်တွေကို 
အောက်ခြေလဘ်စားမှုတွေကိုနှိမ်နင်းမယ်။  တစုံတရာပွင့်လင်းလွတ်လပ်မှုတွေပေးလာတာနဲ့  
အစိုးရက လူထု ထောက်ခံမှု တဖြေးဖြေးတက်လာနိင်တယ်။ တိုင်းရင်းသားတွေနဲ့  အပြစ်ရပ်မယ်။ ၂၀၁၅ အတွက် ပြင်ဆင်ပြီးသား
ဖြစ်လာမယ်။  ထောက်ခံမှုတွေရလာနိင်တယ်။ 
ဒေါ်စု နဲ့  ၈၈ တွေကို အရင် က ဖမ်းတယ် နိပ်ကွက်တယ်။  ဒီတော့သူရဲ ကောင်းတွေဖြစ် လာ တယ်။ အခုဟာ မဖမ်းတော့ ဘူးဆိုတာ့ သူရဲ ကောင်း ဖြစ်ဖို့ က ကိုယ်ဖါသာကိုယ်ဆက်လုပ်ကြရမယ်။ လုပ်ကိုင်နိုင်စွမ်း Capacity က အရေးကြီးလာကြမယ်။
စီမံခန့် ခွဲမှု ( Management ) တွေ က စကားပြောလာမယ်။  
နေ့ သစ် - ဆိုလိုတာ က  
မိုးသီး - ဆိုလိုတာက ပို ပြီး အလုပ်လုပ်၊ အရေအသွေး ကို ပို ပြီး မြှင့်တင်၊ ပို ပြီး မဟာမိတ်တွေနဲ့ ပို ပြီး ပူးပေါင်းဆောင်ရွက်။
ပွင့်ပွင့်လင်းလင်းပြောရရင်  ဦးသိန်းစိန် က ပို ပြီး နာမည်ရနေတယ်။ ပို ပြီး အလုပ်လုပ်နေတာ
နားထောင်တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်။  သူတို့ ထဲမှာ ပြုပြင်မှုတွေလုပ်နေကြတယ်။
ဒီချုပ်နဲ့  ပတ်သက်လို့ လူတွေက ဝေဖန်မှုတွေတဖြေးဖြေး နက်ရှိုင်းလာနေတယ်။  ဦးကျော်ဆန်း လိုခံစားချက်ဖြစ်သွားတဲ့ လူတွေရှိနေတယ်။ လူသစ်လူဟောင်း ခံစားချက်တွေ ဖြစ်လာနေတယ်။
 အနား ပြာတွေက များ ပြီး အရေအသွေးက ကျဆင်းနေတယ်။ ဒါတွေက အစ ပြင်ရမယ်။ 
10 comments :
Anonymous said...
ကိုမိုးသီးကိုကြည့်ရတာဒေါ်စုထက်ပိုပြီးတော်ပုံတတ်ပုံရတယ်အပြင်ကနေအော်နေမဲ့အစားဗမာပြည်ပြန်လာပြီးဒေါ်စုနေရာမှာဝင်လုပ်ပါလားကြိုဆိုပါတယ်ဆရာကြီး။
Anonymous said...
ကိုမိုးသီးကဆရာကြီးပါလား။အရမ်းအတွေးအခေါ်ကောင်းတာဘဲ။တကယ်ကဒေါ်စုကကိုမိုးသီးကိုဆရာတင်ရမှာ။
Anonymous said...
ဒေါ်စု နဲ့ ၈၈ တွေကို အရင် က ဖမ်းတယ် နိပ်ကွက်တယ်။ ဒီတော့သူရဲ ကောင်းတွေဖြစ် လာ တယ်။ အခုဟာ မဖမ်းတော့ ဘူးဆိုတာ့ သူရဲ ကောင်း ဖြစ်ဖို့ က ကိုယ်ဖါသာကိုယ်ဆက်လုပ်ကြရမယ်။ လုပ်ကိုင်နိုင်စွမ်း Capacity က အရေးကြီးလာကြမယ်။
စီမံခန့် ခွဲမှု ( Management ) တွေ က စကားပြောလာမယ်
Daw Su
Never say again "I cant do alone.If u want to get change,do it urself.That made me bad impresion to u.
မြေလတ်မောင်မြင့်မိုရ် said...
ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလ တုံးက ရွေးကောက်ပွဲဝင်ရင်
ဖြစ်လာနိင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ဘူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိင်တယ်ဆိုတဲ့အချက်ကို ကျနော်ရေး ပေးလိုက်ပါတယ်။
( ဒီချုပ်ခေါင်းဆောင်တွေ ရဲထုံးစံအတိုင်း ဖတ်ကြမယ်တော့မထင်ဘူး။) ကျေးဇူးပြုပြီး..link လေးပြန်တင်ပေးပါလားဗျာ..ဘယ်တုန်းကတင်ခဲ့တယ်ဆိုတာ..ကျွှန်တော်က..ကိုမိုးသီးရဲ့အတွေးတွေကိုသဘောကျသူပါ။
မြေလတ်မောင်မြင့်မိုရ် said...
ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလ တုံးက ရွေးကောက်ပွဲဝင်ရင်
ဖြစ်လာနိင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ဘူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိင်တယ်ဆိုတဲ့အချက်ကို ကျနော်ရေး ပေးလိုက်ပါတယ်။
( ဒီချုပ်ခေါင်းဆောင်တွေ ရဲထုံးစံအတိုင်း ဖတ်ကြမယ်တော့မထင်ဘူး။) ကျေးဇူးပြုပြီး..linkတင်ပေးပါလားဗျာ..ဘယ်တုန်းကတင်ခဲ့တယ်ဆိုတာ..ကျွှန်တော်က..ကိုမိုးသီးရဲ့အတွေးတွေကိုသဘောကျသူပါ။
မြေလတ်မောင်မြင့်မိုရ် said...
ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလ တုံးက ရွေးကောက်ပွဲဝင်ရင်
ဖြစ်လာနိင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ဘူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိင်တယ်ဆိုတဲ့အချက်ကို ကျနော်ရေး ပေးလိုက်ပါတယ်။
( ဒီချုပ်ခေါင်းဆောင်တွေ ရဲထုံးစံအတိုင်း ဖတ်ကြမယ်တော့မထင်ဘူး။) ကျေးဇူးပြုပြီး..linkတင်ပေးပါလားဗျာ..ဘယ်တုန်းကတင်ခဲ့တယ်ဆိုတာ..ကျွှန်တော်က..ကိုမိုးသီးရဲ့အတွေးတွေကိုသဘောကျသူပါ။
Anonymous said...
NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်
Why dont they say when she against?
Answer...I do politics with no brain.i worship Aunty Su personaly.Whatever Kyaw Hein do,i agree.If she say the sun set from west to east,i agree.If u against,i will fight from Aunty Su side.This is my brainless politics.I belive democracy but u have no right to critize Aunty Su.
Anonymous said...
By-elections ‘will not be free and fair’: Suu Kyi
She is idiot.She want 100%.If she wants 100%,dont join.U Than Shwe has to go to gallow if he do 100%fair.
Anonymous said...
Maung Moe Thee, nobody is perfect. Do you think that you can do better than Daw Aung San Suu Kyi? Why don't you go back Myanmar and teach the public what is the democracy? You are not a man of honor to talk about Myanmar affair. You don't know what is happening in Myanmar. Before you talk about others, you must learn and criticize yourself first.
Anonymous said...
Maung Moe Thee, don't be so stupid. You are really out of this scenario. Can you spend your time in cell not decade for only 1 day? You can't do that. You can't pay for people of Burma's hopes. Be quiet. That's my suggestion.
One of Thin Ghan Gywun Thar