Friday 18 May 2012

အမေရိကန်ရဲ့မြန်မာအပေါ်မှာပြောင်းလဲလာတဲ့စီးပွါးရေးမူဝါဒ

မြန်မာနိုင်ငံအား ပိတ်ဆို့ထားခဲ့သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ်ချက်တွေကို လျှော့ပေါ့ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက မေလ(၁၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆက်ဆံရေး လမ်းပွင့်လာခြင်းမှာ မြန်မာအစိုးရမှ ပြုပြင်ပြောင်းလဲလိုသူတွေ ၊ လူထုအခြေပြုအဖွဲ့အစည်းတွေကို အထောက်အကူ ပြုနိုင်ဖို့ အဓိကအရေးပါကြောင်း ကြေငြာချက်ထဲ၌ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
ထိုကဲ့သို့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲ၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မေလ(၁၆)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တားမြစ်ထားတာကို ဆိုင်းငံ့ထားလိုက်ပေမယ့် တိုးတက်ပြောင်းလဲမှုတွေ နောက်ပြန်လှည့်လာတာမျိုးမရှိအောင် ပိတ်ဆို့မှုဥပဒေတွေ ဆက်လက်ထားရှိမှာဖြစ်ပေမယ့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါကြောင်း မစ္စကလင်တန်က ပြောဆိုခဲ့ပါတယ်။ လက်နက်ရောင်းဝယ်မှုကိုလည်း ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ကိုလည်း မစ္စကလင်တန်က တောင်းဆိုခဲ့ပါတယ်။
Source : RFA
ပုံရိပ်(burmesehearts.com)

No comments :