Tuesday 8 May 2012

ခင်ရွှေရဲ့ ဇေကမ္ဘာ ကို အဖြေရှာဖို့ လွှတ်တော် မှာ တောင်းဆိုကြ



ဗွီဒီယိုမှတ်တမ်း- RFA

လွှတ်တော်ဥက္ကဌကြီး ရွှေမန်း ရဲ့ ခမည်းခမက် ရှင်ဥက္ကဌ ခင်ရွှေ ရဲ့ ဥပဒေမဲ့ လယ်မြေသိမ်းပိုက်နေမှု ကို အရေးယူဖို့ တောင်းဆိုကြ။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ရွှေနံသာကျေးရွာ က လယ်သမားတွေက သူတို့ပိုင် လယ်ယာ မြေတွေကို ဇေကမ္ဘာကုမ္ပဏီ က သိမ်းယူထားတာနဲ့ ပတ်သက်ပြီး မနေ့က သတင်းသမားတွေကို ရှင်းလင်းခဲ့ပါတယ်။   

လွှတ်တော်ကိုယ်စလှယ်လုပ်နေတဲ့ ဇေကမ္ဘာ ပိုင်ရှင် ခင်ရွှေဟာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း သားနဲ့ သူ့သမီးကို ထိုးကျွေးပြီး လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက်ဆိုတဲ့ အရှိန်နဲ့ လယ်ယာမြေတွေ ကို ကိုယ်ကျိုးစီးပွားအတွက် သိမ်းယူနေတယ်။ 

လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက်ဆိုတဲ့ အရှိန်ကြောင့် တော်ရုံလူက၊ တော်ရုံအစိုးရဝန်ထမ်းက ဒီခင်ရွှေကို ကြောက်ရတော့တာပါပဲ။ အဲဒီမှာ အကျင့်ပျက် ဝန်ထမ်းကို ဟောက်ဟမ်း သိမ်းသွင်း ပြီး မရှိဆင်းရဲသားတွေ လယ်မြေကို အတင်းအဓ္ဓမ ဥပဒေမဲ့ သိမ်းထာတာ လယ်မြေဧက ထောင်ကျော်ရှိနေပြီ။  

လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက်ဆိုတဲ့ အရှိန်ကြောင့် လည်း ခင်ရွှေ ဟာ အသင်းအဖွဲ့တွေ တော်တော်များများမှာ ဥက္ကဋ္ဌ ရာထူးတွေ ယူထားတယ်။ ကျန်တဲ့ သူတွေက အရူးဘုံမြှောက်လုပ်ပြီး ဥက္ကဋ္ဌ ကြီးလို့ ခေါ်ရင် သိပ်သဘောကျတယ်။ ဆောက်လုပ်ရေးအသင်း ဥက္ကဋ္ဌ ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ၊ ယိုးဒယား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ စတာမျိုးတွေပါ။ ဦးရွှေမန်းက လွှတ်တော်ဥက္ကဌ၊ သူက ရှင်ဥက္ကဌ ဆိုပြီး လူတွေရှေ့မှာ ဂုဏ်ယူပြောဆို လေ့ရှိတယ်။

ဘယ်သူမှ ဥပဒေ အထက်မှာ မရှိရ လို့ ကြွေးကျော်ခဲ့တဲ့ လွှတ်တော်ဥက္ကဌကြီး ကလည်း ခမည်းခမက် ကို အကာအကွယ်ပေးမှာလား၊ ပြည်သူ ကို အကာအကွယ်ပေးမှာလား ဆိုတာ လွှတ်တော်ကိုယ်စလှယ်တွေ အားလုံက မေးခွန်းထုတ်ကြရမှာပါ။ လောလောဆယ်တော့ လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက် ဇေကမ္ဘာပိုင်ရှင် ရှင်ဥက္ကဌ ခင်ရွှေ ဟာ ဥပဒေ အထက်မှာရှိနေပြီး၊ မရှိဆင်းရဲသားတွေ လယ်မြေတွေကို အာဏာအလွှဲသုံးစားပြု အတင်းအဓ္ဓမ ဥပဒေမဲ့ သိမ်းထားတယ်။

ခင်ရွှေရဲ့ ဇေကမ္ဘာ ကို အဖြေရှာဖို့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စလှယ်များ လွှတ်တော်မှာ တင်ပြသင့်တယ်။ လွှတ်တော် မှာ အကျင့်ပျက်ချစားပြီး၊အာဏာအလွှဲသုံးစားပြု ကာ  ပြည်သူပိုင် လယ်မြေတွေ ကို သိမ်းယူနေတဲ့ လွှတ်တော်ကိုယ်စလှယ် ခင်ရွှေ ကို အရေးယူ အပြစ်ပေးဖို့ လယ်သိမ်းခံ တောင်သူလယ်သမားတွေ ဟာလည်း  သက်ဆိုင်ရာ လွှတ်တော် ကိုယ်စလှယ်များထံ စုရုံးပြီး၊ တောင်းဆိုကြပါ။

No comments :