Tuesday, 8 May 2012

တောင်ကိုရီးယားသမ္မတ မကြာမီမြန်မာနိုင်ငံသွားမည်

 ၂၀၁၂ မေလ ၉ ရက်

တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ သမ္မတဟာ မြန်မာနိုင်ငံနေပြည် တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံ မှာဖြစ်ပြီး ရန်ကုန်မြို့တွင် ကိုးရီးယားနိုင်ငံ ဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် ကြီးများနှင့်ပါ တွေ့ဆုံသွားမှာ ဖြစ်ကြောင်း၊ အာဇာနည် ဗိမာန်မှာ ကျဆုံးခဲ့တဲ့ ကိုရီးယား ၀န်ကြီး များကိုလည်း သွားရောက် ဂါရ၀ပြု မှာဖြစ်ကြောင်း သိရပါတယ်။
အခုလို လာရောက် လည်ပတ်ခြင်းဟာ တောင်ကိုရီးယား- မြန်မာ ဆက်ဆံရေးအပေါ် လွန်ခဲ့တဲ့ နှစ်များနဲ့ မတူ သိသာစွာ တိုးတက် ပြောင်းလဲ လာခဲ့ခြင်း ဆိုတာကို ဖော်ဆောင်နေပါတယ်။ ဦးသိန်းစိန် အစိုးရ တက်ပြီး ကာလမှာ နိုင်ငံတကာ နဲ့ဆက် သွယ်မှုတွေ မမျှော်မှန်းနိုင်လောက်အောင် တိုးတက်လာခဲ့ပြီး အထူးသဖြင့် အနောက် ဥရောပ နိုင်ငံတွေအထိ ဆက်ဆံရေး တွေဟာ ခြေလှမ်းကြဲကြဲနဲ့ လှမ်းဆန့် နိုင်ခဲ့တယ်ဆိုတာကို မျက်ဝါး ထင်ထင်တွေ့ မြင်နေကြရတာဖြစ်ပါတယ်။
source:ရွှေဟင်္သာသတင်း

No comments :