'' ရဲ သူ ယူ ''
သူတို့  နိင်ငံ က
မြေကြီး က ဒို့ လိုမြေကြီးပဲ။
သစ်ပင်ကလဲ ဒို့ လိုသစ်ပင်ပဲ။
လယ်ကွင်းတွေကလဲ ဒို့ လိုလယ်ကွင်းပဲ။
ရေကလည်း ဒို့ လို ရေပဲ။
ချောင်းတွေကလဲ ဒို့ လိုချောင်းတွေပဲ။
တိမ်တိုက်တွေကလဲ ဒို့ လို တိမ်တိုက်တွေလိုပဲ။
လူတွေကလဲ ဒို လို့ ပုံတွေပဲ ။
ဘာဖြစ်လို့ 
သူတို့  အိမ်တွေ၊ တိုက်တွေပိုကောင်းနေသလဲ။
ဘာဖြစ်လို့ သူတို့ မှာ သောက်စရာရေရှိသလဲ။
ဘာဖြစ်လို့ သူတို့ မှာ လျုပ်စစ်မီးရှိနေသလဲ။
ဘာဖြစ်လို့ သူတို့ ဒုက`ခ တွေက ပိုသေးနေသလဲ။
ဘာဖြစ်လို့ သူတို့ သုခ က ပိုကြီးနေသလဲ။
သူတို့ အစိုးရဟာ၊ ဒို့ အစိုးရထက် မကလို့ လား။
သူတို့ ဟာ ဒို့ ထက် မန လို့ လား။
သူတို့ မှာ ဒါမျိုးတွေရှိရင်
ငါဒို့ မှာ လဲ ဒါမျိုးတွေရှိ ကိုရှိရမယ်။
သေချာတာကတော့
ဒါတွေဟာ တနေရာမှာရှိကိုရှိနေတယ်။
ငါဒို့ ဟာ ကိုယ်လိုချင်တာကို
မယူရဲလို့  မရှိသေးတာပဲ။
- မိုးသီးဇွန် -
( ၂၀၁၀၊ မလေးရှားသွားတောလား )
No comments :
Post a Comment