Friday 11 May 2012

ဂေါက်သီးစာမိတော့မယ့် ပုဂံရှေးဟောင်းဘုရားတွေ

Linn Thit
[ပုဂံဂေါက်ကွင်းကို ရှေးဟောင်းစေတီ ပုထိုးများ ၀န်ရံလျက်ရှိပြီး ဂေါက်ရိုက် ကစားသမားများမှာ စေတီပုထိုးများကြား ဂေါက်ရိုက် ကစားနေရ သကဲ့သို့ ခံစားရမည် ဖြစ်သည်။

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလို ခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံ မြေခံ ကောင်းတဲ့ အပြင် အခုလို ပုဂ္ဂလိကကို လွှဲပြောင်း လိုက်တော့ နိုင်ငံတကာ အဆင့်မီ ကွင်း ဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု
... (အပြည့်စုံဖတ်ဖို့ ခေါင်းစဉ်ကို နှိပ်ပါ) ဂေါက်သီး ကစားသမား ဦးဝင်းမြင့်က ဆိုသည်။]

`စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတာ အရသာပဲ´ တဲ့၊ `ရေခံ မြေခံ ကောင်းတယ်´ တဲ့။

ဂေါက်ကွင်းနဲ့ ပက်သက်ဖူးတဲ့ သူတွေ ကြုံဖူးမှာပါ။
တချို့ ဂေါက်သီးသမားတွေ လက်စွမ်းထက်လို့ ကယ်ဒီကို ပိတ်မှန်တာ၊ သစ်ပင်ကို ပိတ်မှန်တာတွေ။

အဲ့ဒီ ဂေါက်သီးတွေက စေတီ ပုထိုးတွေကို ပိတ်မှန်ရင်ကော … … …။

……………………………………………………….................

`ပုဂံဂေါက်ကွင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပြီးနောက် နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်´

ယုယုမော် (Myanmar Times)
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ပုဂံမြို့ ညောင်ဦး မြို့နယ်ရှိ ပုဂံဂေါက်ကွင်းကို Amazing Holiday Hotels and Resort Co., Ltd. က မေလ ၁ ရက်နေ့ မှ စတင် လွှဲပြောင်း ယူပြီးသည့်နောက် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းဖြစ် လာစေရန် အကြီးစား ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ထိုကဲ့သို့ ပြန်လည် မွမ်းမံမှုများ ပြုလုပ်ရာတွင် ကမ္ဘာ့ ဂေါက်သီးရိုက် ကစားသမား Mr Gabriel Hjertstedt နှင့် အမေရိကန် ကစားမား Mr TC Swartz တို့ကို ဖိတ်ခေါ်၍ နိုင်ငံတကာ အဆင့်မီကွင်း ဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု သူက ဆိုသည်။

'သူတို့ရဲ့ နိုင်ငံတကာ ဂေါက်ကွင်း အတွေ့အကြုံတွေနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး ကွင်းကြီးကို အကောင်းဆုံး ဖြစ်လာအောင် ပြင်ဆင် သွားမယ်။ အခုဆိုရင် ကွင်းကြီးတစ်ခုလုံး မြက်တွေ ဘန်ကာတွေ အကုန်လုံး ပြန်ပြင်ရမယ်။ သူတို့ ကိုယ်တိုင် ကျွန်တော်တို့နဲ့ ကွင်းဆင်းပြီး လိုအပ်တဲ့ဟာတွေကို တိုင်းတာ တွက်ချက်ခဲ့တယ်"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဂေါက်ကွင်းသည် ၁၈ ကျင်း ပါဝင်ပြီး ၂၀၈ဧက အကျယ်အ၀န်း ရှိသည်။

ဂေါက်ကွင်းကြီးသည် နှစ်နှစ် အတွင်း နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း တစ်ခု ဖြစ်လာနိုင်သည်ဟု Mr Gabriel က သုံးသပ် ပြောသည်။

ထို့ပြင် အမေရိကန် ကစားသမား Mr TC ကလည်း "ဒါဟာ အလွန် သေချာတဲ့ သုံးသပ်မှု တစ်ခုပါ။ အလှစိုက် အုန်းပင်တွေနဲ့ အဖြူရောင် မြက်တွေ ကွင်းထဲမှာ ရှိနေတာ အရမ်း ကောင်းတဲ့ အချက်ပဲ။ မြက်ပင်တွေကိုတော့ ပြန်စိုက်ရမယ် ဂေါက်ကွင်း တစ်ခုမှာ မြက်ပင် အမျိုးအစား ကောင်းကောင်း စိုက်ပျိုး ထိန်းသိမ်းနိုင်ဖို့ လိုတယ်။ "အခုလည်း ကျွန်တော်တို့ အဲဒီ အပိုင်းမှာ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဆွေးနွေးဖို့ ရှိတယ်" ဟု ပြောသည်။

ပုဂံ ဂေါက်ကွင်းကို ရှေးဟောင်း စေတီ ပုထိုးများ ၀န်းရံလျက်ရှိပြီး ဂေါက်ရိုက် ကစားသမားများမှာ စေတီ ပုထိုးများကြားဂေါက်ရိုက် ကစားနေရသကဲ့သို့ ခံစားရမည်ဖြစ်သည်။

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီ ပုထိုးတွေ ကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလို ခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံ မြေခံကောင်းတဲ့ အပြင် အခုလို ပုဂ္ဂလိကကို လွှဲပြောင်းလိုက်တော့ နိုင်ငံတကာ အဆင့်မီကွင်း ဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု ဂေါက်သီး ကစားသမား ဦးဝင်းမြင့်က ဆိုသည်။

ပုဂံဂေါက်ကွင်းကို လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီးဌာနက နှစ် ၆၀ ငှားရမ်းမှုဖြင့် လွှဲပြောင်း ရယူပြီးသည့်နောက် ယခုနှစ် အောက်တိုဘာလတွင် ရွှေဘောလုံးဆု ပြည်တွင်း ဖိတ်ခေါ် ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများလည်း လက်ခံ ကျင်းပသွားမည်ဟု ဂေါက်ကွင်း တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။

"မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ် နဲ့ ပူးပေါင်းပြီး ပြည်တွင်း ဖိတ်ခေါ် ပြိုင်ပွဲတွေ နှစ်စဉ် လုပ်သွား မယ်။ အခု မေလ အတွင်းမှာလည်း အနီးတစ်ဝိုက်မြို့က လူတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ လုပ်ပေးပါဦးမယ်" ဟု ၎င်းက ဆိုသည်။

၁၉၉၆ ခုနှစ်တွင် ပုဂံ ဂေါက်ကွင်းကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနက စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ APGA နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ ကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲ တွင် နိုင်ငံတကာမှ ဂေါက်သီးရိုက် ကစားသမား အယောက် ၁၀၀ ပါဝင် ယှဉ်ပြိုင် ခဲ့သည်။

ထို့ပြင် ပြည်တွင်း ပတ်လည် ဖိတ်ခေါ် ပြိုင်ပွဲနှင့် ဌာနဆိုင်ရာ ပြိုင်ပွဲများကိုလည်း ၂၀၀၉ ခုနှစ် အထိ ကျင်းပခဲ့သည်။

"လယ်ဆည် လက်ထက်မှာ ကွင်းကြီးကို အထိုက် အလျှောက် ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဌာနဆိုင်ရာ ပြိုင်ပွဲတွေ အတွက်ကို အဓိကထား လုပ်ခဲ့ပေမယ့် အခု ပုဂ္ဂလိကကျတော့ နိုင်ငံတကာ ပြိုင်ပွဲတွေနဲ့ ပုဂံကို လာရောက် အပန်းဖြေမယ့် နိုင်ငံခြားသား ဧည့်သည်တွေ အပြင် ဂေါက်သီးရိုက် ကစားသမားတွေ အတွက် အဓိကထား ပြင်ဆင် မွမ်းမံနေ ပါတယ်"ဟုအဆိုပါ ကွင်းတွင် လုပ်သက် ၁၃ နှစ် အတွေ့ အကြုံ ရှိသည့် တာဝန်ခံ ဦးအောင်မြင့်က သုံးသပ် ပြောကြားသည်။

http://www.myanmar.mmtimes.com/2012/upper/568/upper02.html

……………………………………………………….................

`၀မ်းသာ ၀မ်းနည်း ဖြစ်ရတဲ့ ပုဂံ´ - လင်းသစ်

https://www.facebook.com/photo.php?fbid=150027898461890&set=a.119943878136959.20764.100003640438731&type=3

……………………………………………………….................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=article&id=13492%3A---unwto----&catid=42%3A2009-11-10-07-36-59&Itemid=112

……………………………………………………….................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

https://www.facebook.com/photo.php?fbid=150026531795360&set=a.119943878136959.20764.100003640438731&type=3&permPage=1

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=13481%3A2012-05-08-07-04-09&catid=45%3A2009-11-10-07-45-41&Itemid=113

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

https://www.facebook.com/photo.php?fbid=149295711868442&set=a.119943878136959.20764.100003640438731&type=3

……………………………………………………….................


1 comment :

Anonymous said...

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလို ခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံ မြေခံ ကောင်းတဲ့ အပြင် အခုလို ပုဂ္ဂလိကကို လွှဲပြောင်း လိုက်တော့ နိုင်ငံတကာ အဆင့်မီ ကွင်း ဖြစ်လာမယ်လို့ ထင်ပါတယ်"

Ball hitters, try hit your own balls in other international places, pay respects to our Holy land. SHAME ON YOU.