Monday, 7 May 2012

ထိုင်းအမျိုးသမီးများ ကမ္ဘာ့ ထိပ်သီးဂေါက် အဆင့် ကိုရောက်ရှိလာ


 
Thai runs hot to win LPGA event
Pornanong Phatlum poses with her trophy after winning the Brazil Cup and 3.3 million baht. 
(AFP photo)


ထိုင်းအမျိုးသမီးဂေါက်သီးသမားများ ဟာ ကမ္ဘာကျော် ဂေါက်သီးလောက အဆင့်ထဲကို ထိုးဝင် ရောက်ရှိလာနေကြပါပြီ။ ဒီအပတ် ဘရာဇီးနိုင်ငံ Itanhanga   ဂေါက်ကလပ် မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံမှ  အမျိုးသမီးငယ် ဂေါက်သီးသမား Pornanong Phatlum  က ၆၇ ချက်ရိုက်ပြီး ကမ္ဘာ့နာမည်ကျော် အမျိုးသမီးဂေါက်သီးသမားများ ကို အနိုင်ရကာ ဗိုလ်စွဲသွားခဲ့တယ်။ ပြိုင်ပွဲနောက်ဆုံးနေ့ မှာ သတ်မှတ်ချက်ထက် ၆ ချက်လျော့ရိုက်ပြီး၊ စုစုပေါင်း ၁၃ ချက်လျော့ရိုက်ကာ ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်တယ်။ သူမဟာ ပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ဆုငွေ အမေရိကန် ဒေါ်လာ ၁၀၈, ၀၀၀၊ ဘတ်ငွေ ၃.၃ သန်း ရရှိသွားခဲ့တယ်။    

နောက်ဆုံးနေ့ ပထမ ၉ ကြွင်းမှာ  Bardies ၅ ချက်ရိုက်နိုင်ခဲ့ပြီး၊ ယင်းနေ့မှာ စုစုပေါင်း Bardies 6  ချက်၊ ပွဲစဉ်တခုလုံးမှာ   Bardies ၁၃ ချက်ရိုက် ရိုက်ပြသွားခဲ့တယ်။ ထိုင်ဝမ်မှ Amy Hung   က နောက်ဆုံးနေ့မှာ  Bardies 9 ချက် ၊ Bogey တချက်ဖြင့်ပြိုင်ပွဲမှာ အမှတ်အနည်းဆုံး ရိုက်ပြနိုင်ခဲ့သော်လည်း စုစုပေါင်းရိုက်ချက် မှာ ဒုတိယနေရာ ရရှိကာ ၊ အမေရိကန်နာမည်ကျော် ဂေါက်သီးအမျိုးသမီး   Paula Creamer ကတော့ Chella Choi  နဲ့အတူ တတိယနေရာ ပူးတွဲ ရရှိသွားခဲ့တယ်။

No comments :