Wednesday 16 May 2012

လှိုင်သာယာ ပုလဲ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆက်လက်ဆန္ဒပြ

မရမ်းကုန်း ခရိုင်အလုပ်သမားရုံးသို့ ချီတက်လာစဉ်


အခြေခံလစာ နည်းပါးခြင်း စက်ရုံတွင်းမှ လစာများ ဖြတ်တောက်ခြင်း မနက် ရး၀၀ မှ ည ၈း၀၀ ထိ အလုပ်လုပ်ရခြင်း ပိတ်ရက်မရှိ ခိုင်းစေခြင်းတွေကာင့် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခြေခံလစာ ၃၀၀၀၀ ကျပ် (ဒေးကေး အိုဗာတိုင်ကေးများ ခံစားရမအပါအ၀င်) အချက် ၁၃ ချက် ကိုတောင်းဆိုက ပါတယ်။ ၂ ရက်တိုင် အလုပ်မဆင်ဲး တောင်းဆိုနေပေမယ့် အလုပ်ရှင်က လာရောက်ဖြေရှင်းပေးတာမျိုးမရှိဘဲ ၃ ရက် ဆက်ပြလျှင် အလုပ်မှထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

၁၆. ၅. ၂၀၁၂ ရက်နေ့မှာ လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမတွေဟာ သူတို့ရဲ့ တောင်းဆိုချက် (၁၃) ချက် ကို ဖြေရှင်းပေးဘို့ မရမ်းကုန်းရှိ ခရိုင်အလုပ်သမားရုံးရှိရာ BM ကားငါးစီးနဲ့ ချီတက်ခဲ့ကြပြီး ညှိနှိုင်းခဲ့ရာ အဆင်မပြေဘဲ ပြန် လာခဲ့ရတယ်လို့ သိရှိရပါတယ်။





No comments :