Monday 28 May 2012
ငါ့ ကိုယ်စား မေးပေးပါ ဝေး ( ဖထီး စောစေး ၀ါး )
နယ်စပ်ဒေသရှိ ဒုက္ခသည်များက မေးရမဲ့ မေးခွန်းက ဒီလိုပါ။
၁-  မိမိတို့  နယ်မြေဒေသကို ပြန်ချင်လွန်းလို့  အဲဒီနယ်မြေတွေမှာ ရှိတဲ့  စစ်တပ်တွေကို ရုပ်သိမ်းဖို့  လုပ်ပေးနိုင်ပါ့မလား ။
၂-  မိမိတို့  နယ်မြေဒေသတွေကို စစ်တပ်က ရုပ်သိမ်းလို့  ပြန်သွားရရင် မိမိတို့ ရဲ့ ဆုံးရှုံးသွားတဲ့  စီးပွါးရေးအဆောက်အအုံ ၊ လယ်ယာမြေ ၊ အသက်အိုးအိမ်တွေအတွက် ဘယ်လို
     လျှော်ကြေးတွေ ပေးနိုင်ပါမည်လဲ ။
၃ - မိမိတို့ ရဲ့ နယ်မြေဒေသတွေကို နောင်တချိန်ချိန်မှာ ဘယ်တော့မှ စစ်တပ်က မလာတော့ပါဘူး ဆိုတဲ့  ဂတိခံဝန်ချက်တွေကို နိုင်ငံတကာအစိုးရရှေ့မှာ လက်မှတ်ထိုးပေးနိုင်ပါ့မလား ။
၎-  မိမိတို့  နယ်မြေဒေသတွေကို ပြန်ရရင် မိမိတို့  ရဲ့ ရပ်တည်နေထိုင်ရေးအတွက် အစစအရာရာ ပြင်ဆင်ပေးနိုင်ပါ့မလား ။
နယ်စပ်ဒေရှိ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့  မေးခွန်းက ဒီလိုပါ ။
၁-  ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရမှာနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံ၌ လက်နက်ကိုင်တပ်မတော် တခုတည်းသာ
     ရှိရေး-ပြဋ္ဌန်းထားတဲ့ အတွက် ယခုအပစ်အခတ်ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ထားတဲ့  အဖွဲ့ အစည်းတွေကို လက်နက်ချခိုင်းတာမျိုး ဖြစ်မနေဘူးလား ။
၂-   လက်နက်ကိုင်တပ်မတော် တခုတည်းရှိရေးဆိုတာကို တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေက လက်မခံဘူးဆိုရင် ဒါဟာ
     ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်သူလုပ်လုပ် မရဘူးဆိုတာ ဖြစ်မနေဘူးလား ။
၃-  တိုင်းရင်းသာလူမျိုးတွေရဲ့  ကိုယ်ပိုင်ပြဋ္ဌန်းပိုင်ခွင့်နဲ့  တန်းတူရေးကို အခြေခံတဲ့  ဥပဒေများရှိပြီး -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ တပ်မတော်တခုတည်းရှိရေး-
     ကို ပြင်ဆင်ကာ တိုင်းရင်းသားလူမျိုးများ ဒေသတွေမှာ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်အဖွဲ့ အစည်း ရှိရေးဆိုတာကို လက်သင့်ခံနိုင်ပါမည်လား ။
၎-  ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ စစ်တပ်တွေကို နောက်တန်းကို ပြန်ဆုပ်သွားစေဖို့  အမိန့် ပေးနိုင်သူလို့ 
      ထင်ပါသလား ။
၅-  ပြည်သူ့ လွှတ်တော်က ကချင်နယ်မြေဖက်မှာ စစ်ဆင်ရေးတွေကို ဒီလောက်တိုးပြီး လုပ်နေတာကို ဘာကြောင့်များ ရပ်ပေးပါလို့ မပြောကြားတာလဲဆိုတာ သတိထားမိပါရဲ့ လား။
ဖထီး စောစေးဝါး 
အုံဖြန် စခန်း 
2 comments :
Anonymous said...
Hi,mr...your question is not for DAW AUNG SAN SU KYI?you should to asked government,and yourself.you should to think,How to co-operate with DAW AUNG SAN SU KUI,and you should to learn how to make peace,development and what you can do for your people and your country.If you love your people and your country,you should try and start now,Don't asked anybody.thanks
Anonymous said...
If u want to get change,do it urself but vote my party for domocracy.
Daw Su.