Tuesday 29 May 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။            ။
 Yangon Press International

10 comments :

Anonymous said...

Should hold National Referendum whether Rohinja is Burma ethnic minority(Same like whether to include Burma into India or not) in early 1900s.

Anonymous said...

MYOWIN
Your mind set and attitudes are negative. Take a deep breath and relax before doing something. Otherwise u will still be in your mud and grass things.

Anonymous said...

this kind have governments in the country. Never will peace for the people

Anonymous said...

this kind have governments in the country. Never will peace for the people

Anonymous said...

ကျွန်တော်ကတော့ ဘယ်သူ့ ကိုမှ မတိုက်ခိုက်ချင်ပါဘူး။ ဘယ်ဘာသာကိုမှလည်း မတိုက်ခိုက်ချင်ပါဘူး။ ဒါပေမယ့် ကိုယ့် ဗုဒ္ဓဘာသာကို ထိပါးမယ့် အရာမျိုးကိုတော့ အားမပေးချင်ဘူး။ ဒီ ရိုဟင်ဂျာ အရေးမှာတော့ ဦးခင်ရီကို ထောက်ခံချင်ပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသားတွေ အနေနဲ့  အသိအမှတ် ပြုလိုက်ရင် ရခိုင်တိုင်းရင်းသားတွေ ကြာရင် မြန်မာပြည်ကနေ ပျောက်ကွယ်သွားရပါလိမ့်မယ်။ ကျွန်တော်တို့  ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီး ရခိုင်တိုင်းရင်းသားတွေဖက်က မားမားမတ်မတ်ရပ်တည်ပြီး ဒီ ဘင်္ဂလား ကုလားတွေ ကျူးကျော်တာကို ကာကွယ်ကြရပါမယ်။ စစ်အစိုးရကို အပုတ်ချချင်တာနဲ့ ပဲ ဒီကုလားတွေကို မြန်မာပြည်ထဲ ပေး အ၀င်ခံမယ်ဆိုတာကိုတော့ သိပ်သဘောမကျဘူးဗျာ။

Anonymous said...

ခင်ရီပြောလို့ အံသြစရာမှ မလိုတာ သူလဲ ရိုဟင်ဂျာအခွင့်အရေး ပိတပင်သူထဲက ဆန့်ကျင်သူထဲက တစ်ယောက်ပါဘဲ။ဘာကွါလို့လဲ ရှင်းနေတာကို ရှုတ်အေင်လုပ်သူချင် အတူတူပါပဲ။ တနေ့ကျရင် တရားဥပဒေအရ တာဝန်ယူ ဖြေရှင်းတဲ့အခါသာ ငါမပြောမိပါဘူးလို့ မလိမ်နဲ့ပေါ့။
ဗြောင်လိမ်တဲ့ ပညာကို အနှစ်နှစ်က သင်ကြားလာသူတွေဆိုတာ သက်သေပြနေတာပေါ့လေ။

Anonymous said...

yes...I agree with U Khin yee

Anonymous said...

Right U Khin Yee!! Absolutely right..There are no Rohinga..Only Bingarli...

Anonymous said...

မြန်မာတိုင်းရင်းသားတွေ အားလုံး ၀က်သားစားတယ်

ရိုဟင်ဂျာ က မြန်မာတိုင်းရင်းသားမှန်ရင် ၀က်သားစားရဲရမယ်

Anonymous said...

မြန်မာတိုင်းရင်းသားတွေ အားလုံး ၀က်သားစားတယ်။

ရိုဟင်ဂျာ က မြန်မာ တိုင်းရင်းသားဆိုရင် ၀က်သားစားပြ