International School တွေမှာ ပိုက်ဆံရှိတဲ့သူတွေ သာ ထားနိင်ပါတယ.်။ ကလေး ကျောင်းလ ခ က တလ ကို ဒေါ်လာ ၃၀၀ ကျပါတယ်။
အမေရိကန် က ကလေး ကျောင်းတွေထက် ဈေးကြီးနေတဲ့ကျောင်းတွေဖြစ်ပါတယ်။ ဒီလို ကျောင်းမျိုးကို ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းပဲထားနိင်ပါတယ်။
သာမန် ဆင်းရဲ သား ပြည်သူတွေက တလ ကို ကျပ် ၃ ထောင်ကျောင်းတောင် မထား နိင်ကြပါဘူး။
ပညာ ရေးဟာ အခွင့်အရေး ( Rights) မဟုတ်တော့ပဲ ပညာရေး ဟာ အခွင့်ထူးခံ ( Privilege ) ဖြစ်လာနေပါတယ်။
ကလေးကျောင်းစာရိတ်တွေကြီးမြင့်နေမှု အစိုးရက အထောက်ပံ လုံးဝမရှိမှုတွေကြောင်း
မြန်မာ ပညာရေးနဲ့ ပတ်သက်လို့  ဖေစ်ဘုတ် ထဲက မိတ်ဆွေ တဦးက ခုလို ငြီးထွားပါတယ်။
'' ရန်ကုန်က အစိုးရ ကျောင်းတွေ မှာ တက်နေရတဲ့ ကလေးတွေလဲ ဘာထူးပါသလဲ။ တစ်လ ၃ သိန်းနီးပါး ကျပါတယ်။ သချာင်္ ကျုရှင်ခ - ၂ သောင်း။ အင်္ဂလိပ် စာ ကျုရှင်ခ - ၂ သောင်း။ အိမ်မှာ စာကျက်ဖို့ guide က ၅ သောင်း။ ကျောင်း ကျူရှင် တက်တက်။ မတက်တက်- ၅ သောင်း။ နောက်ထပ် အင်္ဂလိပ်စာကို BC မှာ ထပ် သင် - ဒေါ်လာ ၁၀၀ကျော်။ ပေါင်းလိုက်တော့ ၃ သိန်းနီးပါး ကုန်မှ လူတန်းစေ့ မယ်။ စာတော်မယ်။ ''
လို့ ဆိုပါတယ်။

No comments :
Post a Comment