Monday 7 May 2012

စစ်တပ် က ခလေး စစ်သား အဓ္ဓမ စုဆောင်းနေမှု လွှတ်တော် မှ စစ်တပ်ကိုယ်စလှယ်တွေ မျက်ကွယ်ပြုနေ


Must Free Child Soldiers in Burma

လွှတ်တော်မှာ ဥပဒေပြုနေကြတဲ့ စစ်တပ်ကိုယ်စလှယ်များဟာ  စစ်တပ် က ခလေး စစ်သား အဓ္ဓမ စုဆောင်းနေမှု ကို တာဝန်ယူ မဖြေရှင်းခြင်းဟာ မိမိရေးဆွဲထားတဲ့ တရားဥပဒေများ ကို ကိုယ်တိုင် ချိုးဖောက်နေတာလားဆိုတာ ပြည်သူတွေ က မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဖွဲ့စည်းပုံ ကို ကာကွယ်ပါမယ်လို့ ကျမ်းသစ္စာကျိမ်ဆိုထားကြတဲ့  စစ်တပ်ကိုယ်စလှယ်တွေ ဟာ စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ကို ချိုးဖောက်နေမှု ကို မျက်ကွယ်ပြု နေခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကာကွယ်ပါမယ်ဆိုတဲ့ ကျမ်းသစ္စာကို အလေးမထားတာပေါ်လွှင်နေတယ် လို့ လူ့အခွင့်အရေးစောင့်ကြည့်နေကြတဲ့ အဖွဲ့တွေ က ပြောဆိုနေကြတယ်။

မြန်မာစစ်တပ်မှာ ခလေးစစ်သားရှိနေဆဲ

ဧရာဝတီတိုင်း ပုသိမ်မြို့ ရာမည ၃ လမ်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ မောင်မျိုးမျိုး (ခ) မောင်မျိုးမင်းထွန်း ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။ အဲဒီလို ခလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရတာ နဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို အကြောင်းကြားခဲ့ပြီးနောက်ပိုင်း စစ်တပ် က မောင်မျိုးမင်းထွန်းနဲ့ ပတ်သက်တဲ့ အထောက်အထား စာရွပ်စာတန်းတွေကို မိဘတွေဆီက လာရောက် ယူဆောင်သွားပါတယ်။ အဲဒီလို စစ်တပ်က ယူဆောင်သွားပြီး နောက်ပိုင်း ခလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ မောင်မျိုးမင်းထွန်းဟာ မိဘတွေကို ပြန်လည်ဆက်သွယ်လာခြင်းမရှိတော့ဘူးလို့ မောင်မျိုးမင်းထွန်းရဲ့ ဖခင် ဦးဆန်းအေးက Burma VJ Media ကိုပြောပါတယ်။

No comments :