Tuesday 29 May 2012

ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီ ညီလာခံသို့  နုတ်ခမ်းဆက် သ၀ဏ်လွှာ ပေးပို့ ခြင်း

ရခိုင်တိုင်းရင်းသားတိုးတက်ရေး
ပါတီ ညီလာခံသို့  နုတ်ခမ်းဆက် သ၀ဏ်လွှာ ပေးပို့ ခြင်း
နေ့ စွဲ-   ၂၂-၅-၂၀၁၂

လေးစားအပ်ရပါသော ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ၊ အထွေထွေအတွင်းရီးမှူးချုပ် ဦးဦးလှစော နဲ့ ဗဟိုအလုပ်အမှုဆောင်ကောာ်မီတီဝင်တွေ ၊  ၀န်ကြီး တွေ နဲ့ လွှတ်တော်ကိုယ်စားလှယ်များ ၊ ရခိုင်ပြည်နယ် တ၀ှမ်းလုံးက ပါတီဝင်များ ၊ လူငယ်အင်အားစုများ ပါမကျန် ပထမရှေးဦးစွာ ဂါဝရပြု နုတ်ခမ်းဆက်သလိုက်ရပါတယ်  ။ ညီလာခံကို တက်ရောက်လာကြတဲ့ ရဟန်းသင်္ဃာတော်တွေနဲ့  အတတ်ပိုင်ညာရှင် အသိပိုင်ညာရှင် ရခိုင်လူကြီးလူကောင်းတွေနဲ့  မြို့ မိမြို့ ဖ တို့ ကိုပါ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့  ရှိခိုးကန်တော့ပြီး နုတ်ခမ်းဆက်သလိုက်ပါကြောင်း လေးစားစွာ ပြောလိုက်ပါရစေ  ။
    
လေးစားအပ်ပါသော ဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရီးမှူးနဲ့  ဗဟိုအလုပ်အမှုဆောင်တို့ နဲ့  ပြည်နယ်တ၀ှမ်းက ပါတီဝင် အပေါင်းတို့ 
         ဒီကနေ့ မျက်မှောက်ကာလ-၂၁-ရာစုခုနှစ် အချိန်မှာ ရခိုင်လူမျိုးရို့ ၏ စုပေါင်းညီညွတ်ခြင်း ပြယုဂ်ကို ပြသခရေအတွက်နဲ့  ဒီကနေ့ ရှင်သန်စီးဆင်းနီတဲ့ ရခိုင်နိုင်ငံရေး ရေစီးကြောင်းဟာ  အမှန်တကယ် လှလှပပ တွေ့ မြင်နေရပါတယ်  ။ ဒါကတော့ ဘာလဲဆိုရင် စုစည်းညီညွတ်မှု လက္ခဏာဖြစ်တဲ့  ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီ၏ အောင်မြင်ခြင်း ရလဒ်ကို -၂၀၁၀- ပါတီစုံရွေးကောက်ပွဲကာလမှာ ထင်ထင်ရှားရှား  မြင်တွေ့ ခွင့် ရခဲ့ ကြတာဖြစ်ပါတယ်  ။ ရခိုင်လူမျိုးရို့ ၏ ဆန္ဒမှန်သဘောထားတွေကို ထုတ်ဖေါ်ကြတဲ့ အချိန်မှာ အတိတ်သမိုင်းက တည်ရှိနေခဲ့ တာတွေကို ကြည့်လိုက်ရင် အုပ်ချုပ်သူလူတန်းစားတွေ ပါတဲ့  နိုင်ငံရီးပါတီိတေါနဲ့  ပြည်မက ၀င်လာတဲ့  နိုင်ငံရီးပါတီတွေ ကြားမှာ အမြဲမပြတ် ရုန်းကန်ခဲ့ ကန်ခဲ့ ကြရပါတယ်  ။ ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေက ရခိုင်လူမျိုး ရွေးကောက်ခံရမဲ့ ဟာတွေကို ကို စမ်းသပ်ခံရာမှာ ပြည်မက ပါတီတွေနဲ့  အုပ်ချုပ်သူအစိုးရရို့ ၏ ၀င်လို့ ပြိုင်တဲ့  ကြားထဲမှာ ပြိုင်နီရတာကိုက အရှုံးတွေကို ရင်ဆိုင်သွားရမဲ့  အခြေနေတွေ ရှိနေခဲ့ တာဖြစ်ပါတယ်  ။ ဒီလို နိုင်ငံရီးရွေးကောက်ပွဲတွေမှာ သက်သက် ရခိုင်လူမျိုးအချင်းချင်းသာ ပြိုင်ခဲ့ ကြမယ်ဆိုရင် ဘယ်သူဘဲနိုင်နိုင် ပြသနာ မဖြစ်နိုင်ပေမဲ့  ရခိုင်လူမျိုးကို ကိုယ်စားမပြုတဲ့ နိုင်ငံရီးပါတီတွေက အနိုင်ရသွားခဲ့ ကြရင်  ရခိုင်လူမျိုးရို့ ၏ ခန့် မှန်းမရနိုင်သော ရပိုင်ခွင့်တွေဟာ  အမြဲခံစားပိုင်ခွင့် မရှိတော့ဘူးဆိုတာ ဧကန်မုချ ကျိန်းသေ ဖြစ်နေမှာပါဘဲ  ။

လေးစားအပ်ပါသော ဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရီးမှူးနဲ့  ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင်တိနဲ့  ဂုဏ်ထူးဆောင် လူကြီးမင်း လူထုအပေါင်းရို့ 

      ၂၀၁၀-ခုနှစ် ပါတီစုံရွေးကောက်ပွဲကို ရခိုင်လူမျိုးတွေက သူရို့ ၏ ဆန္ဒနဲ့  ရွီးချယ် ဆုံးဖြတ်ချက် ပေးလိုက်ခြင်းသည်  ခေါင်းဆောင်ကောင်းကို နောက်လိုက်ကောင်းများက မွေးဖွါးခြင်း  ဖြစ်သလို  နောက်လိုက်ကောင်းတွေကိုလဲဘဲ  ခေါင်းဆောင်ကောင်းတွေက ရွေးချယ် လိုက်ရပြီဖြစ်ပါတယ် ။ ဒါကြောင့်လဲဘဲ  အခုဆိုရင် ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၏ သမ္မတရာထူး ရွီးချယ်ခန့် အပ်ခြင်း ကဏ္ဍမှာ ဒုသမ္မတ အဖြစ် ရွေးကောက်ခံဖို့  နာမည်စာရင်း တင်သွင်းခံရခြင်းဖြစ်ပါတယ်  ။ ဒုသမ္မတအဖြစ် ရွီးကောက်တင်မြှောက်ခံရဖို့ အတွက် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ပေါင်းထဲက  ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီ၏ ဥက္ကဋ္ဌကို နာမည်စာရင်း တင်သွင်းခံရခြင်းမှာ ရခိုင်လူမျိုးတရပ်လုံးက မဲဆန္ဒပေးလိုက်ခြင်းဘဲလို့  ပြောလို့ ရသော ညီညွတ်ခြင်း သင်္ကေတ တခုပါလို့ သာ အသိအမှတ်ပြုရပါလိမ့်မယ်  ။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်အစိုးရထဲမှာ အစိုးရအဖွဲ့ ဝင်အဖြစ် ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှ စစ်တွေမြို့  မဲဆန္ဒနယ် အမှတ် ( ၂ ) မှ ဦးသာလူချေ ၊ ပုဏ္ဍားကျွန်းမြို့ နယ် မဲဆန္ဒနယ် အမှတ်( ၁ ) မှ ဦးအောင်သန်းတင် ။ မြောက်ဦးမြို့ နယ် မဲဆန္ဒနယ် အမှတ်( ၁ ) မှ ဦးကျော်သိန်း ရို့ မှာ ၀န်ကြီးရာထူးတွေနဲ့  တာဝန်ကြီးတွေကို ထမ်းဆောင်ခွင့် ရသွားကြတာကလဲဘဲ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၏ အောင်မြင်မှူအသီးအပွင့် တခုသာ ဖြစ်ပါတယ် ။ အထူးသဖြင့် ရန်ကုန်ရှိ မဲဆန္ဒနယ်ထဲမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် ရန်ကုန်ရောက် ရခိုင်လူမျိုးတွေက ဦးဇေါ်အေးမောင်အား မဲဆန္ဒပီးလိုက်ကြတာကို မှတ်တမ်းတင်ရမှာဖြစ်ပါတယ် ။

လေးစားအပ်ပါသော ဥက္ကဋ္ဌနဲ့  အထွေထွေအတွင်းရေးမှူးချုပ် နဲ့  ဗဟိုအလုပ်အမှုဆောင် နဲ့  ညီလာခံတက်ရောက်သူ အပေါင်းရို့ 

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတာဝန်ကို လက်ခံ ထမ်းဆောင်ဖို့  ယူနေတဲ့ ချက်ချင်းမှာပင် ဂီရိမုန်တိုင်း၏ ဒုက္ခပေါင်းစုံကို ဖြီရှင်းနိုင်ကြဖို့  ကမ္ဘာအရပ်ရပ်ရှိ  ရခိုင်လူမျိုးတွေက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့  ပူးပေါင်းကူညီ ထောက်ပံ့ကြတာတွေမှာ ကြားရတဲ့ လူအပေါင်းတွေက စိတ်နှလုံးချမ်းမြေ့ မှုတွေ ဖြစ်ကြရပါတယ်  ။ လူမှုဒုက္ခအပေါင်းကို ခါးစည်းအောင် ခံစားနေကြရသော ရခိုင်လူမျိုးရို့ ၏ ဆန္ဒအစစ်အမှန်ကို ပြည်သူ့ အသံအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြနေကြတာကိုလဲဘဲ  ဒီနေရာမှာ မှတ်တမ်းတင်ဂုဏ်ပြုပါရစေ ။ တချိန်တည်းမှာဘဲ ရခိုင်ပြည်၌ ရခိုင်လူမျိုးတို့ ၏ ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိမ်းသိမ်းကာကွယ် ပေးနေတာကိုလဲဘဲ  မျက်ဝါးထင်ထင် မြင်မိနေကြရပါတယ်  ။ ရခိုင်လူမျိုးရို့ မှာ ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ခွင့် ရှိနေတဲ့ အခြေအနေတွေကို ရှိနေနိုင်အောင် တခုပ်တရ  ကြိုးစားပေးနေသော အခြေအနေမျိုးကို ဆောင်ရွက်နေကြတဲ့ အတွက် အောင်မြင်မှု တွေ ရနိုင်ကြပါစေလို့   အားပေးဖို့ လိုအပ်နေပါတယ် ။

လေးစားအပ်ပါသော ညီလာခံ တက်ရောက်ကြတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းအပေါင်းတို့

ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီ၏ နိုင်ငံရေးသက်တမ်း နုနုယ်တဲ့ အချိန်ကာလအတွင်းမှာ အခက်အခဲမျိုးစုံကို ဖြစ်နေတဲ့ နည်းနဲ့ လှုပ်ရှားနေကြခြင်းကို  ရခိုင်လူမျိုးတွေက ဆင်ခြင်သုံးသပ်နိုင်ကြပါတယ်  ။ နိုင်ငံရေးပါတီတခု၏ ရှင်သန်ဖွ့ံဖြိုး တိုးတက်စေဖို့  ရံပုံငွေ ရှာဖွေ စုဆောင်းထားနိုင်ခြင်းဆိုတာကို ခေတ်နင့်အညီ မလုပ်နိုင်ခဲ့ ရင် စိတ်ဓါတ်ထဲမှာ ဘယ်လောက်ပင်ရှိရှိ  ခြေတလှမ်းတောင် လှမ်းလို့  မရနိုင်ဘဲ ဖြစ်နေပါတယ် ။ ။ ဒါကြောင့်မို့ လို့  ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှာ အကောင်းဆုံး ရှင်သန်ထက်မြက်စေဖို့  လူထုလူတန်းစား တရပ်လုံးက ၀ိုင်းဝန်းပြီးတော့ ပါဝင်အားပေးကူညီ ထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်  ။ ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံလို့  ပြောနိုင်တဲ့  အမေရိကပြည်ထောင်စုမှာ အခုလက်ရှိ သမ္မတ ဘားရပ်အိုဘားမားက သူတို့ ၏ နိုင်ငံရေးပါတီ မဲအနိုင်ရမဲ့ ဟာနဲ့  ပါတီရှင်သန်ဖို့ အတွက် ရံပုံငွေကို နေ့ စဉ် အလှူကောက်ခံနေပါတယ်  ။  ဒီလို ဥပမာ ပြောရတာက ချမ်းသာတဲ့  သန်းကြွယ်သူဋ္ဌေး သမ္မတ ဘားရပ်အိုဘားမားတောင်မှ အခုလို လူထုရံပုံငွေ ကောက်ခံနေတယ် ဆိုရင် ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီကလဲဘဲ  ရံပုံငွေ ကောက်ခံရရှိရေးကို လူထုလူတန်းစားတွေက ကူညီ ပေးဖို့  ရာ အလွန်အရေးကြီးပါတယ်  ။

လေးစားအပ်ပါသော ပါတီဥက္ကဋ္ဌ နဲ့  အထွေထွေ အတွင်းရေးမှူးချုပ်နဲ့  ဗဟိုအလုပ်အမှုဆောင် ကော်မီတီတို့ 

ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှ ဥက္ကဋ္ဌ အပါအ၀င် အတွင်းရီးမှူးချုပ်နဲ့  လွှတ်တော်ကိုယ်စားလှယ်ရို့ မှာ ရခိုင်လူမျိုးရို့ ၏ ချစ်ခင်ယုံကြည် ထောက်ခံမှုကို ရထားကြသူတွေ  ဖြစ်ပါတယ် ။ မြန်မာနိုင်ငံအစိုးရထဲမှာလဲဘဲ  အထင်ကရ ထင်ရှားတဲ့ နိုင်ငံရီးပါတီဖြစ်သလို  နိုင်ငံတကာကိုလဲဘဲ  ချစ်ကြည်ရီးခရီးစဉ်နဲ့  နိုင်ငံတကာပါလီမန်စနစ်တွေနဲ့  စီးပွါးရီးအဆောက်အအုံတွေကို လေ့လာရေး သွားပြီးကြသူများ ဖြစ်နေကြပါပြီ ။ အဲဒီလို ပြည်ထောင်စုလွှတ်တော်အတွင်းမှာ အခြားတိုင်းရင်းသားလူမျိုးများပါတီတွေကပင် လေးစားအထင်ကြီးမှုတွေကို ရရှိထားတဲ့  ပါတီဖြစ်လို့  ဒီအချက်ကို ထိမ်းသိမ်းထားဖို့  လိုအပ်ပါတယ်  ။ အခြားတဖက်မှာ ရခိုင်ပြည်တွင်းမှာ ရှိနေတဲ့  ရခိုင်လူမျိုးတွေက ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီကို အင်နဲ့ အားနဲ့ အားမန်ကောင်းကောင်းနဲ့  ထောက်ခံပေးထားဖို့ လိုအပ်ပါတယ်  ။ ဘာဖြစ်လို့ လဲဆိုရင်  အခုရရှိထားတဲ့  ထောက်ခံမှု တွေဟာ ဆန့် ကျင်ဖက်အမြင် ရှိနေကြတဲ့  ရခိုင်လူမျိုးတွေကို အကောင်းဆုံးသင်ခဏ်းစာပေးနိုင်လို့ ပါဘဲ  ။ ရခိုင်ပြည်တွင်းမှာ ရခိုင်သားတွေက ပါတီတွေကွဲပြီး ပါတီတိများလို့  အခြားလူမျိုးခြားပါတီတွေက အနိုင်ရသွားခဲ့ မယ်ဆိုရင် နောင်တချိန်မှာ ရခိုင်လူမျိုးတွေ လွှတ်တော်ထဲမှာ ရခိုင်သားတွေက လွှတ်တော်ကိုယ်စားလှယ် မဖြိုက်ဘဲ အခြားလူမျိုးတွေက ရခိုင်လူမျိုးကိုယ်စား ပြောနီကြပါလိမ့်မယ်  ။

လေးစားအပ်ပါသော ညီလာခံ တက်ရောက်လာကြတဲ့   ရဟန်းရှင်လူ  လူကြီးလူကောင်း အပေါင်းရို့ 

၂၁-ရာစု ခုနှစ် အချိန်ကာလမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက သမိုင်း၏ တောင်းဆိုချက်တွေကို တာဝန်တရပ်အဖြစ် ထမ်းဆောင်နေတဲ့ အချိန်ခါ ပါတီ၏ မူဝါဒတွေနဲ့  ပေါ်လီစီတွေကို  ချမှတ်နေကြတဲ့  ပါတီခေါင်းဆောင်တွေမှာ စည်းလုံးခြင်းနဲ့  ဒီ့ထက်မက ရခိုင်ပြည်သူတရပ်လုံး၏ အကျိုးကို သယ်ပိုးနိုင်ကြပါစေလို့  ဆုမွန်ကောင်း ပြုလိုက်ရပါတယ် ။ တချိန်တည်းမှာပင် ပါတီ၏ အကျိုးထက် ရခိုင်ပြည်၏ အကျိုးကို ဆောင်ရွက်ရဖို့ ဆိုရင် ပါတီအကျိုးကို စွန့် လွှတ်ပြီးတော့  နိုင်ငံရေးသမားကောင်းပီပီ ကျင့်ကြံရတဲ့ စနစ်အတိုင်း ရခိုင်ပြည်သူ တရပ်လုံး၏ ဆန္ဒနဲ့ အညီ ဆောင်ရွက်နိုင်ကြပါစေလို့  ဆုတောင်းလိုက်ရပါတယ်  ။

ညီလာခံ တက်ရောက်လာသူ အပေါင်း စိတ်နှလုံးချမ်းမြေ့ကြပါစေ

ခိုင်အောင်ကျော်
နယူးယောက်မြို့ 

No comments :