Sunday 6 May 2012

သတင်းလွတ်လပ်ခွင့်ဆက်လက်ထိမ်းချုပ်ထားမှုကြောင့် ကလေးစစ်သားအဓ္ဓမ စုဆောင်းမှု ပပျောက်ဖို့မရှိ




အစိုးရ အဖွဲ့၏ စာပေကင်ပေတိုင်များ ကြောင့် ကလေးစစ်သားအဓ္ဓမ စုဆောင်းမှု ပပျောက်ဖို့မရှိ
 
လက်ရှိပြန်ကြားရေးဝန်ကြီးဌာန၏ ချမှတ်ထားသော သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေများ အရ စစ်တပ်မှ ကလေးစစ်သား အဓ္ဓမ စုဆောင်းမှုများ၊ ပေါ်တာ ဟုခေါ်သော အတင်း အဓ္ဓမ အလုပ်ခိုင်း စေမှုများ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၏ ငွေကြေးတောင်းခံမှုများ အကြောင်း ပြည်တွင်း စာနယ်ဇင်း သတင်းမီဒီယာများ မှ ထုတ်ဖော်ရေးသားမှု ကို ခြိမ်းချောက် တားမြစ်ပိတ်ပင်ခံထားရသဖြင့် မြန်မာနိုင်ငံ မှာ စစ်တပ်မှ ကလေးစစ်သား အဓ္ဓမ စုဆောင်းမှုများ၊ အတင်း အဓ္ဓမ အလုပ်ခိုင်းစေမှုများ ပပျောက်အောင် တိုက်ဖျက် ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံမှာ  သတင်းလွတ်လပ်မှု စောင့်ကြည့်နေကြတဲ့ အဖွဲ့အစည်းများ က  ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာကွယ်ရေး စစ်ဦးစီးချုပ် မင်းအောင်လှိုင် က  စစ်တပ်မှ ကလေးစစ်သား အဓ္ဓမ စုဆောင်းမှုများ၊ ပေါ်တာ ဟုခေါ်သော အတင်း အဓ္ဓမ အလုပ်ခိုင်းစေမှုများ ကို ပပျောက် အောင် စစ်တပ် ကို ညွှန်ကြားမယ်လို့ ILO အုပ်ချုပ်ရေး ဥက္ကဌ အကြီးအကဲ Mr Greg Vines ကို ဂတိပြုခဲ့ပြီးနောက်၊   စစ်တပ်မှ ကလေးစစ်သား အဓ္ဓမ စုဆောင်းမှုများ၊ ပေါ်တာ ဟုခေါ်သော အတင်း အဓ္ဓမ အလုပ်ခိုင်း စေမှုများ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၏ ငွေကြေးတောင်းခံမှုများ ကို  ထုတ်ဖော်ရေးသား ခဲ့ကြသော ပြည်တွင်း သတင်းမီဒီယာများ အပေါ်  ပြန်ကြားရေးဝန်ကြီးဌာန က ခြိမ်းချောက် ပိတ်ပင်ခဲ့တားမြစ်ခဲ့တာ တွေ့ခဲ့ရတယ်။                   
                   
ဒီဖြစ်ရပ်ဟာ ဂတိကို တာဝန်ယူမှုနှင့် လေးစားမှု မရှိကြောင်းပေါ်လွှင်ထင်ရှားနေတယ်လို့ ILO နဲ့ နီးစပ်တဲ့ သံတမန် အသိုင်းအ၀ိုင်း က ပြောဆိုနေကြတယ်။ 

ILO သို့ တိုင်ကြားထားသည့် ကလေးစစ်သားများနှင့် ပတ်သက်သည့် အမှုအရေအတွက်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ အထိ စာရင်းအရ ၄၂၄ မှုရှိကြောင်း၊ အဆိုပါ အမှုများထဲမှ အာဏာပိုင်များထံသို့ ILO မှ တင်ပြထားသည့် အမှု ၃၂၆ မှုရှိကြောင်း၊ စစ်ဆေးဆဲ မပြီးပြတ်သေးသောအမှုစုစုပေါင်း ၂၄၂ မှုရှိကြောင်းနှင့် ဖြေရှင်းပြီး မိဘရပ်ထံ ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သား စုစုပေါင်း ၁၇၂ ယောက် ရှိကြောင်း ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများကွန်ရက်၏ ယခုနှစ် ဇူလိုင် စစ်တမ်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ပါတီများအနေနဲ့ လက်ရှိ အစိုးရ နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တို့ ၏ လုပ်ဆောင်မှုများအပေါ် ဝေဖန်သုံးသပ် ပြစ်တင်ရှုတ်ချ သည့် သဘောထားအမြင်ဆောင်းပါးများကို လည်း လုံးဝ ထုတ်ဝေမှုမပြုကြရန် လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်ကြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် သက်ဆိုင်ရာပါတီများ ကို ခေါ်ယူသတိပေးမှုတွေပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments :