Sunday 6 May 2012

မြန်မာ ပြည်က ရွှေ ကြော

 
 
အမေရိကန်နိုင်ငံ နာဆာမှ လွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြည်သည့် မြန်မာ့အကြီးဆုံးရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစားပါမောက္ခဦးစိုးသိန်းက ပြောသည်။ ၄င်းရွှေကြောမှာ နေရာကြီးမားလွန်းသဖြင့် နေရာခြောက်နေရာခွဲပြီး Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရာကာ ကရင်ပြည်နယ် မဲဝိုင်ဒေသမှ ရွှေကြောသည် ရွှေကျင်၊ ကျော်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်းငံများထိပင် ရောက်ရှိကြောင်း သိရသည်။

1 comment :

Anonymous said...

This is completely false news. I feel ashamed for Retired Prof. Soe Thein who did know about capability of Landsat7 and keep saying like this. Little knowledge is very dangerous. Shame on you prof.