Sunday 27 May 2012

ကချင် လူမျိုးနှစ်ဦး ပြည်သူဂုဏ်ရည်ဆု ထိုက်တန်စွာရရှိသွားပြီ

တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုနဲ့  ဂုဏ်ထူးရှင်ဆုကို ကချင်လူမျိုးတွေ ရရှိသွားကြပြီ

တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုကို အမေရိကပြည်ထောင်စု နယူးယောက်မြို့  မှာ မေလ-၂၇-၂၀၁၂ ရက်နေ့  ကျင်းပပါတယ်။  နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ( ပထမအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုရှင် ) က လူဆိုတာ ဗြဗ္မာစိုးရ် တရားရှိမှ ဆိုတာကို တိုတိုရှင်းရှင်း ပြောသွားပါတယ် ။ ကဗျာဆရာကြီးမောင်စွမ်းရည်က ငရဲလားချင်ရင် စစ်တပ်ထဲဝင် ၊ ကုသိုလ်ယူချင်ရင် ကျော်သူနဲ့ တိုင်ပင် ၊ ကြောက်မွှေးပါရင် ဇါဂနာနဲ့  နုတ် ဆိုတဲ့  ကဗျာ တိုတိုလေးကို ရွတ်ပြယင်း ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲကို ဂုဏ်ပြုကဗျာ ဆိုပြသွားတာပါ ။ ဒီနှစ်မှာ ပြည်သူ့ ဂုဏ်ရည်ဆုရှင်တွေကို ပထမ ဆုရှင် ( ၂၀ ) ရွေးချယ်ခဲ့ ပြီး ဒုတိယအကြိမ်မှာ ဆန်ကာတင် ( ၅ ) ဦးကို ရွေးချယ်ထားတာပါ ။ ဒီနေ့ မှာတော့ ဆန်ကာတင် ( ၅ ) ဦးထဲက ပြည်သူ့ ဂုဏ်ရည်ဆုရင် တဦးကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ် ။ ဒီလိုရွေးချယ်ရာမှာ ဆန်ကာတင်( ၅ ) ဦးနဲ့  ဂုဏ်ထူးရှင် တဦးဖြစ်တဲ့  ကချင်မိန်းခလေး ဆုမိုင်အကြောင်းကို ဗွီဒီိယို ရိုက်ထားတာ ပြသပေးပါတယ် ။

 ဒီနှစ် ပြည်သူ့ ဂုဏ်ရည်ဆုရှင်ကတော့ ကချင်စစ်မြေပြင်အတွင်းမှာ သတင်းများရယူနေရင်း ကျည်ဆံထိမှန်လို့  ဒဏ်ရာရနေတဲ့  ကချင်လူမျိုး လဖိုင်နော်ဖိန်း ရရှိသွားတာပါဘဲ ၊ ပြည်သူ့ ဂုဏ်ရည်ဆုရင် လဖိုင်နော်ဖိန်းဟာ အမေရိကန် ဒေါ်လာငွေ ( ၁၀၀၀၀ ) ကို ရရှိဆွတ်ခူးသွားသူဖြစ်ပါတယ် ။ ထူးခြားနေတာကတော့ ပြည်သူ့ ဂုဏ်ရည်ဆု ရရှိသွားသူနှစ်ယောက် စလုံးဟာ ကချင်ပြည်နယ်ဖက်မှာ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ကြတဲ့  အတွက် ရရှိသွားသူများဘဲ ဖြစ်ပါတယ် ။


ခိုင်အောင်ကျော် ( နယူးယောက် )

2 comments :

Anonymous said...

မောင်စွမ်းရည်ဆိုတာ ဘာကောင်လဲ လူကြီးဖြစ်ပြီး အဲလောက်တောင် မိုက်ရိုင်းရသလား..? ကျုပ်တို့ က ဘယ်သူ့ ဖက်မှပါတဲ့ သူတွေမဟုတ်ဘူး၊ ဒါပေမယ့် သူများနိုင်ငံလေး ခဏလောက် ရောက်လိုက်ရရင်ပဲ သူတို့ ကျွေးတာတွေခဏလေး စားလိုက်ရတာနဲ့  ကိုယ့်တိုင်းပြည်ကို အဆင့်မရှိအောင်လုပ်ဖို့ ၊ အရှက်ခွဲဖို့ ဝန်မလေးတဲ့ ကောင်တွေ ကိုယ့်အဆင့်နဲ့ မတန်တဲ့စကားတွေကို ပြောတာတော့ သိပ်ရွံတယ်၊ မင်းတို့ တွေဆုရတာ သိပ်ဘ၀င်မမြင့်ကြနဲ့ ၊ သူတို့ နေရာမှာ ငါဆိုရင်လည်း ဒီထက်မကတဲ့ ဆုတွေ ငါပေးမှာပဲ၊ ဘာလို့ လည်းဆို အားလုံးက ငါ့ဆီတပည့်ခံကြရမယ့် အကောင်တွေမို့ လို့ ပဲ၊ မင်းတို့ ဆီမှာ အမေရိကန်နဲ့ မတည့်တဲ့ နိုင်ငံက ပေးတဲ့ဆုတွေရှိရင်တော့ ငါလေးစားမယ်၊ ဒါက ၀ါဒရေးရာမို့ လို့ ပဲ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သူတို့ လူတွေဖြစ်ဖို့ အတွက် ဘာမှ အကုန်အကျမရှိပဲ ဘွဲ့ လေးပေးရသလောက်ပဲဆို ရှိသမျှ ဘွဲ့ တွေအကုန်ပေးလည်း တန်တာပဲမဟုတ်လား၊ ကိုယ့်ကိုယ်ကို ပြန်လည်းကြည့်ကြပါအုံး၊ ဘွဲ့ လေးတစ်ခုပေးပြီး မြှောက်ပေးလိုက်တာနဲ့  ကွေးနေအောင် ကနေကြတော့တာပဲဗျာ၊ ကချင်တွေကို ပေးတာလဲ မထူးဆန်ဘူး၊ ဘက်လိုက်တာပဲမဟုတ်လား၊ ကေအိုင်အေတွေ ဒီလောက် ဖျက်ဆီးရေးတွေ ၊ အကြမ်းဖက်လုပ်ရပ်တွေ၊ ကလေးစစ်သား အတင်းအကြပ်စုဆောင်းတာတွေကို ဘယ်တစ်ကောင်ကများ ဝေဖန်တာတွေ့ ကြလဲ၊ ဘာသာရေးလောက်ကိုတောင် ဘက်လိုက်နေတာ အသိသာကြီးပဲ၊ အနောက်နိုင်ငံတွေကိုလည်း မယုံကြနဲ့ ၊ တရုတ်ကိုလည်း ပုံမအပ်နဲ့ ၊ သတိထားပေါင်းသင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားကြရမယ်။

Anonymous said...

ထိုက်တန်တဲ့ အတွက်ရတာဖြစ်လို့ ဂုဏ်ယူပါတယ်...နောက်၂တွက်လည်းစိတ်ဝင်စားပါတယ်..