Sunday 13 May 2012

သမ္မတ ဦးသိန်းစိန် ရဲ့ ပုဂ္ဂိုလ်ရေး အရ ကမ်းလှမ်းချက် အပေါ် ပြည်ပရောက် ပညာရှင်များ၏ တုန့်ပြန်ချက်

ပြည်တွင်းပြည်ပ မီဒီယာတွေထဲ မှာ သမ္မတ ဦးသိန်းစိန် ရဲ့ ပုဂ္ဂိုလ်ရေး အရ ကမ်းလှမ်းပြောဆိုချက် ကို ဖတ်လိုက်ရတယ်။ ဒီကမ်းလှမ်းချက်ထဲမှာ -

တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင် သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေ ကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ 

ပုဂ္ဂိုလ်ရေး အရ စီစဉ်ပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်သာဖြစ်တယ်လို့ ယူဆတယ်။ သမ္မတကြီး က ခွင့်ပြုပေမဲ့၊ ဥပဒေ အရ ခွင့်မပြုဘူးဆိုတာတွေ ဖြစ်လာလေ့ရှိတယ်။  ကျမ်းသစ္စာကျိမ်းတဲ့ ပြဿနာလိုပေါ့။ တကယ်လို့များ တရားဥပဒေ အရ အာမခံချက်ပေးခဲ့ ရင်တောင်  လက်ရှိတမတ်သားအစိုးရ ထဲ မှာ န၀တ၊ နအဖ ခေတ်အဆက်ဆက် မှာ ပါခဲ့ကြတဲ့ သူတွေပဲ တိုင်းပြည်ကို အုပ်ချုပ်စီမံခန့်ခွဲနေဆဲ မို့  ဘယ်သူမှ ပြန်လာကြလိမ့်မယ်လို့ မထင်ပါ။ ဒီလူတွေ နဲ့ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် အလုပ်မဖြစ်ခဲ့ဘူးဆိုတာ ပြည်ပရောက် မြန်မာပညာရှင် တွေ က ကောင်းကောင်း သင်ခန်းစာရှိကြပြီး ဖြစ်တယ်လို့ ပြည်ပရောက် ပညာရှင်များ အသိုင်းအ၀ိုင်း ကြားမှာ  ပြောဆိုနေကြတယ်။

လောလောဆယ် တိုင်းပြည် မှာ ပြောင်းလဲတိုးတက်နေပါပြီဆိုတာတွေကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို တစစီ ဖျက်ဆီးခဲ့ကြတဲ့ န၀တ၊ နအဖ၊ တမတ်သား အစိုးရ အဖွဲ့ဝင်တွေ နှင့် မိသားစုဝင် တွေ ဟာ ပြည်ပကို လွတ်လွတ်လပ်လပ် သွားလာခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့် နှင့် ငွေကြေးသုံးစွဲခွင့်တွေ ရနေတာတွေ သာဖြစ်တယ်။

အခုထက်ထိ ပြည်သူကို အကာအကွယ်ပေးမဲ့ ဥပဒေတွေ ကို ထိရောက်စွာလိုက်နာမှု၊ အရေးယူမှု၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ အခြေအနေတွေ၊ တိုးတက်ပြောင်းလဲလာမှုတွေ မတွေ့ရသေးဘူး။ ဥပမာ-

နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေတုန်းပဲ။
နိုင်ငံသားတိုင်းဟာ ဧည့်သည်လာရင် ဧည့်စာရင်းတိုင်နေရတုန်းပဲ။
ကလေးစစ်သားအတင်းအဓ္ဓမ စုဆောင်းမှုတွေရှိနေဆဲပဲ။
အတင်းပေါ်တာခိုင်းစေမှုတွေဟာလည်းရှိနေတုန်းပဲ။
လယ်မြေတွေ အတင်းအဓ္ဓမ သိမ်းယူနေတုန်းပဲ။
နိုင်ငံသားတိုင်း ပြည်ပ သို့  လွတ်လပ်စွာထွက်ခွာခွင့်၊ တိုင်းပြည်သို့  ပြန်ဝင်ခွင့် မရကြသေးဘူး။
န၀တ၊ နအဖ၊ တမတ်သား အစိုးရ ဆိုပြီး နာမည်သာပြောင်းသွားတယ်။ ဒီလူတွေနဲ့  ဒီဖြစ်ရပ်တွေ ဆက်လက် ရှိနေတုန်းပဲ။

 ဒီဖြစ်ရပ် နဲ့ အခြေအနေတွေကြောင့်  ပြည်ပရောက် မြန်မာပညာရှင် တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ က တိုင်းပြည်မှာ တိုးတက်ပြောင်းလဲနေပြီလို့ ဘယ်သူမှ လက်မခံကြပါဘူး။ 

ပြည်ပရောက် မြန်မာပညာရှင်တွေ၊ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်လို့ ဆိုသူတွေ ဟာ NGOs လို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ တွေရဲ့ လက်ဝေခံမဟုတ်သလို၊ နိုင်ငံတကာ အစိုးရတွေ နဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့  ငွေကြေးထောက်ပံ့မှု နဲ့ ရပ်တည်ခွင့်ရနေကြတဲ့ ပြည်ပ မီဒီယာသမား တွေလို ပြည်တွင်းပြန်ဝင်ဖို့ အတင်းတိုက်တွန်း ဖိအားပေးခံနေကြရတဲ့ သူတွေလည်းမဟုတ်ကြပါဘူး။ လူသတ်သမား၊ တိုင်းပြည်ဖျက်ခဲ့တဲ့ သူတွေ ကို ကျေးဇူးအတင်ခံ ဖို့ တိုင်းပြည်က ထွက်ခွာသွားကြတဲ့ သူတွေ လည်း မဟုတ်ကြဘူး။

သူတို့ဟာ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုး၊ ဥပဒေမျိုးတွေ ရှိမှ သာ ပြန်လာကြမဲ့သူတွေဖြစ်တယ်။ သူတို့မှာ တိုင်းပြည်တိုးတက်စေချင်ကြတဲ့ မြင့်မြတ်တဲ့စိတ်တွေရှိကြသလို၊  တိုင်းပြည်ကနေဘာကြောင့် စွန့်ခွာသွားကြသလဲ ဆိုတာ ကိုလည်း သိဖို့လိုပါလိမ့်မယ်။ 

သမ္မတကြီးရဲ့ ကမ်းလှမ်းချက်ထဲမှာ  နိုင်ငံတော် က ဘာစီစဉ်ပေးမှာလဲ။ ဘာ ဥပဒေတွေနဲ့ အာမခံချက်ပေးမှာလဲ။ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးကို ဘယ်လို ဖန်တီးပေးမှာလဲ ဆိုတာမေးခွန်းထုတ်စရာပါ။ ဘာတွေ စီစဉ်ပေးမှာလဲ ဆိုတာ နိုင်ငံတော် သမ္မတ တယောက်အနေနဲ့လည်း တိတိကျကျပြောဆိုသွားတာလဲမရှိခဲ့ပါဘူး။ 

ပြည်သူ့ အကျိုးဆောင်ရွက်ဖို့  ပြည်သူကို အကာအကွယ်ပေးမဲ့ ဥပဒေတွေ ကို ရှိဖို့-
၁) ပြည်သူက ဒီမိုကရေစီနည်းလမ်းကျကျ လွတ်လပ်စွာရွေးချယ်ပေးနိုင်တဲ့  အစိုးရ စနစ်မျိုးရှိဖို့လို့တယ်။
၂) ဒီ အခွင့်အလမ်းတွေရှိဖို့ လက်ရှိ တမတ်သား ယူခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံ ကို အမြန်ဆုံး လက်ရှိ နိုင်ငံတော် အစိုးရ ဆိုသူတွေ က ပြင်ဆင်ဖို့လိုတယ်။ တနည်းအားဖြင့် ပြင်ဆင်လို့ မရအောင်  မတရား ညစ်ပတ် ရေးဆွဲခဲ့တဲ့တမတ်သားဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ လိုတယ်။

ဒီလုပ်ဆောင်ချက်တွေကို နိုင်ငံတော် က စီစဉ်ဆောင်ရွက်နိုင် မလား ဆိုတာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ဖြေဆိုရမဲ့ မေးခွန်းပါ။  ပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်တွေကိုသာ လုပ်ဆောင် လာခဲ့ရင် မဖိတ်လည်း  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြန်လာကြမဲ့ ပြည်ပရောက် ပညာရှင်တွေဟာ ဒု နဲ့ ဒေးပါ။

င်္ဒီလို လက်တွေ့ကျတဲ့ အခြေအနေမျိုး နှင့် လုပ်ဆောင်မှုမျိုး မရှိပဲ၊ နိုင်ငံတော် သမ္မတ ကြီး က ပြည်ပရောက် မြန်မာပညာရှင်တွေ၊ ဘာသာရပ် ကျွမ်းကျင်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာဖို့  ဘာတွေ ကူညီ စီစဉ်ဆောင်ရွက်ပေးမှာလဲ ဆိုတာ  သမ္မတကြီး ဦးသိန်းစိန်   ကို မေးခွန်းထုတ်နေကြမှာပါလို့ ပြည်ပရောက် ပညာရှင်များ အသိုင်းအ၀န်းကြားမှာ ပြောဆိုနေကြတယ်။

9 comments :

Anonymous said...

ပြည်ပရောက် မြန်မာပညာရှင်တွေ၊ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်လို့ ဆိုသူတွေ ဟာ NGOs လို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ တွေရဲ့ လက်ဝေခံမဟုတ်သလို၊ နိုင်ငံတကာ အစိုးရတွေ နဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ရပ်တည်ခွင့်ရနေကြတဲ့ ပြည်ပ မီဒီယာသမား တွေလို ပြည်တွင်းပြန်ဝင်ဖို့ အတင်းတိုက်တွန်း ဖိအားပေးခံနေကြရတဲ့ သူတွေလည်းမဟုတ်ကြပါဘူး။ လူသတ်သမား၊ တိုင်းပြည်ဖျက်ခဲ့တဲ့ သူတွေ ကို ကျေးဇူးအတင်ခံ ဖို့ တိုင်းပြည်က ထွက်ခွာသွားကြတဲ့ သူတွေ လည်း မဟုတ်ကြဘူး။
သူတို့ဟာ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုး၊ ဥပဒေမျိုးတွေ ရှိမှ သာ ပြန်လာကြမဲ့သူတွေဖြစ်တယ်။ သူတို့မှာ တိုင်းပြည်တိုးတက်စေချင်ကြတဲ့ မြင့်မြတ်တဲ့စိတ်တွေရှိကြသလို၊ တိုင်းပြည်ကနေဘာကြောင့် စွန့်ခွာသွားကြသလဲ ဆိုတာ ကိုလည်း သိဖို့လိုပါလိမ့်မယ်။

This is not the first time. It happened before,during MASALA time.
Even the politicians like U NU and others come back form aboard. Many of that politicians died already, and it is still in the struggle situation.The roads are changing, its amazing, but still in the BOX situation.They need to be in one voice, Without any solid foundation changes, people won't consider to be back. Lots of Memories, big love to the Mother land, and their Wounds are also deep enough to reconsider as well.
Mr. Zaganar's word " I can forgive, but cannot forget".
To counter check?...

Anonymous said...

ဟုတ်ပါ့ဗျာ။ ဝင်းမြင့်နဲ့အပေါင်းပါ(၁၁)ဦးက ဘာမဟုတ်တဲ့"ကား"ကိစ္စမှာတောင် ဥပဒေအမျိုးမျိုးထုတ်ပြီး ရင်းနှီးမြှပ်နှံသူတွေကို မွှဲအောင်လုပ်လိုက်တာ မဟုတ်လား။
သူတို့ပဲ SHOW ROOM တွေလုပ်ခိုင်း၊ ဘာတွေလုပ်ခိုင်းပြီးမှ ခပ်တည်တည်နဲ့ "လူတစ်စုကောင်းစားရေးဖြစ်နေတယ်ဆိုပြီး" ဗျင်းလိုက်တာ။ သူတို့နဲ့အဆင်ပြေတဲ့သူဌေးတွေ (ဦးဌေးအောင်တို့၊ဦးစိုင်းထွန်းတို့) အီဆလံဝေ သွားတယ်။မှတ်ပလား ..ဟီးဟီး ။
ဆရာကြီးတွေ တော့ဘယ်ပါ ပါ့မလဲ(ဦးတေဇတို့၊ဦးဇော်ဇော်တို့ပေါ့)။
ပြီးတော့မစားရဝခမန်း ပြောသေးတယ် "ပြည်သူတွေအားလုံးအတွက်ဆိုပဲ"၊(ကိုမိုးသီး…..ခင်ဗျားလည်း အားပေးလိုက်သေးတယ်နော်!!!!)
သူများတွေတော့မသိဘူး၊ ကျူပ်မှာ သိန်းတစ်ရာ နေနေသာသာ၊ ၁၀တန်းကျောင်းသား ၂ယောက်အတွက် ကျူရှင်လခတောင်အနိုင်နိုင်။
ဒီလိုပြောလို့ အထင်တော့မသေးလိုက်နဲ့နော်၊
ကျူပ်ရာထူး နဲ့ကုန်သွယ်ရေးဆိုတဲ့ဌာနကြီးကိုအားနာအုန်း။ ဪ…..လူတွေကအပေါ်ယံပဲ မြင်ကြတာမလား။ ကြားလို့တော့ကောင်းတာပေါ့……မဟုတ်ဘူးလား? ခင်ဗျားတို့ကိုဖိတ်ခေါ်တာအကောင်းထင်ကြသေးသလား? အာမခံချက်လိုခြင်ရသေးတယ်လို့!!! “လာရင် သေမှာ” တော့ “ကျူပ်အာမခံတယ်ဗျာ" သေဖော်ညှိနေတာကိုး။
သူတို့က စားလို့ဝလို့ (၁၀)သက်တောင် မကုန်ဘူး၊ ခင်ဗျားတို့လာရင်သူတို့ဖယ်ပေးမှာ။စိတ်ချ။
သေချာစဉ်းစားရင် "ပြည်သူတွေအားလုံးအတွက်" ဆိုတာလေးကတော်တော်တာသွားတာနော့။
ဪ……ဒါ"ကား"ကိစ္စလေးပဲရှိသေးတယ်နော်။
ခင်ဗျားတို့ကိစ္စတွေမှာတော့ သတိထားပေါ့ဗျာ။
ဟုတ်ပီလား။

Thein Sein,

We observe your face that...

1)NOT HONEST
2)REFLECTING the 50 years mistakes of setting up wrong political
system
and wroung economic system (which put our country into the poorest in the world) since 1962(at the time of your TEACHER/FATHER,JUNTA,NAY WIN)

NAY WIN

The "FIRE" (which you ignited in 1962) is still burning our contry with great acceleration and momentum !

You and your new generation are worst than "HITLER"

Because "HITLER" stand for 5 years only.

But you,GANGSTERS stand for 50 years already

tarrgyi12 said...

သိန်းစိန်သမ္မတ တက်လာတော့မှ အာဏာပြပြီးအနိုင်ကျင့်ခြင်း။ မတ၇ားသိမ်းပိုက်လာခြင်း။ အုပ်စုဖွဲ့၇မ်းကားလားခြင်း။ အာဏာပိုင်အဖွဲ့အစည်းများ ပို၍၇မ်းကားလာခြင်း။တိုင်း၇င်းသားများကို နိုင်ငံပြင်ပသို့မေ၇ာက်ေ၇ာက်အောင် တိုက်ထုပ်နေခြင်း။မ၇ှိနွမ်းပါးသူးများ၏ အိမ်ယာများဖယ်၇ှားခံ၇ခြင်းကြာင့် ဆင်း၇ဲမွဲတေမှု့ အဓွန့်၇ှည်ကြာခြင်း....ဤအကြောင်းအ၇ာများအားကြည့်ခြင်းဖြင့် သိန်းစိန်သမ္မတသုံးမ၇ဆိုတာကို သိသာနိုင်ပါကြောင်း ။။။။။။

Anonymous said...

THEIN SEIN,

You are talking about unnecessary things.

But CURRENTLY you can not manage to implement very important and necessary things.

The Gangster of NO BRAIN.

IT IS ALMOST 50 YEARS ALREADY "THE GANGSTERS DESTROYED THE COUNTRY".

Anonymous said...

၁) ပြည်သူက ဒီမိုကရေစီနည်းလမ်းကျကျ လွတ်လပ်စွာရွေးချယ်ပေးနိုင်တဲ့ အစိုးရ စနစ်မျိုးရှိဖို့လို့တယ်။
၂) ဒီ အခွင့်အလမ်းတွေရှိဖို့ လက်ရှိ တမတ်သား ယူခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံ ကို အမြန်ဆုံး လက်ရှိ နိုင်ငံတော် အစိုးရ ဆိုသူတွေ က ပြင်ဆင်ဖို့လိုတယ်။ တနည်းအားဖြင့် ပြင်ဆင်လို့ မရအောင် မတရား ညစ်ပတ် ရေးဆွဲခဲ့တဲ့တမတ်သားဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ လိုတယ်။
Do u think,u can get 100%?iF U WANT TO GET 100%,go to juncle and fight them.

linn said...

Dear Mr.Thein Sein,
We know that there are lots of professionals in Burma. They did't get any chance to practice their professional.
First, fire the stupid people from your government.Then substitute with smart people inside Burma. Then, you will see, professional in foreign country coming back.
Talking is easy than working.

Tomahawk said...

အူးသိန်းဆိန်၊ကိုယ်ပြောစကားနဲ့ကိုယ်ကိုက်ညီအောင်အရင်ကြိုးစားအုန်း၊ခင်ဗျားလည်းဒီပုပ်ထဲကဒီပဲဘဲ၊အနူတောလူချောလာလုပ်မနေနဲ့။မင်းတို့အကုန်လုံးကလူအများယုံကြည်လာအောင်လုပ်နေတာမဟုတ်ဘူး၊အယုံသွင်းဖို့ပဲလုပ်နေတာအကုန်သိတယ်။အခုထက်ထိယုံချင်စရာမရှိသေးဘူး။