Sunday, 20 May 2012

စစ်တပ်ရဲ့ လူအခွင့်အရေးချိုး ဖေါက်မှုများ မင်း အောင်လှိုင် မှာ တာ ၀န်ရှိ တယ်။

Wall Photos


မြန်မာအစိုးရစစ်တပ် ကချင်လူမျိုးစု လီဆူအမျိုးသမီးတဦးအား ရူးသွားသည်အထိ အဓမ္မပြုကျင့်ခြင်းနှင့် ရိုက်နှက်နှိပ်စက်မှု ပြုလုပ်

by myitkyina on May 18, 2012
may 18

၂၀၁၂ ခုနှစ် မေလ(၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက် (၄၈)နှစ်၊ ကလေး(၁၂)ယောက်၏မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်းအဓမ္မပြုကျင့်ခဲ့ကြပ
ါသည်။ သူမနှင့်အတူဖမ်းဆီးမိ၍ ပေါင်နှင့် ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလိုပြောပြရှာပါတယ်။ “ကျနော် တွေ့ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက်လောက်က ၀ိုင်းထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေး တယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ရိုက်သူကရိုက်၊ သေနတ်နဲ့ထုသူကထု၊ ဓားမြှောင်နဲ့ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်းနေရာကနေ နေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။

သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ပြန်ထိုးကြတယ်။ နောက်တော့ အ၀တ်အစားအကုန် ချွတ်ပေးလိုက်တာတွေ့တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထားပြီး တချို့က ထိုင်လိုက်ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ဆံနေတာ ကျနော်ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော်ဟစ် ငိုယိုရှာပါတယ်။ အ၀တ်အစားအကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေ ၀ိုင်းထားတယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတွေကြို
ကည့်ပြီး ကျနော်သိတယ်။ စစ်သားတွေက ဒေါ်ဂွာမလေး ကို အဲသလိုဝိုင်းလုပ်နေချိန်မှာ စစ်သားတွေက ကျနော့ကိုလဲ စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက်ဖြစ်လာနေရင်းက မြင်နေရတာပါ။ သူမတအားအော်ငိုရှာတယ်။ အော်ငိုတော့ ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ပြောသလား မသိဘူး၊ သေနတ်နဲ့ချိန်ရွယ် ထိုးနှက်ကြ ပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲသွားတာ ကျနော်တွေ့ခဲ့တယ်။ ဗမာစစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေးမေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော် ဘာမှနားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ပြောတာကိုနားမလည်လို့ ကျနော်ဘာမှပြန်မပြောတတ်တော့လဲ ကျနော့ခေါင်းကို သေနတ်ဒင်နဲ့ အားကုန်ထုပေးကြတယ်။ ညာဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာချည်တုတ်ထားတယ်။ တဖွဲ့ပြီးတဖွဲ့လာပြီး တုတ်နဲ့ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ချိန်ပြီး လှံစွပ်နဲ့ထိုးလိုက် လုပ်ကြတယ်။ ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိ ထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေ့ရော၊ ညရော ချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီးနှိပ်စက် စစ်ဆေးကြတော့တာ ပါပဲ။ စစ်သားတဖွဲ့ရောက်လာပြန်ကာ သတ်ပစ်မယ်လို့ပြောတာ ထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ထိုးထည့်လိုက်ပါ တယ်။ မခံနိုင်လို့ ကျနော်အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။

နောက်ဆုံးတော့ ပေါင်တဖက်ပေါက်သွားအောင် ထိုးထည့်လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလဲသေနတ်နဲ့ ထုထည့်လိုက်တာနဲ့တပြိုင်နက်
ကျနော်သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်း မကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်းဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ပေကြံလျှက် သတိမေ့မျှောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ပါတယ်။ ဒါပေမဲ့ ကျနော်မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက် ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျှောနေချိန်မှာ NDA (K) (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။

ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့တန်းက ဒဏ်ရာရစစ်သားတွေကို ပြုစု စောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြတော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည် နယ်စပ်ဆေးရုံမှာ ဆေးသွားကုဖို့အတွက် ခေါ်ထုတ်သွား ကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး (၃)ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။


ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်းသေနေတဲ့ လူနာပါ။ စစ်သားတွေဝင်လာချိန် ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။ ကျနော့ဇနီး တော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာချင်သေး တယ်။ ကျနော်တို့ (၂)ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။”


ဘာကြောင့် ကျနော်တို့ကို ဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်နေကြတာပါ။
ဘယ်သူနဲ့မှ ရှုပ်ရှုပ် ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ ဘာကြောင့်ဒီလိုလုပ်လဲ မသိတော့ဘူး။”

ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေကို ကြာက်လန့်ထိတ်လန့်ခြင်း၊ စကားလဲမပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့်လက္ခဏာများ တွေ့ရသဖြင့် မိသားစု၊ ဆွေမျိုးများက စိတ်အထူးကုဆေးရုံသို့ပို့ရန
် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဒေါ်ဂွာမလေး၏ခင်ပွန်း ငွါးဆာကတော့ “အစတုန်းက အကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခုတော့ ဘာမှမေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိပ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်”လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။


ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်တပ် NDA(K) တို့နှင့် ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည် ငြိမ်းချမ်းရေးလမ်းစပျောက်သ
ွားမှာကို စိုးရိမ်စွာဖြင့် စုံစမ်းတင်ပြအပ်ပါသည်။

အချက်အလက်များ- ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးမ
ှ ဖြစ်ပါသည်။

2 comments :

htaik said...

They can be KIA informants..you never know. There are no justice in a War.A Burmese convoy is ambushed by KIA because if the villager informant. If I were a captain of Burmese Army...I will burn the village..that's what we have to do in a war time. it is so easy to write online and saying this and that..in real life its' not easy.. and please let me
remind...soidiers are our fellow Burmese too. Don't forget it.

p.s. I am not a soldier or Than Shwe supporter.

BURMESE BLOOD (THE GRANDEUR)

htaik said...

They can be KIA informants..you never know. There are no justice in a War.A Burmese convoy is ambushed by KIA because if the villager informant. If I were a captain of Burmese Army...I will burn the village..that's what we have to do in a war time. it is so easy to write online and saying this and that..in real life its' not easy.. and please let me
remind...soidiers are our fellow Burmese too. Don't forget it.

p.s. I am not a soldier or Than Shwe supporter.

BURMESE BLOOD (THE GRANDEUR)