Thursday 17 May 2012

စနစ်တကျ လေ့လာ ကြပါစို့ 




ကျနော်တို့  ထိုင်းနိင်ငံရောက်တော့ ထိုင်းသတင်းမ လေး ရင်ဒီ ဆိုတာရှိတယ်။ သူကငယ်တယ်။ ထက်မြက်တယ်။ အင်္ဂလိပ်စာ ကောင်းတယ်။ ပညာတတ်တယ်။

ဂျင်းဘောင်းဘီ နဲ့ တီရှပ်
ဝတ်ထားပြီး ညစ်ပတ်နေတဲ့လွယ်အိပ်တလုံးနဲ့  ကင်မရာကို ကိုင်ပြီး တောထဲ
ကိုအမြဲလာလေ့ရှိတယ်။

အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ ဆံပင်ဂုတ်ဝဲဆံပင်မှာ က ပင်လယ်ကွေ့  ထဲက ဇင်ယော်တကောင်လို့ ကြည့်လို့ ကောင်းတယ်။ သူကိုယ်သူ ယုံကြည်မှု ရှိနေတယ်။

၁၉ ၉ ၂ ခုနစ်လောက်ဖြစ်မယ်။ တနေ့  တော့ရင်ဒီ က ကျနော်ကို လာနှုတ်ဆက်တယ်။ ငါ ကိုနင် ၂ နှစ်လောက်တွေ့ မှာမဟုတ်တော့ဘူးတဲ့
နင်ဘယ်ကိုသွားမှာလဲလို့ မေးတော့။ ငါ အင်္ဂလန် ကို ပညာတော်သင်သွားမလို့ တဲ့။ ငါဒို့ သတင်း စာတိုက်က ငါကို အရှေ့ တောင်အာရှ ဘာသာရပ်ကိုအထူးပြုလေ့လာ ဖို့ အတွက် အောက်စဖိုဒ်ကို သွားဖို့  တာဝန် ပေးတာလို့ ဆိုတယ်။
ငါဟိုရောက်ရင် မြန်မာ ပြည်အကြောင်းကိုအထူးပြု ယူမယ်လို့ ဆိုတယ်။
နင် ဒီလောက်သိနေပြီပဲလေ့လာဖို့ လိုသေးလားလို့ ကျနော်က ဆိုတော့
သူက ရီတယ်။ လိုသေးတယ်တဲ့။
ဒါနဲ့သူ မဟာဝိဇာ ဘွဲ့သွားရတယ်။ ဘွဲ့ ရတော့သူပြန်လာတယ်။
နေရှင်းသတင်းစာမှာဆက်လုပ်နေတယ်။ မြန်မာ နိင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေ၊ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က
မဆုံးနိင်တဲ့ သတင်းစာရှင်းလင်းပွဲကြီးတွေမှာသူဟာ မေးခွန်းတွေတက်မေး
လေ့ရှိတယ်။ မြန်မာ ပြည်အခြေအနေတွေကို နိင်ငံတကာကို သူတင်ပြနေတယ် ။ သူဟာ မြန်မာ ပြည်အကြောင်း ကို
သူတော်တော်သိတယ်။

တနေ တော့သူကျနော်ဆီရောက်လာပြန်တယ်။ နင် ငါကို ၂ နှစ်လောက်
တွေ့ မှာမဟုတ်ဘူးလို့ ဆိုပြန်တယ်။ နင်ဘယ်သွားဦးမလဲလို့ မေးတော့
မဟိဒေါ တကသိုလ်မှာ မဟာဝိဇာ သွားတက်ရဦးမယ်လို့ ဆိုတယ်။
ဘာဘာသာကို လေ့လာမလဲလို့ ဆိုတာ့ လူအခွင့်အရေး ရယ် ၊ စီးပွားရေး
အကြောင်းကို ထပ်မံလေ့လာ ဖို့ အတွက် သူ့ သတင်းစာတိုက် တာဝန်ပေး
စေလွတ် လို့ သူသွားရမယ်လို့ ဆိုပါတယ်။ နင် သိနေပြီပဲ။ လိုသေးလို့  မေးတော့။ လိုသေးတယ်။
သတင်းတွေရေးမယ်ဆိုရင် ဒီရေိယာတွေ၊ သီအိုရီတွေကို သူသိထားဖို့ လိုတယ်တဲ့။ သူသိထားတာဟာ ယေဘူယျ လေ့လာသိထားတာပဲရှိသေးတယ်။
ပညာရှင်အဆင့် အထိမဟုတ်သေးဘူး။ ဒါကြောင့် သူကျောင်းတက်ရမယ်လို့ 
ဆိုပါတယ်။ ဒါနဲ့သူပျောက်သွားတယ်။ ၂ နစ်လောက်ကြာတော့ သူပြန်ရောက်လာတယ်။ စကားပြောမိတယ်။

သူဟာပိုရင့်ကျက်လာတယ်။ ပို လေးနက်လာတယ်။ သူကို ကြည့်ပြီး
အတွေး နက်မိတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အောင်မြင်ဖို့ အတွက်စာနယ်ဇင်းလောက ၊ နိင်ငံရေးသမားတွေ နဲ့ စစ်တပ်ဟာ အထက်တန်း ပညာတွေကို လေ့လာဆည်းပူး ဖို့ တကယ်ကိုလိုအပ်နေတယ်ဆိုတာပါပဲ။

လက်တင်အမေရိက၊ အာဖရိက နဲ့  အာရှ နိင်ငံတွေမှာ စစ်တပ်က နိင်ငံရေးအင်အားစု
တွေအပေါ်မှာလွမ်းမိုသွားနိင်တယ်ဆိုတာ နိင်ငံရေးအင်အားစုတွေနဲ့ စာနယ်
ဇင်းလောက က ပညာရေးချွတ်ခြုံ ကျသွားမှု တွေကြောင့်ဆိုတာ
သုတေသီ တွေရဲ့ အဆိုရ တွေ့ ရှိလာလို့ ပါပဲ။

မြန်မာပြည်ကစာနယ်ဇင်းလောက နိင်ငံရေးလောက ဟာ ကိုယ် လေ့လာမဲ့ 
ခွင် ( Focus Area) ကို စနစ်တကျ လေ့လာဖို့ အထူးလို အပ်နေပါတယ်။ ဥပမာ -အမျိုးသမီး၊ ကလေး၊ တိုင်းရင်းသား၊ စီးပွားရေး၊
ယူနီယံ၊ ဥပဒေ ၊ စိုက်ပျိုးရေး၊ မွေးမြုးရေး၊ ပြည်တွင်းစစ် စသဖြင့်
ပြသနာ နဲ့  ရေိယာကို စနစ်တကျ ချဉ်းကပ်လေ့လာ ဖို့  လိုနေပြီ။ စနစ်တကျ လေ့လာဖို့  လိုနေပြီ ဆိုတာ
အကြံပြု ခြင်ပါတယ်။


မိုးသီးဇွန် 

3 comments :

layaung said...

I think this is one of the remarkable posts from you Ko Thee.

Anonymous said...

မင်းကရော ဘာတွေ လေ့လာနေလိုလဲ။

Anonymous said...

Ko Moe Thee,
Since I read your blog long time back, this post is the best one.
I hope you are started opening your eyes.

:D