ဒီမိုကရေစီ စံနှုန်း
(Democracy Index)
နိင်ငံတနိင်ငံမှာ ဒီမိုကရေစီရှိမရှိကို
နိင်ငံရေးသုခမိန် တွေ ဒီမိုကရေစီစံနှုန်း
( Democracy Index ) ဆိုတာနဲ့  တိုင်းထွာလေ့ရှိတယ်။ ဒီစံနှုန်းမှာ အချက် ( ၄ ) ချက်ရှိတယ်။
၁- ရွေးကောက်ပွဲ ဟာ တရားမျှတမှုရှိမရှိ
( Whether National Elections are free and
fair)
၂- မဲပေးတဲ့ နိင်ငံသားတွေ မှာ လုံခြုံမှုရှိမရှိ (
Security of Voters )
၃- နိင်ခြား နိင်ငံတွေက လွမ်းမိုးခံနေရမှု ရှိမရှိ။
( The influence of foreign powers on government)
၎- အစိုးရ၀န်ထမ်းတွေက ပေါ်လစီတွေကို
အကောင်ထည်ဖေါ်ဆောင်နိင်စွမ်းရှိမရှိ ။ (
the Capability of the Civil Servants to implement policies )
ဆိုတဲ့စံနှုန်း ၄ ချက်နဲ့ တိုင်းထွာလေ့ရှိပါတယ်။
အခု မြန်မာ့ နိင်ငံရေးအခြေအနေက တိုးတက်နေတယ်ဆိုနေကြတဲ့အတွက် ကျန်ာတို့  နိင်ငံဟာ
ဒီမိုကရေစီ စံနှုန်းနဲ့ ဘယ်လောက်ကိုက်ညီနေပါသလဲ ဆိုတာကို ကိုယ်ဖါသာကိုယ်စဉ်းစား
တွေးခေါ်နိင်ပါတယ်။
နိင်ငံတွေရဲ့ အမျိုးစားတွေကို
ဆန်းစစ်တဲ့ နေရာမှာလဲ စံ ( ၄ ) ချက်သတ်မှတ်ထားပြန်ပါတယ်။
ဒါတွေကတော့
၁- ဒီမိုကရေစီအပြည်အ၀ရှိတဲ့နိင်ငံ
(Full Democracy )
၂- ဒီမိုကရေစီ တစိတ်တပိုင်းရှိတဲ့
နိင်ငံ (Flawed Democracy)
၃- စနစ်၂ မျိုး အစိုးရ
(Hybrid Regimes )
၎- အာဏာရှင် အစိုးရ (
Authoritarian Regime)
ဒီလေးမျိုးမှာ အာဏာရှင်အစိုးရက
လွဲလို့  ကျန် သုံးမျိုးကို ဒီမိုကရေစီ နိင်ငံများအဖြစ် သတ်မှတ်လေ့ရှိကြတယ်။ ကမဘာနိင်ငံပေါင်း ၁၆၇ နိင်ငံရှိတဲ့အနက် နော်ဝေး
ဟာ ဒီမိုကရေစီအရှိဆုံးနိင်ငံအဖြစ် နံပတ် ၁ လို်က်။ ဥရောပနိင်ငံတွေအတော်များများက
ဒီမိုကရေစီအရှိဆုံးအဆင့်တွေသတ်မှတ်ခံရတယ်။ အမေရိကန် က အဆင့် ၂၀ ၊ ဂျပန်က ၂၁
နဲ့  ဒီမိုကရေစီမရှိဆုံးနိင်ငံ
အဖြစ် မြောက်ကိုရီးယားကို သတ်မှတ်တယ်။ မြန်မာ ကတော့ဒီမိုကရေစီမရှိဆုံးနိင်ငံများ
ထဲမှာ နံပတ် ၁၆၁ လိုက်နေတယ်။ သူအောက်မှာ
ဥဇဘတ်ကစ်စတန်၊ တာမိန်နစ်စတန်၊
ချဒ်၊ မြောက်ကိုးရီးယားတို့ ဖြစ်ကြတယ်။
2 comments :
Please let ne share in blog.thanks.http://8888newgenerations.blogspot.ca/2012/05/democracy-index.html#links
Please let me share in blog.thanks.http://8888newgenerations.blogspot.ca/2012/05/democracy-index.html#links
Post a Comment