Wednesday, 9 May 2012

မြေယာ ပြသာနာ နဲ့ အဖြေ ( Land Crisis : Problem and Solution by Moethee Zun)


 မြေယာပြသနာ နဲ့ အဖြေ 

-မိုးသီး -

လယ်သမား တွေဆီက မြေသိမ်းမှုတွေဟာ မြင်မကောင်းအောင်ဖြစ်နေတယ်။
စားရမဲ့သောက်ရမဲ့ဖြစ်နေတယ်။


သူတို့ ထမင်းအိုးတွေကို ရိုက်ခွဲခံနေရတယ်။  သူတို့ လက်ထဲက ထမင်းလုပ်ကို လုစားနေကြတယ်။ သူတို့ က ဘယ်သူတွေလဲ
သူတို့  ကတော့ ဇောကမဘာ ဦးခင်ရွှေ တို့ လို ခရိုနီတွေဖြစ်တယ်။
သူတို့ ကို ဆန်ကျင်ရမယ်။ သူတို့ ကို တိုက်ပွဲ ဆင်ရမယ်။


  (  ရန်ကုန်တိုင်း ရှိလယ်မြေအများစုနဲ့  ပြည်နယ်အများစုမှာ လယ်ကေ သန်းပေါင်းများစွာ ပိုင်ထားတဲ့ ခင်ရွှေ ) 


မြေဟာ ၀ိညဉ်ဖြစ်တယ်။ မြေဟာ ဘာသာရေး တခုလိုဖြစ်တယ်။ မြေယာပေါ်လစီ ကို အစိုးရတွေ ဂရုတစိုက် ကိုင်တွယ်ဖို့ 
ရှေးကတည်းက ပုံပြင်တွေနဲ့  ပညာပေးခဲ့ကြတယ်။

 ရှေးဟောင်းပုံပြင်တပုဒ်မှာ အလောင်းစည်သူမင်းကြီးဟာ
တန်ခိုးကြီးတယ်။ သူအခွန် ( Tax) ကောက်တဲ့နည်းကသူရဲ  လှံပျံ  ကိုလွှတ်လိုက်သတဲ့။လှံပျံက အခွန်မ ပေးသူရဲ့ ခေါင်းပေါ် မှာ ထောက်ထားတယ်။  အခွန် မပေးမခြင်း လှံနဲ့ ချိန်ထားတယ်။ သူက ဒီလောက်တန် ခိုးကြီးတယ်လို့ ဆိုတယ်။  တနေ့ မှာတော့သူဟာ မုဆိုးမ
တယောက်ရဲ့ လယ်ကို မတရားသိမ်းမိတယ်။  ဒီလောက်တန်ခိုးကြီးတဲ့ဘုရင်ကြီးဟာ လှံပျံကိုစေလွတ်တဲ့အခါမှာလှံဟာ မသွားတော့ဘူး။

ဒီပုံပြင် ပညာပေးမှုက မြေယာဟာ ပေါ်လစီ ဟာ ပြည်သူလူထုပိုင်မြေကို
နိင်ငံတော်ကသိမ်းဆည်းခွင့်မရှိဘူး။ မလုပ်ပ်ဘူးဆိုတာပဲဖြစ်တယ်။

 မြန်မာပြည်မှာ ပြည်သူလူထုအတွက် အရင်းအနှီးဆိုလို လုပ်အား (  Labor ) နဲ့ မြေကြီး ( Land)  ပဲရှိပါတယ်။
ဖြစ်သင့်တာက အစိုးရက လုပ်အားကို ကျွမ်းကျင်လုပ်သား ( Skill Labor )
ဖြစ်အောင် လုပ်ပေးရမှာ။ မြေကြီးကို လည်း ဝေချမ်းရေး ( Land Reform ) လုပ်ပေးရမှာဖြစ်ပါတယ်။ မြေမရှိတဲ့သူကို မြေဝေပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့
ဒီနေ့  လယ်သမားတွေရဲ့ ဒုကခ က မကြည့်ရက်စရာဖြစ်နေတယ်။

စက်မှုလက်မှုအဆင်သင့်လဲမဖြစ်ပဲ နဲ့ လယ်တွေကိုသိမ်းတာဟာ အကြမ်းဖက်တော်လှန်ရေး ကြီး ဆီကို ဦးတည်ပေးနေသလိုဖြစ်နေတယ်။

အမေရိကန် နိင်ငံက လယ်သမား တွေကို ဘယ်လို အားပေးသလဲ ဆိုတာ
လေး ကြုံတုံးပြောပြချင်တယ်။
ကျနော်ရဲ ဘော်တယောက် အင်ဒီယားနား ပြည်နယ် ဖေါ့ဝန်းမှာနေပါတယ်။ သူက နွေရာသီမှာ ချဉ်ပေါင် တကေ လောက်စိုက် တယ်။ သူက မြေကို  ပြည်နယ် အစိုးရဆီကနေ ငှားပါတယ်။  ၀ယ်မယ်ဆိုလဲ ရောင်းပါတယ်။  မြေငှားက တနစ် မှာ ၁၀ ဒေါ်လာ ၀န်းကျင်ပဲပေးရပါတယ်။ အစိုးရ လယ်ယာမြေဌာန က နောက်တနေ့ မှာ
ထွန်စက်မောင်းလာပြီး အလကား လာထွန်ပေးသွားပါတယ်။ လုပ်အား သက်သာအောင်ပါ။  ရေ စုတ်စက်ကိုလဲ အလကား ငှားပြီး ချောင်းကရေ
ကိုသွယ်ပေးပါတယ်။   လိုအပ်တဲ့  နည်းပညာတွေ အကူညီလဲ တောင်းလို့ 
ရပါတယ်။  ချဉ်ပေါင်စိုက်တာဆိုတော့ နည်းပညာဒီလောက်မလိုတော့
သူက ဆက်မငှားပါဘူး။ အလားတူပဲ အမေရိကန် ပြည်တောင်စုတခုလုံးမှာ
လယ်သမားတွေဟာ  အထူးအခွင့်အလန်းတွေရပါတယ်။ မြေတွေကို ၀ယ်နိင်
ရောင်းနိင်ကြတယ်။ အမတော်ကြေးငွေရတယ်။ နည်းပညာတွေရတယ်။
အခွန် တွေ လျော့ပေါ့ ခံစားခွင့်တွေရကြပါတယ်။  စိုက်ပျိး ရေး ကလဲ အလွန်ထွန်းကားပါတယ်။

မြန်မာပြည်ရဲ့  လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ လယ်ယာမြေနဲ့ပတ်သက်တဲ့
စီးပွားရေးမှာ မှီခိုနေရတုံးဖြစ်တယ်။  ဗမာပြည်ကွန်မြူနစ်ပါတီက တခါက
သူတို့ ရဲ့  သေနင်္ဂဗျုဟာမှာ လယ်ယာမြေဟာတော်လှန်ရေးရဲ့ ဝင်ရိုးဖြစ်တယ်
လို့ တောင် သုံးသပ်ဖူးကြပါတယ်။
ဒါပေမဲ့  မြန်မာ ပြည်လယ်သမား ဘ၀ က ဆရာစံလက်ထက် ( ၁၉ ၃၀) ဘဝ
ဒီကနေ အထိဘာဆိုဘာမှမတိုးတက်သေးဘူး။ ကျနော်တို အိမ်နီးခြင်း
ထိုင်းနိင်ငံက လယ်သမား တွေရဲ့ ဘ၀ လောက်မတိုးတက်သေးဘူး။

မုနပုလောကျသွားတော့ ဗိုလ်ချုပ်မြ တပ်ဖွဲ့ တွေနဲ့ ကျနော်တို့ တပ်ဖွဲ့ တွေထိုင်းနိင်ငံ
မယ်ကော့မိုင် ( မဲဆောက်မှာ ၁၆၇ ကီလီမီတာ အကွာ ) ကျေးရွားလေအနီးမှာတပ်စွဲခဲ့ကြတယ်။  အဲ့ဒီရွာကို ထိုင်းတွေတောင်သိပ်မသိကြဘူး ။ ဒီလောက်ခေါင်တယ်။ ဒါပေမဲ့ အဲ့ဒီရွာ ဟာ  ရန်ကုန် မြို့ ၀င်ဒါမီယာ  ရပ်ကွက်ထက် လူနေမှုအဆင့်အတန်းမြင့်မား
နေတာကို ကျနော်တို့ တွေ့ ရတယ်။  လမ်းကောင်းတယ်။ အထက်တန်းကျောင်းရှိတယ်။   ဆေးရုံကြီးရှိတယ်။  ရေ၊မီးရှိတယ်။
အိမ်တိုင်းမှာ ကားနစ်စီး နဲ့ ရေခဲသေတာ၇ှိတယ်။ သားသမီးတွေက
ဘန် ကောက်တကသိုလ်တွေမှာတက်နေကြတယ်။  တရွာလုံးက လယ်သမားတွေပါ။   ကောင်မလေးတွေကလဲ များလဲများတယ်။ ၀င်ဒါမီယာက ကောင်မလေးတွေထက် ချောနေတယ်။ ပညာတတ်တယ်။
စိတ်ကောင်းရှိကြတယ်။  ကျနော်တို့  ထိုင်း စစ်တပ်နဲ့  အာဏာပိုင်တွေက နှိပ်ကွက် နေချိန်မှာ လက်နက်တွေကိုဖွက်ပေးသူတွေ၊
စက်သွယ်ရေးစက်တွေကို ဖွက်ပေးသူတွေဖြစ်လာတယ်။

ဒီတော့ ကျနော်တို့ ရဲ ဘော်တွေဟာ ဒီရွာ နားက မရွေ့ နိင်အောင်ဖြစ်နေကြခဲ့ရဘူးတယ်။

ဒါက ထိုင်းနိင်ငံ လယ်သမားတွေရဲ့  ဘ၀ အဆင့်အတန်းမြင့်မားမှုပါ။
နိင်ငံရေးနိုးကြားမှု ၊ စာနာမှုတွေပါ။

မြန်မာ ပြည်မှာတော့ ကြေကွဲဘွယ်ယာ တွေက အဆုံးမသတ်နိင်ဘူး။
ဇေကမဘာ ဦးခင်ရွှေ ဟာ ချစ်တီးထက်ဆိုးနေတယ်။ သူတို့ သိမ်းထားတဲ့
လယ်တွေက တခေါ်တမျော်ဖြစ်နေတယ်။ သူဟာ ဦးရွှေမန်းနဲ့ ခမီးခမက်
တော်သူဆိုတော့ သူလုပ်နေတာ တွေဟာ ဦးရွှေမန်းရဲ့ ပေါ်လစီလား
လို့ စဉ်းစားစရာဖြစ်နေတယ်။

လယ်တွေအခုလို မတရားသိမ်းနေတာက အစိုးရပြောတဲ့ ပြုပြင်ပြောင်းလဲမှု
တွေကို ယုံကြည်ရခက်တယ်။  ပြသနာသစ်ကို ဖန်တီးနေသလိုဖြစ်တယ်။

ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့  ပတိပကကို ဖြေရှင်းနေတယ် လို့ ဆိုပေမဲ့ ။  အစိုးရနဲ လယ်သမားတွေရဲ့ 
ပတိပက ကို မဖြေရှင်းဘူးဆိုရင်တော့ ဘယ်တော့မှာအရည်တည်တန့် တဲ့
ငြိမ်းချမ်းရေးဟာရလာမှာမဟုတ်ဘူး။

စိတ်ပျက်ဖို့ ကောင်းတာတခုကတော့

ဒီကိစ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမားဒီမိုကရေစီအဖွဲ့ ချုပ်ကလဲ
တခါမှာ မပြော ဘူး ။  ၈၈ မျိုးဆက်တွေကလဲ ထုတ်ဖေါ်ပြော ( Publicize ) လုပ်တာမရှိဘူး။  ဒီချုပ်က ၁၉ ၈၉  ဝေါနယ် က လယ်သမားတွေ လယ်အသိမ်းခံရ ၊ တာဝန်ကြေစပါး မပေးလို့ နေပူလှမ်းခံရတုံးကလဲ
ရေငုံနှုတ်ပိတ်နေကြတယ်။

မတူကွဲပြား ပါတီကဦး နေမျိုးဝေ  ပြောတာ ကိုတွေ့ ရတယ်။ သူအသံက တိုးတယ်။ ( Voice ) မရှိဘူး။ အခြေအနေက ငပိသည်က အိပ်နေပြီး ဆားသည်က ယင်ခြောက်နေသလိုဖြစ်နေတယ်။

ကျနော်ယုံကြည်ချက်ကတော့ မြန်မာ ပြည် စီးပွားရေးတိုးတက်ဖို့  လျိုလ်ဝှက်
ချက် စကားဝှက် ( Secret Code) ကတော့ မြေကြီး ( Land) ပဲဖြစ်တယ်။
မြေယာပေါ်လစီနဲ့ မြေယာဝေချမ်းရေးဟာ ဟာ အဖြေဖြစ်တယ်။

ဒီကုတ်ကို မဖြုတ်နိင်ရင်တော့ အစိုးးရအဖွဲ့ ဟာ မတည်ငြိမ်ပဲ လှုပ်နေမှာ
ဖြစ်တယ် ။

2 comments :

KO said...

It is Great article, I agree with you.

Anonymous said...

You should find out why this chit-tee KShwe is capturing farmer lands. We all know that Selfish TShwe built Naypyidaw and who foot the bill? My guess is that this is give and take agreement from TShwe to KShwe. Both of them should be loser for this time.