ယနေ့ည ၈ နာရီတွင် သမ္မတဦးသိန်းစိန် နိုင်ငံသို့ မိန့်ခွန်းပြောမည်
ည ၇ နာရီ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် သည် ယနေ့ည ၈ နာရီတွင်
မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမည်ဟု
နိုင်ငံတော် သမ္မတရုံးမှ မွန်းလွဲ ၂ နာရီအချိန်က
ကြေညာချက်ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နှင့် စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူတို့တွင်
မငြိမ်သက်မှုများနှင့် ပတ်သက်၍ ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမည်ဟု
မျှော်လင့်ရသည်။
ယမန်နေ့ကလည်း ဦးသိန်းစိန် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း ပြောဆိုခြင်း မရှိခဲ့ပေ။
ယနေ့နေ့လည်ပိုင်း စစ်တွေမြို့နှင့် ရမ်းဗြဲမြို့နယ်များတွင် မငြိမ်သက်မှု
သတင်းများ ထွက်ပေါ်ပြီးနောက် ယခုလို သမ္မတမိန့်ခွန်းပြောကြားမည်ဟု
ကြေညာလိုက်ခြင်း ဖြစ်သည်။ ။
Sunday, 10 June 2012
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment