ကြေညာချက်အမှတ်( ၆/၂၀၁၂)
ရခိုင်အရေးအခင်းဖြစ်ရပ်အပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထား
ရက်စွဲ။ ။ ၂၀၁၂ခုနှစ်၊ ဇွန်လ(၁၁)ရက်။
ရခိုင်ပြည်နယ်
ကျောက်နီမော်အမှုမှစတင်ခဲ့ပြီး တောင်ကုတ်နှင့်မောင်တောမြို့များတွင် ပဋိပက္ခများဖြစ်ပွားကာ
စစ်တွေ၊ ရမ်းဗြဲမြိ့နယ်များအထိ ကူးစက်ဖြစ်ပွားခဲ့သော
စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ရပ်များသည် ရခိုင်ပြည်သူတို့အနေဖြင့် လုံခြုံ ရေးအကာအကွယ်ကို
အချိန်မီမရရှိခဲ့ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရပါသည်။ ထို့အပြင် အုပ်ချုပ်ရေးအာဏာစက်ဖြင့် အချိန်မီ ဟန့်တားနိုင်ခြင်း
မရှိခဲ့သဖြင့် နောက်ဆက်တွဲဖြစ်ရပ်ဆိုးများကို ၀မ်းနည်းဖွယ်ကြုံတွေ့ရခြင်းဖြစ်သည်ဟု
ရှုမြင်ပါသည်။ စင်စစ် တွင် ရမ်းဗြဲမှစတင်ဖြစ်ပွားခဲ့သော အမှုကိစ္စအားလုံးသည် ဆိုးရွားရက်စက်သော
ရာဇ၀တ်မှုများသာဖြစ်၍ ဤသည်တို့ကို မြန်မာ့အချုပ်အခြာအာဏာအောက်ရှိ တည်ဆဲတရားဥပဒေတို့နှင့်အညီ ထိရောက်စွာဖြေရှင်းပေးရမည်ဟု
ယုံကြည်ပါသည်။
သို့ဖြစ်ရာ လူမျိုးနှစ်မျိုးအကြား၊
ဘာသာနှစ်ရပ်အကြား အခြေခံ၍ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ လူတစ်စု၊ လူအုပ်စုတစ်စု ၏ စိတ်ဆန္ဒနှင့်
ပေါက်ကွဲမှုဒေါသတို့ကြောင့် ပဋိပက္ခမီးပိုမိုတောက်လောင်ကာ ရခိုင်ပြည်သူတို့အနေဖြင့် လူမှုဒုက္ခများကို
တွေ့ ကြုံခံစားနေကြရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဤအရေးအခင်းကို အခြားသောရှု့ဒေါင့်တို့မှ ရှုမြင်ခြင်းထက် အေးချမ်းစွာနေထိုင်
လိုကြသော နိုင်ငံသားများ၏ လူမှုစီးပွားရေးဘ၀နှင့် အသက်အိုးအိမ်လုံခြုံမှုတို့ကို ခြိမ်းခြောက်ခံနေရခြင်းတို့ကို အမြန်ဆုံး ပြေငြိမ်းပပျောက်စေရန် လုပ်ဆောင်ခြင်းက
ပို၍အရေးကြီးလှပါသည်။
သို့ဖြစ်ပါ၍ ဤအနေအထားမျိုး
နောက်ထပ်မပေါ်ပေါက်လာရန်အတွက် သက်ဆိုင်သူများအားလုံးက အစဉ်သဖြင့် ညှိနှိုင်း၍ ဘာသာရေး၊ လူမျိုးရေးတို့ကို ရောထွေးမစဉ်းစားဘဲ ငြိမ်းချမ်းသောမြန်မာ့လူ့အဖွဲအစည်း
တည်တံ့ရေးကို ရှေ့ရှု ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ
တိုက်တွန်းအပ်ပါသည်။
ထို့အပြင် ကမ္ဘာ့မိသားစုအတွင်း
နိုင်ငံကြီးငယ်မဟူ တစ်နိုင်ငံ၏အချုပ်အခြာအာဏာကို
တစ်နိုင်ငံက လေးစားလိုက် နာကြသည့် နိုင်ငံတကာယဉ်ကျေးမှုတို့ တည်ရှိနေသော ဤ၂၁ရာစုကာလတွင်
နိုင်ငံတစ်ခု၏အရေးကို ယင်းနိုင်ငံအတွင်းနေ ထိုင်ကြသူများအချင်းချင်း ဖြေရှင်းပြေလည်ရမည်ဟု
ကျွန်ုပ်တို့ ခိုင်မြဲစွာယုံကြည်ပါသည်။ သို့ဖြစ်၍ ဤဖြစ်ပေါ်လာသော အရေးကိစ္စများမှာ ပြည်တွင်းရေးသာဖြစ်သည့်အတွက်
ပြင်ပမည်သည့်နိုင်ငံများကမျှ မည်သည့်အကြောင်းနှုင့်မဆိုမြန်မာနိုင်ငံ
၏ အချုပ်အခြာအာဏာကို ထိပါး၍ စွက်ဖက်လှုံဆော်မူမျိုး မဖြစ်စေရန် မြန်မာပြည်သူအားလုံးက လိုလားကြပါသည်။
သို့ပါ၍ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊
ညီမျှခြင်း စသည့်မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံး ရရှိအပ်သည့် အခြေခံအခွင့်အရေးများကိုရရှိစေရန်၊
တရားဥပဒေစိုးမိုးရေးနှင့် မျှတသောတရားစီရင်ရေးစနစ်တို့ကိုဖြစ်စေပြီး ဥပဒေကို ကျူးလွန်ချိုးဖောက်မှုများကို
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ဥပဒေ၏မူလရည်ရွယ်ချက်ကြီးဖြစ်သော
ပြည်သူတို့၏ အကျိုးစီးပွားကိုအကာအကွယ်ပေးရန်တို့ကို အဆင့်ဆင့်သောအာဏာပိုင်အဖွဲ့အစည်းတို့မှ စဉ်ဆက်မပြတ်အားထုတ်ဆောင်
ရွက် ပေးပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အလေးအနက်တိုက်တွန်းကြောင်း
ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု
2 comments :
“မောင်တောဘက်မှာ ဖြစ်တဲ့နေ့ ကတည်းကစပြီး ဒီဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ် တစ်လျှောက် တက္ကနာ မြို့နယ် အတွင်းမှာ ရှိတဲ့ ရခိုင်ရွာတွေကို BGB တပ်တွေချထားပြီး လုံခြုံရေးယူထားတယ်။ အဲဒီရခိုင်ရွာက လူငယ်တွေကလည်း အလှည့်ကျ အနေနဲ့ ကင်းစောင့် နေကြတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် နေထိုင်သူ သတင်းထောက် တဦးက ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားတွေဆောက်ရူးတွေ လွတ်ထားလိုက်ပြီးရော
leeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeee pae
Post a Comment