Tuesday 5 June 2012

ဗီနပ်စ် ဖြတ်နေပြီ


အချစ်ကိုကိုယ်စားပြုထားတဲ့ ဗီးနပ် ဂြိုလ်က  ဒီနေ့   ဗီးနပ်စ် ဂြိုလ် က နေနဲ့  ကမဘာကြား  ဖြတ် ပါလိမ့်မယ်။ ဒီဂြိုလ်က ၁၀၅ နှစ်မှာတခါဖြတ်တာပါ။မျက်စိနဲ့ မကြည့်ကြဖို့ နတ်ဆာက အကြံပြုထားတယ်။ နောက်တကြိမ်ဖြတ်တဲ့အချိန်မှာတော့ 
ကမဘာမြေ မှာ ခင်ဗျား မရှိတော့ပါဘူး။  မြေးမြစ်တွေတော့ကြည့်ကောင်းကြည့်နိင်မယ်။
ဘာဖြစ်လို့ လဲဆိုတော့ ၂၁၁၇ ခုနစ်မှာ ပြန်လည် ဖြတ်သန်းမှာမို့ ဖြစ်ပါတယ်။ 


ဗီးနပ်စ် ဟာအချစ် ကိုကိုယ်စားပြု အလှမန်ကြွ နေတဲ့ ဘုရင်မတပါးဖြစ်တယ်။
ဒီစင်္ကြ၀ဌာမှာသူက နေနဲ့အရင်းနှီးဆုံး ဆိုတော့လည်း ကမဘာမြေမှာတော့သက်ရောက်မှုတွေ
ရှိပေမပေါ့။ အချစ် ဆိုတဲ့ ပျော်ရွှင်မှုဟာလဲ နှစ်ဦးထက်ပိုလို့ မရလေတော့
ပျော်သူရှိသလို ၊ ငိုသူတွေရှိမယ်။ ချိုမြိန်မှုကို တချို့ ကခံစားနေချိန်မှာ တချို့ အတွက်တော့ ကြေကွဲမှု နဲ့   လက်စားချေမှု တွေ သွေးထွက်သံယိုမှုတွေ ရှိလာနိင်ရဲ့ ။
ဘာပဲဖြစ်ဖြစ်  ၁၀၅ နှစ် မှာတခါလာတဲ့ အချစ်နတ်သမီး အတွက် ၀ိုင်တခွက်လောက်တော့
မော့လိုက်ကြပါစို့ ။  ပျှော်ရွှင်တဲ့ခရီးစဉ်ဖြစ်ပါစေ အချစ်လေးရေ (Have a nice Journey Baby ! )

1 comment :

Anonymous said...

What is the points?, It sometihng can do with Burmese afair?