ကိုမိုးသီးခင်ဗျာ...
ကျေးဇူးပြုပြီး ဒီစာလေးကို တင်ပေးပါခင်ဗျာ။
ကျွန်တော်နာမည်တော့ မဖေါ်ပြတော့ပါဘူး။ အီးမေးကနာမည်က ကျွန်တော့်နာမည်
အရင်းပါ။ ကျွန်တော်ဟာ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လု
ပ်ငန်းမှာ ၅
နှစ်ကြာအောင် လက်ထောက်အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒိနောက်တော့ ကျွန်တော်လည်း ဘယ်လိုမှ ဆက်လက်ပြီးသည်းငြီးမခံနိုင်တော့တာနဲ့
အလုပ်ကနေ ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ကို အလုပ်က ထွက်ခွင့် မပြုခဲ့ပါ။
ဒါပေမယ့် ကတိပျက်လျော်ကြေးငွေ ၁၀၀၀၀ ကျပ်ကိုတော့
ကျွန်တော်ပေးဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဆင်ပြေပြီဆိုပြီး
နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ခဲ့ပါတယ်။ ၄ နှစ်ကြာခဲ့ပါပြီ အလုပ်ကနေ
ထွက်လာခဲ့တာ။ အခုတော့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က အားလုံးကို
ဖိတ်ခေါ်နေတဲ့ အတွက် ကျွန်တော်လည်း ပြန်လာခဲ့ပါတယ်။ ကျွန်တော်ဟာ မည်သည့်
ရာဇဝတ်မှုကိုမျှ ကျုးလွန်ထားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ခုတစ်ခေါက်
လေယာဉ်ကွင်းကပြန်အထွက်မှာတော့ ကံဆိုးစွာနဲ့ ကျွန်တော့်ရဲ့ ပတ်စပို့
စာအုပ်ကို လဝက မှ သိမ်းယူလိုက်ပါတယ်။ ဘာကြောင့်လဲ မေးကြည့်ရာမှာ MOGE မှ
ပိတ်ခိုင်းထားသောကြောင့် ဖြစ်ပါသည်တဲ့ခင်ဗျာ။
ဒါကြောင့် ကျွန်တော်လည်း လဝက
နှင့် MOGE ကို အသနားခံစာ တင်ကြည့်ပါတယ်။ မရတော့ပါ။ ခုတော့ ကျွန်တော့်
ဘဝပျက်ပါပြီဗျာ။ အလုပ်ကလည်း ဆက်ပြီး မစောင့်နိုင်တော့တဲ့ အတွက်ကြောင့်
ခုတော့ စိတ်ဓါတ်တွေကျပြီး ဘာလုပ်လို့ လုပ်ရမှန်းပင် မသိတော့ပါ။ ဘာသဘောနှင့်
MOGE မှ အလုပ်ထွက်ချင်သူတွေကို ပိတ်ချင်နေမှန်း မသိပါ။ မည်သည့်
နိုင်ငံတွင်မှ ဒီလို ဥပဒေမျိုးမရှိပါ။ အလုပ်မှ ထွက်ချင်လျင်
ဘယ်နိုင်ငံမှာမဆို တစ်လကြိုတင်ပြောပြီး ထွက်နိုင်ပါတယ်။
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လျှောက်လှန်းနေပြီဆိုပြီး ဒါမျိုး
လုပ်ချင်တိုင်း လုပ်ခွင့်မပြုသင့်ပါ။ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်မှ
အားလုံး (ရာဇဝတ်မှု မကျုးလွန်သူ) ပြန်လာလို့ ရပါတယ်လို့ အတိအလင်း
ထုတ်ပြန်ထားပြီး သားမို့ တခြားဝန်ကြီးများမှ ခုလိုထပ်ပြီးလုပ်ချင်သလို
လုပ်လို့ရနေသေးလားဆိုတာ သမ္မတကြီးသိအောင်ပြောပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
5 comments :
Thein Sein said you can come back.He did not say you can GO BACK. hmat pyi lar lu lein dwe ko yone me lo kwa.
Its totally your fault. You should not come back in the first place.
You need to make sure before you come back by contacting respected party.
President does not mean anybody can come back without doing arrangement with the respected agency.
You just can't sneak in sneak out if you violated something.
Sorry to say but its your own fault.
He He, there are many doctors run away from service (MOH) and working oversea. Some are state scholarships. All can get multiple entry, no problem, including me.
haha...President says you can come back without prior notice to Police but not for immigration. So immigration will take action by old law because all the officers are old ones. They don't want to accept the new idea...
မင်းကလည်းကွာ ဦးသိန်းစိန်ကဘာပြောပြော အောက်ကလူတွေက ဘောဘဲ ဆိုပြီး သူတို့ လုပ်ချင်ရာ လုပ်နေကြတာဘဲ။ ပြောကတည်းက ပြန်လာလို့ဘဲ ရပါတယ်ဆိုနေမှ မရှင်း မရှင်းနဲ့ကို။ မင်းက သေသေခြာခြာ မှ နားမလည်တာကိုးးးး။
Post a Comment