ဘုန်းကြီး ၀ိရသူ ၊ ဦးသိန်းစိန် ရုံးအဖွဲ့ မှုး မူးဇော် (ခ ) ဗိုလ်မှုးဌေးဇော် တို့ ဟာ သတင်းမှားတွေကို အဆက်မပြတ်ဖြန့် နေကြတယ်။
ရိုဟင်ဂျာ- ရခိုင်ပြသနာ ကနေ ၊ အစ္စလန်၊ ဗုဒ္ဒဘာသာအထိ ဘာသာရေးအဓိကရုဏ်းတွေ
ဖြန့် နေတယ်။ သူတို့ ကို ရန်ကုန် ကလူထုကလည်း လုံးဝ မကြိုက်ကြဘူးလို့ သိရပါတယ်။
အားလုံး တော်လှန်ရေးသတိရှိကြပါ။ ရိုဟင်ဂျာ- ရခိုင်ပြသနာ ဆိုတာ ကြံ့ဖွတ်တွေကစတင်
နေခြင်းဖြစ်ပါတယ်။
ကြံ့ဖွတ် တွေခုလို ခြေသွက်လက်သွက် မီးမွေးနေကြတဲ့အတွက် ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ 
ဦးရွှေမန်းတို့ အလွန် စိတ်ပျက်နေကြတယ်။ အစိုးရအတွက် သဘောထားကွဲလွဲမှုတွေရှိနေတယ်။
ဒီပြသနာတွေက စစ်အုပ်စုအတွင်းသဘောထားတင်းမာတဲ့ ဦးတင်အောင်မြင့်ဦးတို့ အဖွဲ့ နှုတ်
ထွက်သွားပြီးရတဲ့နောက်ပိုင်းမှာ အစိုးရအဖွဲ့ကိုမတည်ငြိမ်အောင်လုပ်လာခြင်းဖြစ်ပါတယ်။
အခုဆိုရခိုင်ပြည်နယ်ဟာ စစ်အုပ်ချုပ်ရေး ဘ၀ကိုကျရောက်သွားရပြီဖြစ်ပါတယ်။
ရခိုင်ပြည်သူလူထုတွေကိုလည်းတကယ်ထိရောက်စွာမကာကွယ်ဘူးလို့ သိရပါတယ်။ နှစ်ဖက် စလုံးမှာ ကြံ့ဖွတ်တွေဝင်ပြီး တိုက်ခိုက်ပေးခြင်း တဖက်နဲ့တဖက် သွေးချောင်းစီးသတ်ဖြတ်ပွဲ ကို
ဦးတည်အောင်လုပ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ဒီလိုလုပ်ရပ်က တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုနဲ့ နိင်ငံတကာပေါ်မှာ သြဇာလွမ်းမိုး
မှု များလာတာကို မနာလို တဲ့ ကြံဖွတ်အမာဂိုဏ်းက လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
ကျနော်တို့ ဘာတွေလုပ်ဆောင်ရမလဲ
+ သတ်ဖြတ်မှုတွေမဖြစ်အောင်ဝိုင်းဝန်းထိမ်းသိမ်းပါ
+ ကြံ့ဖွတ်တွေ လူမျိုးရေး သွေးထိုးမှုလုပ်ဆောင်နေချက်ကို ထောင်ခြောက်ထဲကျနေသူတွေကို
ရှင်းလင်းပြပါ။
+ သေဆုံးသတ်ဖြတ်မှုတွေကို မှတ်တမ်းတွေသိမ်းဆည်းပါ၊ ဗွီဒီယိုမှတ်တမ်းများရအောင်ယူကြပါ။
+ နိင်ငံတကာ စစ်ခုံရုံးမှာ ကြံ့ဖွတ်ခေါင်းဆောင်တွေကို ရ၀မ်ဒါ နဲကောဆိုဗိုလ် က ရာဇ၀တ်ကောင်တွေလို့  တရားစွဲဆိုနိင်ရန် ကြိုးပန်ဆောင်ရွက်ကြပါ။
+ သတ္တိရှိရှိနဲ့ အမှန်တရားကို ပြောရဲကြပါ။ အစွန်းရောက်မဟာဗမာ လူမျိုးရေးဝါဒကိုရှုတ်ချပါ။
ကျင့်သုံးနေသူတွေကို ဖေါ်ထုတ် ပါ။
We Fight We Win
No comments :
Post a Comment