Sunday, 10 June 2012

မြန်မာ ပြည်တွင်းရေး နှင့် စီးပွားရေးဆိုင်ရာ သတင်း

ကျပ်တသောင်းတန်သတင်းကြောင့် ငွေကြေးဈေးကွက် လှုပ်ခတ်

ကျပ် တသောင်းတန် သတင်းကြောင့်  ငွေစက္ကူ မသုံးစွဲခင်ကပင် ငွေကြေးဈေးကွက် လှုပ်ခတ်နေကြောင်း ရန်ကုန် နှင့် နယ်စပ် က လာတယ် သတင်းများ အရ ကြားသိရပါသည်။ တရုတ်နယ်စပ်မှာ ယွမ်းငွေနဲ့ လှဲလှယ်ရာမှာ  မြန်မာကျပ်ငွေ လျော့ကျသွားခဲ့ပြီး၊ ဒေါ်လာဈေးကွက်မှာ လည်း ဂဏာမငြိမ်ဖြစ်နေတယ်လို့ ရန်ကုန်က နိုင်ငံခြား ငွေလှဲဒိုင် များမှာ  ပြောဆိုနေကြတယ်။

 ကျပ် တသောင်းတန် ထုတ်ဝေမှုကြောင့် ကုန်စည်ဈေးကွက်တွင် ဆန်၊ ဆီနှင့် အခြေခံစားသုံးကုန်ဈေးနှုန်းများ နှင့် မော်တော်ကား နှင့် အိမ်ယာမြေဈေးများ မကြာခင်မြင့်တက်လာဖို့ ရှိကြောင်း ရန်ကုန်မြို့  ကုန်သည်ကြီးများ အသိုင်းအ၀န်း က ဟော်ကိန်းထုတ်နေကြပါတယ်။

 ချည်မျှင်နဲ့ဆေးဆိုးစက်ရုံ အလုပ်သမား ၆၀၀ လစာတိုးပေးရေး ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။ ဒီစက်ရုံ မှာ အလုပ်သမား ၉၀၀ အလုပ်လုပ်ကိုင်နေကြ ပြီး အမျိုးသမီး ဦးရေ က ၇၀၀ လောက်ရှိ ကြောင်း သိရပါသည်။  

အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော် လစာ ရရှိရေး ဆန္ဒပြ


သောကြာနေ့ နံနက် ၁ဝ နာရီ ခွဲခန့်တွင် လှိုင်သာယာ စက်မှုဇုန် ၂ ကမ်းနားလမ်းရှိ ကိုးရီးယား နိုင်ငံသားပိုင် အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ မေလ တလလုံး လုပ်အားခ လစာငွေများကို အလုပ်ရှင်မှ ယနေ့အထိ ထုတ်ပေးခြင်း မရှိသဖြင့် လစာငွေ ထုတ်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုကြသည်။ ဆန္ဒပြပွဲသို့ အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၄၅ ဦး ပါဝင်သည်။

လေးမြို့ရေကာတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော် စီးပွားပျက်မည်


တရုတ်အစိုးရက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း စီးဆင်းသည့် လေးမြို့မြစ်ပေါ် တွင် ရေအား လျှပ် စစ် အတွက် ဆိုပြီး ရေကာတာအား ဆက်လက်အကောင် အထည်ဖော်ပါက ဒေသခံပြည်သူ ကျေးရွာ ပေါင်း ၁၀၀ ခန့် စီးပွားပျက်မည်ဟု ပြောကြသည်။

တရုတ်အစိုးရသည် ချင်းပြည်နယ်ပလက်ဝမြို့နယ် ကိုဖေချေရွာ အနီးတွင် အမြင့်ပေ ၅၅၀ရှိ မီကာဝပ် ၆၀၀ ရေအားလျှပ်စစ် နှင့် ရခိုင်ပြည် နယ်မြောက်ဦးမြို့နယ် စိုင်းတင်ရွာအနီးတွင် မီကာဝပ် ၉၀ ရေအား လျှပ်စစ်အ တွက် စတင် ပိတ်ဆို့ မှာဖြစ်သည်။

“ တရုတ်က အကျိုးအမြတ် ၉၀ ရာနှုန်း၊ မြန်မာအစိုးရက ၁၀ ရာနှုန်းအကျိုးခံစားမှာဖြစ်တယ် ” ဟု ရေကာတာ ဆန့်ကျင်ရေးအဖွဲ့မှ လူငယ် တဦး က ပြောသည်။

ဒေသခံပြည်သူများသည် မြစ်ကို အားထားပြီး လယ်မြေ၊ ယာမြေ၊ ကိုင်း၊ ဥယာဉ်ခြံများ၊ ရေထွက် ပစ္စည်းများ ဖြင့်အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် မြစ်အောက်ပိုင်း ဒေသခံများသည် မြစ်ရေကို သောက်သုံးကြသည်။
“ အခု ရေကာတာအတွက် စက်ကြီးများနဲ့မြေကို တူးဆွနေတဲ့ အတွက် မြစ်ရေတွေ ညစ်ညမ်းနေတော့ ဒေသခံတွေ သောက်ရေအခက်အခဲကြုံရတယ်၊ ငါးတွေ သေနေတယ်”  ဟု ဆက်ပြောသည်။

ဒေသခံပြည်သူများသည် ဒေသထွက် ၀ါးတွေကို တနှစ်လျှင် အလုံးရေ ၁၀ သိန်း- ၁၅ သိန်းအထိ ရေကြောင်း အားဖြင့် ရခိုင်ပြည်နယ်၊ ဘင်္ဂလားနိုင်ငံ အထိ ပို့ပြီး ၀င်ငွေရှာကြသည်။ တနှစ်လျှင် ကျပ် သိန်းပေါင်း ၂၀၀၀ အထိ ၀င်ငွေရရှိကြသည်ဟု ဒေသခံတွေအဆိုအရ သိရသည်။

ရေကာတာ ဆက်လက်မတည်ဆောက်ဖို့ ရခိုင် မြစ်ချောင်းအင်းအိုင် ကာကွယ်ရေးအဖွဲ့က သမ္မတ ဦးသိန်းစိန် ထံ တောင်းဆိုထားသည်။

ဒေသခံပြည်သူများသည် ရေကာတာ ဆိုင်ရာ တာဝန်ရှိများမှ သက်ဆိုင်ရာ အာဏာပိုင်များထံ မဟုတ် မဟပ် တိုင်ကြားခြင်း များပြုလုပ်နေကြ သဖြင့် ကြောက်ရွံ့ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

( khonumthung)

မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကြောင့် နစ်နာမှု အတွက် သောင်းနဲ့ ချီတဲ့ ရွှေတွင်းလုပ်သားများ ဆန္ဒပြ


၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ “အမျိုးသားကြီးပွားတိုးတက်ရေး အင်အားစု ကုမ္ပဏီလီမီတက်” ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ် လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

“အမျိုးသားကြီးပွားတိုးတက်ရေး အင်အားစု ကုမ္ပဏီလီမီတက်”ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံ အသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ် နေကြပါကြောင်း။

(မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည် ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုအချိန်က သတ္တုတွင်းဝန်ကြီးဋ္ဌာန၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး  ရွှေကြောရှိရာ တောင်ပေါ်သို့တက်၍ ခိုးတူးခဲ့ကြရခြင်း ဖြစ်ပါသည်။

  ( ဒီမိုးဝေယံ)

No comments :