Wednesday 20 June 2012

မန်းမှာ အလုပ်သမား လှုပ်ရှားမှုတွေ ဖြစ်နေတယ်။

မန္တလေးမှာ အလုပ်သား တွေ ဆန္ဒပြ တိုက်ပွဲဝင်နေပါတယ်။ စက်ရုံတွေက နေလ ဓါတ်ခဲစက်ရုံ မှာဖြစ်ပါတယ်။ လစာတိုးပေးဖို့  ၊ ရေသန့် ဗူး ထားပေးဖို့ ပါ။ လစာကို တလ ၄၂၀၀၀ ( ဒေါ်လာ ၄၀ ခန့် ) ပေးဖို့  ရက်မှန်ကြေး တသောင်း ( ၁၀ ဒေါ်လာ) ပေးဖို့ တောင်းဆိုတဲ့
တိုက်ပွဲပါ။ ဒီတိုက်ပွဲ ဟာ အလွန် လူသားဆန်တဲ့ မွန်မြတ်တဲ့တိုက်ပွဲဖြစ်တယ်။ အသက်ရှင်သန်နိင်ဖို့  အတွက် လုပ်အားကို ရောင်းတာ၊ တန်ရာတန်ကြေးရသင့်တယ်။ ဒီလုပ်အားခဟာထိုင်းနိင်ငံက အလုပ်သမားတယောက်ထက်စာရင်အများကြီးနိမ့်နေတယ်။ မြန်မာ ပြည်က ကုန်ဈေးနှုန်းတွေက အမေရီကန် နဲ့  အတူတူလောက်ဖြစ်နေတယ်။ ဒါကြောင့်အလုပ်သမားတိုက်ပွဲတွေဟာ လူသားတို့ ရဲ့ ရှင်သန်ရေးတိုက်ပွဲ ဖြစ်နေတယ်လို့ ကျနော်ပြောချင်တယ်။
မျိုးနွယ်တို့ ရဲ့  မသေမှု ၊ရှင်သန်ဖို့ အတွက် ရုမ်းကန်တဲ့လှုပ်ရှားမှုဖြစ်လို့  ဒီလိုတိုက်ပွဲတွေကို ထောက်ခံရမယ်။ အားပေးရမယ်။ ကိုယ်တိုင်ပါဝင်နိင်အောင်ကြိုးစားအားထုတ်ရမယ်။  မန်း က ဘ၀တူအလုပ်သမားတွေရဲ့ တိုက်ပွဲကို ထောက်ခံအားပေးကြပါစို့ ။ 

အသေးစိတ်အချက်အလက်တွေကို သိခြင်ရင် ဆက်သွယ်ပါ။ 

1 comment :

Anonymous said...

လီးပဲ။ အဲဒါမင်းစောက်လုပ်လား?