Tuesday 5 June 2012

တရုပ်-ဗမာ အဓိကရုဏ် ဖြစ်ရပ်ဆိုးသင်္ခန်းစာ

တရုပ်-ဗမာ အဓိကရုဏ် ဖြစ်ရပ်ဆိုးသင်္ခန်းစာ

(မိုးသီးဇွန် )

 
လျပ်စစ်မီး မရှိတဲ့ပြသနာ၊၊ လုပ်ခ လစာ မလုံလောက်တဲ့ပြသနာတွေကို တွေကို မေ့ အောင်လုပ်ကြတော့မှာလား။

လွတ်လပ်မှုကို တောင်းဆိုဖို့ ထက် ဘာအရေးကြီး ရဦးမှာလဲ။

၁၉ ၆၈ခုနှစ် တရုပ်-ဗမာ အဓိကရုဏ်း ကြီးရဲ့ ကြေကွဲရာဖြစ်ရပ်တွေ ကို မမေ့ ကြ ဖို့ ပါပဲ။ အပြစ်မရှိတဲ့ တရုပ်-မြန်မာတွေသေကြရတယ်။

တရုပ်ဗမာအရေးအခင်းရဲ့  အဓိကတရားက ဦးနေ၀င်း၊ တရုတ်နီ
သံရုံးကိုစတင်တိုက်ခိုက်ပေးခဲ့တာက
ဘိုးတော်တင်ဦး ( ဦးနေ၀င်းတာဝန်ပေးချက်အရ) ။ ဒါပေမဲ့သူတို့  လွတ်သွားတယ်။ အပြစ်မဲ့ ပြည်သူတွေသေရတယ်

၁၉ ၆၈ ခုနစ် တရုပ်-ဗမာ အဓိကရုဏ်းကြီးကတော့အဓိက ဆန်ပြတ်သွား
တဲ့ပြသနာပေါ့။ ၆၂ အာဏာသိမ်းပြီးကာစ က စနစ်ပြောင်းတယ်ပေါ့။
ဖိနပ်တဲ့ဘူဇ၀ါလူတန်းစားက အာဏာကို ဆိုရှယ်လစ်အစိုးရက လွဲပြောင်းယူလိုက်တယ်။ ပြောင်းတယ်ပေါ့။ အရွေ့ ပေါ့ လို့ သုံးသပ်သူတွေက
ခုလိုပါပဲများတယ်။

ဆိုရှယ်လစ်စနစ်ကိုဦးတည်ချီတက်မယ်ပေါ့။ ဒါပေမဲ့ နိင်ငံမှာဆန်ပြတ်တယ်။
ထွက်ကုန်တွေကိုပြည်သူပိုင်သိမ်းတော့အကုန်ရှားကုန်သပေါ့။
ဈေးထဲမှာ အဒေါ်ကြီးတွေက ငစိန်တပြည် ၃ ကျပ် ထမိန် ခါးမကပ်လို့  ကြွေးကြော်ကုန်တယ်။ ( ထမိန်ကိုပေါင်ပြီး ဆန်ဝယ်ရတဲ့ဘ၀ကိုပြောတာပါ။ )
သဘော်ဆိပ်၊ ရထား ဘူတာတွေမှာ စစ်တပ်ချပြီး ခရီးသည်တိုင်းရဲ့ အိပ်တွေကို စစ်ကြတယ်။ ခုခေတ် လေဆိတ်မှာ ရဲတွေက ဗုံးရှာသလိုပေါ့ ။
ကျနော်အဖေ၊ ဘကြီး၊ ဦးလေး တို့ ဟာ ရန်ကုန်တဖက်ကမ်းက သုံးခွကအမျိုးတွေဆီကိုနေတိုင်းသွားရတယ်။ အပြန်မှာ ဆန်လေးတွေကို ခါးပုံ စ နဲ့ ထည့် ပြီး ပြန်လာကြတာမှတ်မိတယ်။ လွယ်အပ်တလုံးစာထည့်ရင်တောင် စစ်တပ်က သိမ်းတာလေ။
ဆန်စားစရာမရှိအောင် ပြတ်သွားတာကိုး။ ကျနော်က ကျောင်းမနေသေးဘူး။
လူက သန် ထ နေတော့ ဗိုက်ပူ နံကား နဲ့  ထမင်းကို သိပ်စား သပေါ့။
ရှားပါးရတဲ့အထဲမှာ ကျနော်က ဇလုံကြီးနဲ့  နစ်လုံးသုံးလုံးစားတယ်။

အော်. အဖေ တို့  ဘကြီးတို့ ဦးလေးတို့  ကျေးဇူးကြီးပါပေတယ်။

တရုပ်ဗမာရိုက်ပွဲ ကြီး စဖြစ်တဲ့နေက ကျနော်က ရန်ကုန်မြို့ ၂၇ လမ်းက
ကျနော်အဒေါ်ကြီး အိမ်မှာရောက်နေတယ်။ အဖေ ကစစ်တပ်ကထွက်တော့
သိမ်ကြီးဈေး ( ဒီ )ရုံမှာ ဆိုင်ခန်းလေးဖွင့်ပြီး ဈေးရောင်းစားကြတယ်။

ညနေစောင်းလောက်မှာ လူအုပ်ကြီး နှစ်အုပ် ကိုတွေ့ တယ်။ ဆဲကြဆိုကြ။
နောက်တော့ တဖက်နဲ့ တဖက်အသေထိုးနက်တိုက်ခိုက်ကြတော့တယ်။
ကျနော်နဲ့  အတူ ကျနော်ညီဝမ်းကွဲ ဇော်မင်း ( နောက်ပိုင်း အင်းစိန်ထောင်
လူမိုက် ၀က်ကလေး ဆိုသူဖြစ်လာသူပေါ့၊ သူကထောင်ထဲမှာလူပြန်သတ်တယ်ဆိုပဲ။) ။

ကျနော်က ၅ နှစ်ခန့်  ဇော်မင်းက ၃ နစ်ခန့်  ။ ကျနော်တို့ ညီအကိုနစ်ယောက် ၀ရန်တာကနေ ကြည့်ရတော့တာပဲ။
ကျနော်တို့ အကိုကြီးဆုံးတွေဖြစ်တဲ့ ကိုဖြူ၊ ကိုစိန်လှိုင်၊ ကိုအေင်သန်း ၊ကိုဝင်းဦး ၊ ကိုတင်ထွတ်၊ ကိုတင်လှို်င်၊ ကိုရွေသန်း စတဲ့ အကိုတွေကလဲ အလွန်ဆုံးမှာ ၁၃ နှစ် ၁၄ နှစ်တွေပေါ့။ သူတို့ က မင်းတို့ ကငယ်တယ်။ အိမ်မှာနေခဲ့ဆိုတော့နေခဲ့ရသဗျ။ သူတို့ ကရရာလက်နက်ကိုယ်စီဆွဲပြီး ဗမာတွေဖက်က ကူမယ်ပေါ့ ဗျာ။

အကိုတွေက ထွက်သွား၊လူကြီးတွေအားလုံးက ဆိုင်ကနေမပြန်လာကြသေးတော့
ကျနော်တို့ အဖို့  လွတ်လပ်ရေး အပြည့်အ၀ရပြီး သမိုင်းဝင်အဓိကရုဏ်းကြီးကိုအနီးကပ်
လေ့လာခွင့်ရနေတယ်။ ၀ါတာလူးစစ်ပွဲ ကို ကြည့်ရသလို ပေါ့ဗျာ။

တရုပ်တွေကို ဒါးတွေနဲ့ခုတ်ပြတ်တိုက်ခိုက်လိုက်တယ်။ တရုပ်ကျောင်းသားတချို့  က မော်စီတုန်းရင်ထိုးကို ရင်ပတ်မှာထိုးပြီး တိုက်ပေါ်ကနေ ခုန်ချ သတ်သေပြတယ်။ လမ်းမကြီးထဲမှာ တရုပ်နဲ့ ဗမာရိုက်ကြတော့ ပထမပိုင်းမှာသူ မပါကိုယ်မသာဖြစ်နေတယ်။
ရှေ့ တိုးလိုက် နောက်ဆုတ်လိုက်နဲ့ အစွမ်းကုန်တိုက်ခိုက်နေကြတယ်

မြို့ လည်ကောင် ၂၇ လမ်းအနီးက စတင်ရိုက်လိုက်တဲ့ရိုက်ပွဲက တပြည်လုံးကို
ပြန့် သွားတယ်။ အပြစ်မဲတွေသေကြေခဲ့ရတယ်။ ထူးခြားတာကတော့
မြန်မာ တွေနဲ့ အတူ အိနယန်းနွယ်ဘွားတွေ က ကူရိုက်ကြတယ်။

ကျနော်အကိုဝမ်းကွဲတွေက တနေ ကုန် လူကြီးတွေ ရိုက်ပွဲကို နောက်ကနေ
လိုက်နေကြတယ်။ သူတို့ ကိုယ်တိုင်တော့ဝင်ရိုက်ကြဟန်မတူဘူး။
သူတို့ ကိုယ်တိုင် ကငယ်ကြသေးတာကိုး။

ဒါပေမဲ့သူတို့ ပြန်လာရင် ပုဆိုး လှန်ပြီးသည်လာတဲ့ ကစားစရာတွေပါလာတယ်။ တရုပ်အိမ်တွေက လုလာတဲ့ပစည်းတွေကိုလူကြီးတွေပြစ်သွားတာတွေကိုသူတို့ လိုက်ကောက်ကြတာပါ။ သူတို့လုံချည် ထဲမှာထည့်လာတဲ့ ပစည်းတွေကို သွန်ချလိုက်တယ်။ ကျနော်တို့လုကြတယ်။

ပစည်းတွေက ကစားစရာတွေ၊ ဓါတ်ဘူး၊ မီးခြစ်၊ ဓါတ်မီး၊ ရေဒီယို ဆံညှပ်တွေပါ။

ကျနော်အတွက်တော့သံပတ်ကားတစီး၊ ရထားတစီး သံလိုက်တုံးတတုံး နဲ့ အရုပ်တွေရတယ်။ ကျနော်တို့ ပျော်ကြတယ်။ ပျော်မဆုံးခင်
ကျနော်တို့  ဘကြီးတွေဖြစ်တဲ့ ဘကြီးဦးစံသိန်း၊ ဘကြီးဦးသုခဘကြီးစိန်ဟန်တို့ ရောက်လာတော့ တိုင်းပြည်ပျက်နေရတဲ့ထဲ အပြင်ထွက်ရ
ကောင်းလားဆိုပြီး ကျနော်တို့ ကိုဆော်တော့တာပဲ။

ဒါပေမဲ့နောက်တနေ့ မနက်မှာတော့ ဘကြီးဦးစံသိန်းလက်ထဲမှာ ကိုဖြူတို့ လမ်းကကောက်လာတဲ့ ပစည်းတွေထဲက တရုပ်မီးချစ်တလုံးနဲ့ ဆေးလိပ်မီးညှိနေလေရဲ့ ။
ဘကြီး ခ က တရုပ်ဓါတ်မီးအပျက်ကို ပြန်လည်ပြုပြင်ရင်း အလုပ်ရှုပ်နေတယ်။ ဘကြီးစိန်ဟန်ကတော့တရုပ် ရေဒီယို အသေးလေး ကိုကလိနေတယ်။ ဒါကလဲ ကိုဖြု ဦးဆောင်တဲ့ ညီအကိုတော်များစစ်ကြောင်းက သိမ်းဆည်းပစည်းတွေထဲက တခုအပါအ၀င်ပါ။
လိုင်းကောင်းကောင်းမမိသေးတော့ ရေဒီယိုက
အသံသေးအသံညောင်မျိုးစုံထွက်နေတယ်။ ကျနော်တို့ ဝိုင်းအုံကြည့်နေတယ်။

ကိုစိန်လှိုင်က ရေဒီယိုကအသစ် အတိုင်းပဲနော်ဆိုတယ်။
ဘကြီးစိန်ဟန် ဟိုကလိဒီကလိလုပ်နေတုံး ဗျုံးဆို လိုင်းမိသွားတယ်။
ပီကင်းအသံလိုင်း ၀င်လာတယ်။
နေ၀င်း၊စမ်းယု စစ်အစိုးရ ကျဆုံးပါစေ။
နေ၀င်း၊စမ်းယု ဘူဇ၀ါအစိုးရရဲ လူသတ်ဝါဒကို တရုပ်ပြည်သူသမတနိင်ငံက
ပြင်းထန်စွာရုတ်ချတယ်ဆိုတဲ့ ဗမာလို မပီကလာပီကလာဆဲဆိုထားတဲ့
အသံက ကြွက်ကြွက်ညံထွက်လာတယ်။

ဆဲတာမှ ယောက်ကျားတလှည့်မိန်းမတလှန့် ဆဲကြတာ။
ဘကြီးလဲ အသံကို ပြန်တိုးဖို့ ခလုပ်ကို ဘယ်ရှာရမှန်းသိဘူးဖြစ်နေတယ်။
ဘေးအိမ်ကကြားရင် အစိုးရက လာဖမ်းမှာကိုလဲသူတို့  လှန့် နေကြတယ်။
နောက်မှာ အသံထိမ်းခလုပ်ကို စမ်းမိပြီး ရုတ်တရက်တိုးချလိုက်တယ်။
ဘေးအိမ်တွေက စူးစမ်းကြတယ်။
ပီးကင်းအသံကို ကျနော်တို့  တူအရီးတအုပ် နံနက်တိုင်းနားထောင်ကြတယ်။
တရုပ်အစိုးရကတော်တော်စိတ်ဆိုးတယ်။ စတင်လှုံ့ ဆော်တဲ့ဘိုတော်တင်ဦးကို အပြစ်ပေးဖို့ တောင်းဆိုထားတယ်။

အရေးအခင်းတွင်းမှာ တရုပ်အိမ်တွေအဖျက်ဆီးခံတယ်။ ပထမ ၂ရက် ၃ ရက်မှာ ဦးနေ၀င်းအစိုးရ
အသာလွှတ်ထားပါတယ်။ နောက်တော့ စစ်တပ်ဝင်လာပြီး နှစ်ဖက်စလုံးကို ပြစ်တော့တယ်။ ဒီတော့လူမျိုးရေးအဓိကရုဏ်းက ရပ်သွားတယ်။

ကျနော်တို့ နေထိုင်ရာ သင်္ကန်းကျွန်းကို ၂ ရက် ၃ ရက်မှာ ကျနော်မိဘတွေနဲ့ အတူ ပြန်လာနိင်တယ်။ သုံးဘိးလေးငှားပြီးလာကြတာ။
ရိုက်ပွဲကအရှိန်မသေသေးဘူး။ မအူကုန်းတို့ တမွေကြက်တန်းတို့ နားက မြန်မာ လူမျိုးတွေက ကားကိုတားပြီး တရုပ်ပါသလားလို့ စစ်ကြသေးတယ်။
ဒီလိုစစ်ဆေးနေတာကြားလို့ ကျနော်အဘ ကိုယ်တိုင် ကျနော်တို့ ကိုလာကြိုတယ်။ သူ က ရောင်ထုံးကြီးနဲ့  သူကရောင်ထုံးကို အမြဲတမ်း ပတ်ပေါင်းပေါင်းလေ့ရှိတယ်။ တိုက်ပုံကြီးနဲ့ ကားရှေ့ ခန်းမှာထိုင်နေတယ်။ ဗမာစစ်သပေါ့လေ။
အဘပေါင်ပေါ်မှာကျနော်ကထိုင်၊ အဖေနဲ့ အမေက ကားနောက်ခန်းကလိုက်ပါလာကြတယ်။

လမ်းတလျောက်မြင်ကွင်းကတော့ မြင်မကောင်းအောင်ဖြစ်နေတယ်။
ကားတွေ ကိုမီးရှို့ ထားတာ တလမ်းလုံးပဲ။ လမ်းမပေါ်တွေမှာ တရုပ်အိမ်က ဘီဒိုတွေ၊ ကုလားထိုင်တွေအ၀တ်စားတွေမီးရှို့  ထားတဲ့အတွက်မီးငွေ့ က တငွေ့ ငွေလူနေတုံးဖြစ်တယ်။

'' ယနေ့ ကြွလာမိတ်သဟာချမ်းသာကိုယ်စိတ်မြဲပါစေ ''

အဓိပါယ်ရှိတဲ့ တရုပ်စာလုံးကြီးတွေလဲ မဖိတ်ခေါ်ပဲရောက်လာတဲ့မိတ်ဆွေတွေလက်ချက်
နဲ့  မီးငွေ့ လူနေတယ်။ လမ်းမတလျောက်မှာပွစကြဲနေတယ်။

သင်္ကန်းကျွန်းပြန်ရောက်တော့ မနက်ဆိုအဘနဲ့ လမ်းထိပ် က တရုပ်လက်ဘက်ရည်ဆိုင်ထိုင်ကြတယ်။ ထူးဆန်းတဲ့မြင်ကွင်းကိုမြင်ရတယ်။
တရုပ်ဆိုင်ရှေ့ မှာ ဗိုလ်ချပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ် နေ၀င်ပုံကို စားပွဲပေါ်တင်ပြီး အမွေးထိုင်ထွန်းထားပေးတယ်။ မှတ်ရောပဲ။
လက်ဘက်ရှည်သောက်တဲ့သူတွေကိုတရုပ်ကဘာစားစာအလကားပေးနေတယ်။

မိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး ဆိုတဲ့ စကားလေးက ချစ်စရာကောင်းပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်ဘေးက တရုပ်မကြီးမနှင်းဆီ (ခ)အီယား အိမ် ကို မြန်မာတွေက၀င်ရောက်တိုက်ခိုက်ကြတယ်။ မိသားစုကတော့ ရင်းနှီးတဲ့ မြန်မာတွေကဖွက်ပေးလို့  အသက်ချမ်းသာရရတယ်။ ဒါပေမဲ့
မနှင်းဆီ သူသမီးအငယ်ဆုံးခွာ အင်း မျက်နာမြင်ပြီးကာစ အချိန်၊ သွေးနုသားနု ဖြစ်တော့ သွေးလှန့် ပြီး ရူးသွားရှတယ်။
ကျနော် မြန်မာ ပြည်က ထွက်ခါလာတဲ့အထိပါပဲ။ တရုပ်သီချင်းကို သူဆိုနေလေ့ရှိတယ်။ သူသားတွေဖြစ်တဲ့ အော်ကီ၊ စထောင်း၊ အဟိုး တို့ 
နဲ့ ကျနော်က ကစားဖက်တွေဖြစ်တော့ မနှင်းဆီက ကျနော်ကိုချစ်ရှာပါတယ်။
တရုပ်နှစ်ကူးမှာ ခေါက်ဆွဲကျော်၊ အီကွေ့ တွေအ၀ကျွေးတာမှတ်မိတယ်။
ငယ်တုံးက အဖေနဲ့ စကားများတိုင်း သူတို့ အိမ်ပေါ်တက် အိပ်နေလိုက်တယ်။ ဆွေမျိုးလိုဖြစ်နေကြတာပေါ့။ မနှင်းဆီက သူစိတ်ကောင်းနေချိန်မှာ ကျနော်ကို တရုပ်စကားပြောသင်ခဲ့ဘူးသေးတယ်။
များသောအားဖြင့်ရင်တော့ သူဟာသွက်သွက်ခါရူးနေတယ်။

ကြီးလာတော့ တရုပ်-ဗမာအဓိကရုဏ်းကို လေ့လာဖြစ်တယ်။
အဓိကပြသနာက ဆန်ပြတ်တာ။ ဆီကိုရေချိုး၊ ဆေးကိုမီးလှုံ ၊ စပါးတောင်လိုပုံတဲ့ မြန်မာ ရိုးရာဆိုရိုးစကားက ဆန်၊ဆီ၊ဆားရှားတဲ့အထိကို
မြန်မာ့ ဆိုရှယ်လစ်စနစ် က ကောင်းကျိုးပေးခဲ့တာကိုး။ လူတွေက ဆသုံးလုံး
ပျောက် တယ်လို့ ပြောကုန်ကြတဲ့အထိဖြစ်ခဲ့တာကိုး။

ဆန်းရှားရတဲ့အထဲမှာ ဦးနေ၀င်းက ဆန်ကို နိင်ငံခြားပို့ တယ်လေ။
ဆန်တွေကို လာတင်တဲ့ သဘောင်္ပေါ်ကို လူတွေတက်လုကြတာ။
စစ်တွေမှာ ဆန်လုပွဲတွေဖြစ်တာက နေ စတာပဲ။
ဒီပြသနာက တပြည်လုံးမှာပြန်လာတယ်။ ဆန်ပြသနာက အစိုးရဆန်ကျင်ရေးအထိ ဖြစ်လာမယ်။ ဒီတော့ ဦးနေ၀င်းက ဆေးမီးတို နဲ့ ကုတယ်။ ဒါကတော့ လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးတော့တာပဲ။

လူမျိုးရေးတို့ ဘာသာရေးတို့ ဆိုတာကလဲ လှုံ့ ဆော်ပေးရတာသိပ်ကိုလွယ်တာကိုး။ လူတွေမှာက ကိုယ်လူမျိုး၊ကိုယ်အုပ်စုကို ပဲ မျက်ကန်း ချစ်ခင်စွဲလမ်းတဲ့စိတ်ရှိကြသကိုး။
ဘိုင်အိုလောဂျစ် ပါမောကခ ရစ်ချပ်ဒန်ကင် က လူတွေရဲ့  မျိုးဗီဇမှာ
ကိုယ်လူမျိုးအတွက် စွဲလမ်းတဲ့ မျိုး၇ိုးဗီဇ ပါလာတယ်။ ကိုယ်မျိုးဗီဇ အကျိးတွက် အသက်ပါ စွန့် လွတ် တိုက်ခိုက်တတ်တဲ့ ဗီဇ မျိုးစေ့တွေရှိတယ်လို့  ဆိုပါတယ်။
ဒီတော တချို့  နိင်ငံအာဏာရ ယူထားတဲ့ သူတွေအတွက် ဒီအချက်ဟာ
နိင်ငံရေးအကြပ်တည်းဆိုက် တိုင်း အသုံးချစရာဖြစ်လာတယ်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတိုင်းမှာ စတင်လှုံ့ ဆော်လေ့ရှိတာကတော့ လိင်နဲ့ ဆက်စပ်နေတယ်။

တရုပ်ဗမာအဓိကရုဏ်းတုံးက ဗမာ ဆရာမကို တရုပ်ကျောင်းသားတွေက
အဓမ ကျင့်လိုက်တယ်ဆိုတာနဲ့ စတင်ခဲ့တာပါ။
ဗမာမ လေးကို တရုပ်က မုဒိန်းကျင့်တယ်။ ဒီလိုသတင်းမျိုးသာဖြန့်လိုက်ရင် ကြားလိုက်သူက ဘယ်သူလဲ။ ဘယ်တုံးကလဲ။ ဘယ်နေရမှာလဲဆိုတာကို မစဉ်းစားနိင်တော့ဘူး။ ခွေးမသားတွေမိုက်ရိုင်းလှခြည်လားလို့ မစဉ်းစားမိကြပဲ စိတ်နောက်ကိုယ်ပါဖြစ်တတ်ကြတာကိုး။

ဒီထက်ပို ပြီးဇတ်နာစေတာမျိုးတွေလည်းလုပ်လေ့ရှိပါတယ်။
ဒါတော့

ဗမာမလေး ကိုမုဒိန်းကျင့်တယ်။
ဗမာဆရာမလေးကို မုဒိန်းကျင့်တယ်။
ဘုန်းကြီး တူမလေးကို မုဒိန်းကျင့်တယ် ဆိုတဲ့သတင်းမျိုးအထိဖြန့် လေ့ရှိကြတယ်။
ပထမ သတင်းကိုကြားရင် ဗမာတွေဒေါသထွက်တယ်။
ဒုတိယသတင်းမျိုးဆိုရင် ဗမာတွေရော၊ ကျောင်းသားတွေ ဒေါသထွက်လာမယ်။

တတိယသတင်းမျိုးဆိုရင်တော့ ဗမာ+ ကျောင်းသား+ သံဃာတွေပါ ပိုပြီးဒေါသဖြစ်လာအောင်လုပ်တော့တာဖြစ်ပါတယ်။

မုဒိန်းမှုကိုလူအဖွဲ့ စည်းကလက်မခံပါဘူး။ ဥပဒေအရအရေးယူအပြစ်ပေးရမှာဖြစ်ပါတယ်။ သတင်းတွေမှာ မုဒိန်းမှုသတင်းတွေကို ကျနော်တို့ မကြာခနကြားရတယ်။
ဒီလိုသတင်းမျိုးမှာ လူတွေရဲ့ ဒေါသက တရားခံကို သတ်သတ်မှတ် ရည်ရွယ်ထားနိင်တယ်။ ဒါပေမဲ့ ဗမာမလေးကို ကုလား၊ တရုပ် ၊ နိင်ငံခြားသားတဦးဦးက ကျူးလွန်လာတယ်ဆိုရင်တော့ သည်းမခံနိင်တော့ဘူး။

အမျိုးသားရေး စောကားခံရ မှုတခုဖြစ်လာ တယ်လို့  ကျနော်တို့ ယူဆထားလို့ ဖြစ်ပါတယ်။ ဒါကို တရားသဖြင့်တုန့် ပြန်နိင်ပါတယ်။

တရုပ်ဗမာအဓိကရုဏ်းကို လျိုလ်ဝှက်လှုံ့ ဆော်ပေးခဲ့သူကတော့
ဘိုတော်တင်ဦး လို့ သိရတယ်။ သူက တရုပ်သံရုံးကို စတင်ခဲနဲ့ ပေါက်ပြီးတိုက်ခိုက်ဖို့ လှုံ့ ဆော်ခဲ့တယ်။ တရုပ်အိမ်တွေကိုတိုက်ခိုက်ပေးခဲ့တယ်။

တရုပ်ဗမာအရေးခင်းကြောင့် ဆန်ပြတ်နေတဲ့ပြသနာကိုမြန်မာတွေမေ့ သွားကြတယ်။
ဦးနေ၀င်းလက်ထက်တလျောက်လုံး မြန်မာ တွေဟာ ဆန် ပြတ်ရင်းပြတ်နေတယ်။ တရုပ်တွေကိုရိုက်လို့  အဖြေမှမထွက်တာပဲ။ တရုပ်တွေကို ရိုက်ပြီးတာတောင်မှ ကျနော်တို့ ထမင်းမ၀။ ဆန်၀၀မစားရတာ ကနေအထိပဲ။ အခုဆိုမီးတောင်မလာတော့ဘူး။

အဓိကတရားခံကို မှ ကျနော်တို့ မရိုက်နိင်ပဲကိုး။

++

၁၉ ၈၈ ခုနစ်မတ်လ၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွေက
တပြည်လုံးကို လှန့် နိးပေးလိုက်တယ်။ လှုပ်ရှားမှုတွေက ၈၈ ဆီကို ရည်မှန်းချက်နဲ့ ဦးတည်လာတယ်။ ဒီတော့ မဆလ အစိုးရ မူစလင်-မြန်မာအဓိကရုဏ်းနဲ့အာရုံလွဲ ဖို့ ကြိုးပန်းခဲ့တယ်။
တောင်ငူမှာ ဖြစ်ခဲ့တာကလွဲလို့  ကျနော်တို့  တမျိုးသားလုံးလွတ်မြောက်ရေး
လမ်းကြောင်းကို အာရုံစိုက်ဦးတည်နိင်ခဲ့တဲ့အတွက် ဘာသာရေးအဓိကရုဏ်းကို တားဆီးကျော်လွှားနိင်ခဲ့ကြတယ်။

တမျိုးသားလုံးအသိတရားရှိကြပါ ၊ နိင်ငံရေးခံယူချက်မြင့်မားကြပါ
လို့  တိုက်တွန်းရင်းလိုက်ပါတယ်။

5 comments :

Anonymous said...

All THE FIRE WERE IGNITED BY JUNTA,NE WIN.

NE WIN,THE TEACHER OF GANGSTERS!

THE FIRE,IGNITED IN 1962 IS STILL BURNING THE COUNTRY.

NE WIN and the NEW GENERATION OF GANGSTERS.

YOU ALL ARE THE WORST EVIL GANGSTERS IN BURMESE HISTORY.

Anonymous said...

DEAR CITIZENS,

We wish to highlight the RIGHT HISTORIC ANSWER of CURRENT SITUATION to understand.

The following are so called “INFRASTRUCTURE WORK” for the OPERATION OF SOCIATY.
1)Above the ground Electrical Distribution System
2)Underground Sanitary System
3)Underground Drainage System
4)Above the ground and underground Drinking Water Supply System
5)Construction of road and lane in town
6)City/Town Fire Fighting System (eg. Provide Pillar Hydrant and under ground water pipe line in each and every of main road)
7)Rubbish/Debris Cleaning System & Facility. (eg. Municipal Office/Group/Council : (a)Arrange and carry out cleaning Rubbish at Main Road, Market ,Drain & Plublic Hall …etc (b) Provide Rubbish Truck/Garbage Truck…..etc)
(c) Provide Rubbish Bin in town
8)Public Hygiene Office/Council (eg. Mosquito Breeding Prevention)

A Good Government has to carry out the above-mentioned “INFRASTRUCTURE Work” REGULARLY & GRADUALLY in EACH and EVERY of CITY/TOWN THROUGH OUT the COUNTRY.

But Military Government failed to carry out the works for 50 years since 1962 at the time of JUNTA,NE WIN.

NOW the CITIZENS ARE FACING THE 50 YEARS HUGE DEBT GIVEN BY JUNTA, NE WIN and HIS NEW GENERATION OF MILITARY GANGSTERS.

In other words, we can say that……
The living standard of the country is going down deeper and deeper with great acceleration and momentum due to the IMPACT OF 50 YEARS MISTAKES OF WRONG POLITICAL SYSTEM and WRONG ECONOMIC SYSTEM SET UP BY JUNTA,NE WIN and FOLLOWED UP BY HIS NEW GENERATION OF MILITARY GANGSTERS

TO RECOVER BACK THIS 50 HUGE DEBT,
-FIRST, the RULING SYSTEM of GOVERNMENT must be TOTALLY TO BE CHANGED(UNDER ONE ROOF of DEMOCRACY)
-SECOND, the NEW GOVERNMENT HAS to REBUILT THE COUNTRY for at least 10 to 15 years .

DEFINITELY the 50 YEAR HUGE DEBT CAN NOT BE RECOVERED BACK WITHIN A FEW YEARS even the right government do the right things with the great effort day and night.

Distribution:(ASEAN OFFICERS,FOYEARS WE ARE SEEKING YOUR KIND EFFORT TO HELP MYANMAR HUMAN BEINGS TO ESCAPE FROM JUNTA GOVERNMENT)

We want to hear your one kind of effort soon. Thank You with Best Regards

Anonymous said...

NE WIN
KHIN NYUNT
SEIN LWIN
THAN SHWE
MAUNG AYE
THEIN SEIN
MIN AUNG HLAING

ALL THESE GANGSTERS HAVE DISTROYED THE COUNTRY ALMOST 50 YEARS ALREADY.

NOW THE COUNTRY IS ALMOST BADLY DAMAGED IN EACH AND EVERY OF THE AREA AND ASPECT.

YOU HAVE TO REALIZE TO STOP THE SYSTEM OF MILITARY GOVERNMENT!

Anonymous said...

NE WIN
SEIN LWIN
KYIN NYUNT
THAN SHWE
MAUNG AYE
THEIN SEIN
MIN AUNG HLAING

YOU ALL GANGSTERS ALMOST DESTROYED THE COUNTRY IN EACH AND EVERY AREA/ASPECT FOR 50 YEARS


YOU ALL HAVE TO REALIZE TO STOP THE SYSTEM OF MILITARY GOVERNMENT.

Anonymous said...

ဒီဆောင်းပါးတော့ကြိုက်တယ်ဗျာကိုမိုးသီး။