ရိုဟင်ဂျာ များ အပေါ် ဒီအေဘီ သဘောထား များချမှတ်ခဲ့ စဉ်က ( မိုးသီးဇွန် )
နိဒါန်း
ရိုဟင်ဂျာ ပြသနာဟာ ကျနော်တို့  တပ်ပေါင်းစုတွင် တာဝန်ယူခဲ့ရစဉ် အနှစ်ပေါင်း ၁၄ နစ်နီးပါး
ခေါင်းကိုက်ခဲ့ရသောပြသနာဖြစ်ပါတယ်။ တဖက်မှာ ကိုယ်ပြည်တွင်းအင်အားစုများ ( Local) င့်ရင်ဆိုင်ရတယ်။ တဖက်မှာ နိင်ငံတကာနှင့်ရင်ဆိုင် ( International) ကြရပါတယ်။ ဦးနုလည်း
ဒီလိုရင်ဆိုင်ခဲ့ရပုံရပါတယ်။ နိင်ငံတကာမှာလဲ အလားတူပြသနာတွေရှိနေကြပါတယ်။
ငါဒို့ အမျိုးဘာသာသာနာဟု အော်တတ်ရုံနဲ့  ဒီကိစ္စ ကို ဖြေရှင်းဖို့ လုံလောက်တဲ့ အချက်အလက်
များမဟုတ်ပါ။ သွေးရူးသွေးတန်း အော်နေရုံနဲ့ မပြီးတဲ့ပြသနာဖြစ်ပါတယ်။
၁၉ ၈၉ ကနေ ၁၉ ၉ ၃ လောက်အထိ ကျနော် ဒီမိုကရေစီမဟာမိတ်အဖွဲ့ ချုပ် ( မဒမခ) အင်္ဂလိပ်လို ဒီအေဘီမှာ တွဲဖက်အတွင်းရေးမှုတာဝန်ယူခဲ့ရတယ်။ ကေအင်ယူအပါအ၀င် တိုင်းရင်းသားအဖွဲ့ ပေါင်းစုံ ပါတယ်။ ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့  ဆရာတော်ဦးခေမာစာရဦးဆောင်တဲ့ မြန်မာနိင်ငံလုံးဆိုင်ရာ ရဟန်ပျိုသမဂ္ဂ နဲ့  အေဘီအက်စ်ဒီအက်ဖ် တို့ လဲပါတယ်။ ဥက္တဌ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ဒုဥက္ကဌ တွေက
နိင်ရွှေကျင် ( မွန်ပြည်သစ်) နဲ့  ဦးဘရန်ဆိုင်း တို့ ဖြစ်ကြတယ်။ အထွေထွေအတွင်းရေးမှုးက
ဦးတင်မောင်ဝင်းဖြစ်ပါတယ်။
ဒီအချိန်မှာ ရိုဟင်ဂျာအဖွဲ့ က လာပြီး ဒီအေဘီမှာအဖွဲ့ ဝင်အဖြစ်လျောက်လွာတင်ခဲ့ပါတယ်။
ဘုံရန်သူ စစ်အစိုးရကို စစ်ရေး၊ သံတမန်ရေးနဲ့ လူထုတိုက်ပွဲတွေနဲ့ဝင်နေချိန်မှာ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့လူမျိုးပေါင်းစုံကိုလက်တွဲ တိုက်ခိုက်မယ်ဆိုတဲ့ပေါ်လစီ
ကြောင့်သူတို့  ကိုအဖွဲ့ ဝင်အဖြစ်အသိမှတ်ပြုဖို့  လျောက်လွှာတင်လာခြင်းဖြစ်ပါတယ်။
ဒီတော့ သူတို့ ကို ကျနော်တို့ မနပုလောဌာနချုပ်မှာလက်ခံပြီး စကားပြောရပါတယ်။
ဒါပေမဲ့ သူတို့ က သူတို ကိုယ်သူတို့  မြန်မာနိင်ငံထဲက တိုင်းရင်းသား တမျိုးဖြစ်တယ်ဆိုတဲ့
အချက်က ကျနော်တို့ ထဲမှာ အငြင်းပွားစရာဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီအေဘီအလုပ်အမှုဆောင် တွေက တညီတညွတ်တည်းနဲ့ သူတို့ ကို လက်မခံနိင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ သူတို့ ဒီအေဘီမှာ မပါဝင်နိင်တော့ပဲဖြစ်သွားပါတယ်။ ဒီအေဘီအလုပ်အမှုဆောင်တွေက ရိုဟင်ဂျာခေါင်းဆောင်
တွေကိုရှင်းပြခဲ့ပါတယ်။
တိုင်းရင်းသားတမျိုးအဖြစ်လက်ခံလိုမရတဲ့အကြောင်းနဲ့ မြန်မာနိင်ငံတွင်မွေးဖွားပါက
တခြားဘာသာဝင်များ ကဲ့သို့  မြန်မာနိင်ငံသားဖြစ်ပိုင်ခွင့် ရှိပါကြောင်း စစ်အုပ်စုရဲ့  ရိုဟင်ဂျာ များအပေါ် လူအခွင့်အရေးချိုးဖေါက်မှု များကို ကျနော်တို့ လက်မခံပါကြောင်း အကြောင်းပြန်
ခဲ့ပါတယ်။ နေစရာမြေမရှိ ဖြစ်နေတဲ့ သူတို့ လူမျိုးများ ဘ၀ကိုစာနာကြောင်း ဖေါ်ပြခဲ့ပါတယ်။
ခိုင်ပြည်နယ်တွင် ဌာနေတိုင်းရင်းသား မှာရခိုင်လူမျိုးဟုသာအသိမှတ်ပြုခဲ့ပါတယ်။
ဒီအေဘီအလုပ်မှုဆောင်များကတော့
၁- ဗိုလ်ချုပ်မြ ( ကရင်အမျိုးသားအစည်းအရုံး)
၂- နိင်ရွှေကျင် (မွန်ပြည်သစ်ပါတီ)
၃- ဦးဘရန်ဆိုင်း (ကချင်အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး )
၎- ဦး သွင် ( ပြည်သူပြည်ချစ်ပါတီ)
၅- ဦးတင်မောင်ဝင် ( စီအာဒီပီ)
၆- မိုးသီးဇွန် ( အေဘီအက်စ်ဒီအက်ဖ်)
၇- နိင်ဖေသိန်းဇာ
၈- ဒေါက်တာမာတာ ( ကရင်)
၉ - ဒေါက်တာတူးဂျာ ( ကချင်)
၁၀- ခိုင်ထွန်းစိန် ( အေအဲလ်ပီ)
၁၁- ဦးရဲကျော်သူ ( စီအာဒီပီ)
၁၂ -ဦး အေးဆောင် (
၁၃ - ဖဒိုမန်းရှာ (ကရင်)
တို့ ဖြစ်ကြပါတယ်။
(အမှုဆောင်နာမည်များကို ပြန်လည်စီစစ်ရန်လိုပါတယ်။ )
ထိုစဉ်က ဒီအေဘီအလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးချက်များကို မှတ်မိသလောက်ပြန်ပြောရမယ်ဆိုရင် တော့
၁- လူမျိုးတမျိုးကိုတိုင်းရင်းသားအဖြစ် လက်ခံမယ်လက်မခံဘူးဆိုတာ နိင်ငံရေး ပါတီများ ခေါင်းဆောင်များ ၊ အဖွဲ့ များ၊ အုပ်စုခေါင်းဆောင်များ၊ ပညာရှင်တဦးတယောက်၊ ဆုံးဖြတ်ချက် ချလို့ မသင့်တော်ပါ။ချပိုင်ခွင့်လည်းမရှိပါ။
၂- ကျွမ်းကျင်သော ပညာရှင်များ သမိုင်း၊ယျဉ်ကျေးမှု၊ မနသဗေဒ နှင့် ( DNA ) ကဲ့သို့  သော်မျိုးရိုးဗီဇ ဆိုင်ရာ စစ်ဆေးမှုများ ကျွမ်းကျင်သူ ပညာရှင် များ လိုအပ်ပါတယ်။
၃- ရိုဟင်ဂျာလူမျိုးများကို လူမျိုးအဖြစ်အသိမှတ်ပြုခံရခြင်း မခံရခြင်းကို နိင်ငံတော်ရဲ့ အမြင့်ဆုံး ပါလီမန် များတွင်သာ ဆုံးဖြတ်နိင်ခွင့်ရှိပါတယ်။
၎- ရိုဟင်ဂျာများက သူတို ဖါသာသူတို့  တိုင်းရင်းသားအဖြစ် သတ်မှတ်နေခြင်း ကိုတော့ ကျနော်တို့  မပြောနဲ့ လို့  ပြောကြားပိုင်ခွင့်မရှိပါ။
မှတ်ချက် - ကျနော် ရဲ့  မူမှာလဲ ဒီအေဘီရဲ့ မူအတိုင်းသာဖြစ်ပါကြောင်း ဖေါ်ပြလိုက်ပါတယ်။
မိုးသီးဇွန်
No comments :
Post a Comment